မွန်ပြည်နယ်၊ပေါင်မြိုနယ်၊အလှပ်ကျေးရွာ၌ ယနေ့ (မေ ၂၄ ရက်)တွင် လေဆင်နှာမောင်း မိစန် ၄၀ ခန့် တိုက်ခတ်ခဲ့သဖြင့် နေအိမ်အလုံး ၁၀၀ ခန့်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုအထဲတွင် နေအိမ် ၅ လုံးမှာ ပြိုကျပျက်စီးသွားခဲ့ပြီး ကျန်နေအိမ်များမှာ အမိုးလန်ခြင်း၊အကာများပျက်စီးခြင်း၊အိမ်ယိုင်ခြင်းများဖြစ်ပေါ်ခဲ့ကာ ဘုန်းတော်ကြီးကျောင်းတစ်ခု၏ အဝင်မုဒ်ဦးမှာလည်း ယိုင်လဲသွားခဲ့သည်ဟုဆိုသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိသူ ၃ ဦးသာရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များမှ ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
Photo-CJ
#mhtnews

(Zawgyi)
“ေပါင္ၿမိဳ႕နယ္ အလွပ္ေက်း႐ြာ၌ ေလဆင္ႏွာ ေမာင္းတိုက္၍ ေနအိမ္အလုံး ၁၀၀ ခန့္ပ်က္စီး”

မြန္ျပည္နယ္၊ေပါင္ၿမိဳ႕နယ္၊အလွပ္ေက်း႐ြာ၌ ယေန႕ (ေမ ၂၄ ရက္)တြင္ ေလဆင္ႏွာေမာင္း မိစန္ ၄၀ ခန့္ တိုက္ခတ္ခဲ့သျဖင့္ ေနအိမ္အလုံး ၁၀၀ ခန့္ပ်က္စီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ထိုအထဲတြင္ ေနအိမ္ ၅ လုံးမွာ ၿပိဳက်ပ်က္စီးသြားခဲ့ၿပီး က်န္ေနအိမ္မ်ားမွာ အမိုးလန္ျခင္း၊အကာမ်ားပ်က္စီးျခင္း၊အိမ္ယိုင္ျခင္းမ်ားျဖစ္ေပၚခဲ့ကာ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခု၏ အဝင္မုဒ္ဦးမွာလည္း ယိုင္လဲသြားခဲ့သည္ဟုဆိုသည္။

အဆိုပါ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိသူ ၃ ဦးသာရွိခဲ့သျဖင့္ လူမႈကူညီေရးအသင္းဝင္မ်ားမွ ျပဳစုကုသမႈမ်ားျပဳလုပ္ေပးခဲ့ၾကေၾကာင္း သိရသည္။
Photo-CJ
#mhtnews