ရခိုင်ပြည်နယ်၊ စစ်တွေမြိုတွင်ကျင်းပနေသည့် (၂၉) ကြိမ်မြောက် နိကယ်စာမေးပွဲတွင် ရခိုင်တစ်ပြည်လုံးမှ သံဃာတော်အပါး ၁ ထောင်ခန့်ဝင်ရောက်ဖြေဆိုနေကြသည်ဟု ဒေသခံသတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါစာမေးပွဲကို စစ်တွေမြို လောကာနန္ဒာစေတီတော်မြတ်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဇွန်လ ရ ရက်မှ ဇွန်လ ၁၁ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ စစ်တွေမြိုတွင်သာ ဓမ္မစရိယနှင့် နိကယ်စာမေးပွဲများကို ကျင်းပလေ့ရှိပြီး အခြားမြိုနယ်များတွင် ပဌမပြန်အဆင့်စာမေးပွဲလောက်သာကျင်းပလေ့ရှိသည်ဟုဆိုသည်။

ယခု စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များ လုံခြုံမူရှိစေရန် ပြည်နယ်ရဲတပ်ဖွဲဝင်များက စောင့်ရှောက်ပေးလျက်ရှိပြီး ဘုရားဂေါပကအဖွဲသားများကလည်း အအေးနှင့် မုန့်များ ကပ်လှူလျက်ရှိကြောင်း သိရသည်။
#mhtnews

<<< ZAWGYI >>>

“စစ်တွေတွင်ကျင်းပနေသည့် (၂၉) ကြိမ်မြောက် နိကယ်စာမေးပွဲတွင် သံဃာတော်အပါး ၁ ထောင်ခန့်ဖြေဆိုနေ”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပနေသည့် (၂၉) ကြိမ်မြောက် နိကယ်စာမေးပွဲတွင် ရခိုင်တစ်ပြည်လုံးမှ သံဃာတော်အပါး ၁ ထောင်ခန့်ဝင်ရောက်ဖြေဆိုနေကြသည်ဟု ဒေသခံသတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါစာမေးပွဲကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဇွန်လ ရ ရက်မှ ဇွန်လ ၁၁ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ စစ်တွေမြို့တွင်သာ ဓမ္မစရိယနှင့် နိကယ်စာမေးပွဲများကို ကျင်းပလေ့ရှိပြီး အခြားမြို့နယ်များတွင် ပဌမပြန်အဆင့်စာမေးပွဲလောက်သာကျင်းပလေ့ရှိသည်ဟုဆိုသည်။

ယခု စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များ လုံခြုံမူရှိစေရန် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးလျက်ရှိပြီး ဘုရားဂေါပကအဖွဲ့သားများကလည်း အအေးနှင့် မုန့်များ ကပ်လှူလျက်ရှိကြောင်း သိရသည်။
#mhtnews