တပ်ဌာနချုပ်တစ်ခုရဲ့ ကောင်းခြင်း၊ မကောင်းခြင်းဟာ အဲဒီတပ်ကိုဦးဆောင်ရတဲ့ ဦးစီးခေါင်းဆောင်တွေနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်မှသာ တပ်ကောင်းတစ်ခုဖြစ်လာမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

သန်လျင်တပ်နယ်နဲ့ ဒလတပ်နယ်တို့မှာရှိတဲ့ နယ်မြေခံရေတပ်စခန်းဌာနချုပ်တွေက ဌာနချုပ်မှူးတွေနဲ့ အရာရှိကြီးတွေကို ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမမှာ ယမန်မွန်းလွဲပိုင်းက တွေ့ဆုံ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက မိမိရဲ့ခေါင်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ထိုးထွင်းတီထွင်ကြံဆ လုပ်ဆောင်နိုင်မှုနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့လျော်ညီစွာ နေထိုင်ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုတို့သည်လည်း လိုအပ်မှာဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်မှ သာလျင် လုပ်ဆောင်ပြုမူ ပြောဆိုချက်တွေဟာလည်း ကောင်းမွန်မှာဖြစ်ကြောင်းနဲ့ မိမိကွပ်ကဲအုပ်ချုပ်ရသူတွေရဲ့ စိတ်နေသဘောထားနဲ့ လုပ်ဆောင်နိုင်စွမ်းများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း သိရှိအောင်ဆောင်ရွက်ဖို့လိုပြီး အဲဒီသိရှိနေမှသာလျင် လူမှန်နေရာမှန်နေရာချထား၍ ကွပ်ကဲအုပ်ချုပ်နိုင်မှာဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေနဲ့ မိမိကိုယ်တိုင် စနစ်တကျ နေထိုင်သွားလာတတ်မှုနဲ့ မိမိတာဝန်ယူရတဲ့ တပ်ဌာနချုပ်ကို ကောင်းမွန်အောင် ကွပ်ကဲအုပ်ချုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ပြီး နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေကို မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နေရမှာဖြစ်ကြောင်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“တပ္ဌာနခ်ဳပ္တစ္ခုရဲ႕ ေကာင္းျခင္း၊ မေကာင္းျခင္းဟာ အဲဒီတပ္ကို ဦးေဆာင္တဲ့ ဦးစီးေခါင္းေဆာင္ေတြနဲ႕ တိုက္ရိုက္သက္ဆိုင္မႈရွိၿပီး ေခါင္းေဆာင္မႈေကာင္းစြာ ကြပ္ကဲအုပ္ခ်ဳပ္နိုင္မွသာ တပ္ေကာင္းတစ္ခုျဖစ္လာမွာျဖစ္တယ္လို႔ ဗိုလ္ခ်ပ္မႉးႀကီး ေျပာ”

တပ္ဌာနခ်ဳပ္တစ္ခုရဲ႕ ေကာင္းျခင္း၊ မေကာင္းျခင္းဟာ အဲဒီတပ္ကိုဦးေဆာင္ရတဲ့ ဦးစီးေခါင္းေဆာင္ေတြနဲ႕ တိုက္ရိုက္သက္ဆိုင္မႈရွိၿပီး ေခါင္းေဆာင္မႈေကာင္းစြာ ကြပ္ကဲအုပ္ခ်ဳပ္နိုင္မွသာ တပ္ေကာင္းတစ္ခုျဖစ္လာမွာျဖစ္တယ္လို႔ နစကဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကားခဲ့ပါတယ္။

သန္လ်င္တပ္နယ္နဲ႕ ဒလတပ္နယ္တို႔မွာရွိတဲ့ နယ္ေျမခံေရတပ္စခန္းဌာနခ်ဳပ္ေတြက ဌာနခ်ဳပ္မႉးေတြနဲ႕ အရာရွိႀကီးေတြကို ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ဧရာဝတီေရတပ္စခန္းဌာနခ်ဳပ္ခန္းမမွာ ယမန္မြန္းလြဲပိုင္းက ေတြ႕ဆုံ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ဆက္လက္ၿပီးေတာ့လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက မိမိရဲ႕ေခါင္းေဆာင္မႈကို ျမႇင့္တင္နိုင္ေရးအတြက္ ထိုးထြင္းတီထြင္ႀကံဆ လုပ္ေဆာင္နိုင္မႈနဲ႕ ေခါင္းေဆာင္ေကာင္းတစ္ေယာက္နဲ႕ေလ်ာ္ညီစြာ ေနထိုင္ေျပာဆိုလုပ္ကိုင္ ေဆာင္႐ြက္မႈတို႔သည္လည္း လိုအပ္မွာျဖစ္ေၾကာင္း၊ အက်င့္စာရိတၱေကာင္းမြန္မွ သာလ်င္ လုပ္ေဆာင္ျပဳမူ ေျပာဆိုခ်က္ေတြဟာလည္း ေကာင္းမြန္မွာျဖစ္ေၾကာင္းနဲ႕ မိမိကြပ္ကဲအုပ္ခ်ဳပ္ရသူေတြရဲ႕ စိတ္ေနသေဘာထားနဲ႕ လုပ္ေဆာင္နိုင္စြမ္းမ်ား၊ အားသာခ်က္၊ အားနည္းခ်က္မ်ားကိုလည္း သိရွိေအာင္ေဆာင္႐ြက္ဖို႔လိုၿပီး အဲဒီသိရွိေနမွသာလ်င္ လူမွန္ေနရာမွန္ေနရာခ်ထား၍ ကြပ္ကဲအုပ္ခ်ဳပ္နိုင္မွာျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မ်ားအေနနဲ႕ မိမိကိုယ္တိုင္ စနစ္တက် ေနထိုင္သြားလာတတ္မႈနဲ႕ မိမိတာဝန္ယူရတဲ့ တပ္ဌာနခ်ဳပ္ကို ေကာင္းမြန္ေအာင္ ကြပ္ကဲအုပ္ခ်ဳပ္နိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ရမွာျဖစ္ၿပီး ေန႕စဥ္လုပ္ေဆာင္ရမယ့္ တာဝန္ေတြကို မွန္မွန္ကန္ကန္နဲ႕ လုပ္ေဆာင္ေနရမွာျဖစ္ေၾကာင္း မွာၾကားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews