တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အခြေခံမူနှင့်ကိုက်ညီသော ကျေးရွာများကို ခေတ်မီစံပြကျေးရွာများအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးကပြောသည်။

ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၌ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အခြေခံမူ (၁၅) ချက်နှင့်ကိုက်ညီသော ကျေးရွာများအား ခေတ်မီစံပြကျေးရွာများအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ ကျေးရွာလူထုမှလည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့်ပြည်သူ တက်ညီလက်ညီဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြောက်ဦးမြို့နယ်ရှိ မောင်ရွှီကန်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#mhtnews

(ZAWGYI)

“တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ အေျခခံမူႏွင့္ကိုက္ညီေသာ ေက်း႐ြာမ်ားကို ေခတ္မီစံျပေက်း႐ြာမ်ားအျဖစ္ ေဆာင္႐ြက္ေပးလ်က္ရွိဟုဆို”

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ အေျခခံမူႏွင့္ကိုက္ညီေသာ ေက်း႐ြာမ်ားကို ေခတ္မီစံျပေက်း႐ြာမ်ားအျဖစ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးျမင့္စိုးကေျပာသည္။

ယမန္ေန႕နံနက္ပိုင္းက စစ္ေတြၿမိဳ႕၌ ဦးစီးဌာနမ်ားမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ေက်း႐ြာေကာ္မတီဝင္မ်ား၊ သမဝါယမအသင္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယဝန္ႀကီးက မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ အေျခခံမူ (၁၅) ခ်က္ႏွင့္ကိုက္ညီေသာ ေက်း႐ြာမ်ားအား ေခတ္မီစံျပေက်း႐ြာမ်ားအျဖစ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္နိုင္ေရး ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရ၏ ေထာက္ပံ့မႈမ်ားျဖင့္ ဝန္ႀကီးဌာနမ်ားအခ်င္းခ်င္း ေပါင္းစပ္ညွိႏွိုင္းေဆာင္႐ြက္ေနသကဲ့သို႔ ေက်း႐ြာလူထုမွလည္း မိမိတို႔ေက်း႐ြာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းပါဝင္ကာ အစိုးရႏွင့္ျပည္သူ တက္ညီလက္ညီျဖင့္ ေဆာင္႐ြက္ပါက ေအာင္ျမင္နိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ေျမာက္ဦးၿမိဳ႕နယ္ရွိ ေမာင္႐ႊီကန္ေက်း႐ြာအား ေခတ္မီစံျပေက်း႐ြာ (SMART Village) အျဖစ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သည့္ လုပ္ငန္းဆိုင္ရာမ်ားကို ညွိႏွိုင္းေဆြးႏြေးခဲ့ၾကေၾကာင္း သိရသည္။

#mhtnews