နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြိုနယ်၊ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ ဗောဓိကုန်းကျေးရွာမီးပွိင့်အနီး၌ အဆိုပါ ဗောတိကုန်းကျေးရွာနေ မငုဝါဆိုသူ ရောင်းချနေသည့် ကွမ်းယာဆိုင်အနီး ယနေ့ (ဇွန် ၁၄ ရက်)နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဖြစ်စဥ်အနီးရပ်ထားသည့် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ အမှတ် (၇)တပ်ဖွဲစုမှ ရဲတပ်ကြပ်ကြီးကျော်မင်းဦး၏ Light Truck ကားရှေ့လေကာမှန်ပျက်စီးခဲ့ကာ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဟုဆိုသည်။

အလားတူ ဖြစ်စဥ်နေရာအနီးရှိ ရန်ကုန်- မန္တလေးလမ်းဟောင်း၏ အနောက်ဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ပြန်ရာ အဆိုပါ ဖြစ်စဥ်တွင်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
#mhtnews

<<< ZAWGYI >>>

“လယ်ဝေးမြို့နယ်၌ ကွမ်းယာဆိုင်တစ်ဆိုင်အနီး လက်လုပ်မိုင်း (၂) ကြိမ်ပေါက်ကွဲ၊ ယာဉ်ထိန်းရဲတစ်ဦးရဲ့ကား ရှေ့မှန်အနည်းငယ်ပျက်စီးခဲ့”

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ ဗောဓိကုန်းကျေးရွာမီးပွိုင့်အနီး၌ အဆိုပါ ဗောတိကုန်းကျေးရွာနေ မငုဝါဆိုသူ ရောင်းချနေသည့် ကွမ်းယာဆိုင်အနီး ယနေ့ (ဇွန် ၁၄ ရက်)နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဖြစ်စဉ်အနီးရပ်ထားသည့် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၇)တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးကျော်မင်းဦး၏ Light Truck ကားရှေ့လေကာမှန်ပျက်စီးခဲ့ကာ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဟုဆိုသည်။

#mhtnews