
NUG သြဇာခံ အကြမ်းဖက်အုပ်စုတွေရဲ့လက်ချက်နဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အချိန်ကာလ ၁ နှစ်နဲ့ ၂ လအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း ၁၁၄၁၇ လုံးရှိခဲ့တယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက နေရာပေါင်း ၂၉၆ နေရာက နေအိမ်တွေကို အကြမ်းဖက်အုပ်စုတွေက မီးရှို့ခဲ့တာဖြစ်ပြီး၊ နေအိမ်အများဆုံး မီးရှို့ခံဖျက်ဆီးခံရတာက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ဒုတိယမးအများဆုံး နေအိမ်မီးရှို့ခံရတာက မကွေးတိုင်းဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
” ရွာလုံးကျွတ်မီးရှို့ခံရတာတွေ စစ်ကိုင်းက အများဆုံးပဲ။စစ်ဘေးရှောင်လည်း အများဆုံးပါပဲ။တိုက်ပွဲတွေဖြစ်လို့ နေအိမ်တွေစွန့်ပြေးရတယ်၊ အနောက်မှာ အိမ်တွေက မီးထဲပါသွားတယ်၊ စစ်ပြီးရင်တောင် ပြန်စရာအိမ်မရှိတာတွေ အများကြီးဖြစ်နေပါပြီ ” လို့ စစ်ကိုင်းဒေသခံတဦးကပြောပါတယ်။
နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းမှာလည်း နေအိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေမှာနေအိမ် ၇၄၈ လုံး နဲ့အများဆုံးမီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတာဖြစ်ပြီး သတင်းဌာနတစ်ခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ကာ စိစစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာကြောင့် မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ Data for Myanmar ကထုတ်ပြန်ထားတာဖြစ်ပါတယ်။
#mhtnews

(Zawgyi)
“NUG ၾသဇာခံ အၾကမ္းဖက္အုပ္စုေတြရဲ႕လက္ခ်က္နဲ႕ ျမန္မာတစ္နိုင္ငံလုံးမွာ ၁ ႏွစ္ေက်ာ္ကာလအတြင္း ေနအိမ္ ၁၁၀၀၀ ေက်ာ္ မီးရွို႔ခံရတယ္လို႔ Data Myanmarထုတ္ျပန္”
NUG ၾသဇာခံ အၾကမ္းဖက္အုပ္စုေတြရဲ႕လက္ခ်က္နဲ႕ ျမန္မာတစ္နိုင္ငံလုံးမွာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ၂၀၂၂ခုႏွစ္ ဧၿပီလ ၃၀ ရက္ေန႕အထိ အခ်ိန္ကာလ ၁ ႏွစ္နဲ႕ ၂ လအတြင္း မီးရွို႔ဖ်က္ဆီးခံရတဲ့ေနအိမ္ေပါင္း ၁၁၄၁၇ လုံးရွိခဲ့တယ္လို႔ ေနအိမ္မီးရွို႔ခံရမႈေတြနဲ႕ ဆက္စပ္တဲ့ထိခိုက္ဆုံးရႈံးမႈေတြကို ေလ့လာမွတ္တမ္းတင္ေနတဲ့ Data for Myanmar အဖြဲ႕ကထုတ္ျပန္ပါတယ္။
တိုင္းေဒသႀကီးနဲ႕ ျပည္နယ္အသီးသီးက ေနရာေပါင္း ၂၉၆ ေနရာက ေနအိမ္ေတြကို အၾကမ္းဖက္အုပ္စုေတြက မီးရွို႔ခဲ့တာျဖစ္ၿပီး၊ ေနအိမ္အမ်ားဆုံး မီးရွို႔ခံဖ်က္ဆီးခံရတာက စစ္ကိုင္းတိုင္းေဒသႀကီးျဖစ္ၿပီး ဒုတိယမးအမ်ားဆုံး ေနအိမ္မီးရွို႔ခံရတာက မေကြးတိုင္းျဖစ္တယ္လို႔ အခ်က္အလက္ေတြအရ သိရပါတယ္။
” ႐ြာလုံးကြၽတ္မီးရွို႔ခံရတာေတြ စစ္ကိုင္းက အမ်ားဆုံးပဲ။စစ္ေဘးေရွာင္လည္း အမ်ားဆုံးပါပဲ။တိုက္ပြဲေတြျဖစ္လို႔ ေနအိမ္ေတြစြန့္ေျပးရတယ္၊ အေနာက္မွာ အိမ္ေတြက မီးထဲပါသြားတယ္၊ စစ္ၿပီးရင္ေတာင္ ျပန္စရာအိမ္မရွိတာေတြ အမ်ားႀကီးျဖစ္ေနပါၿပီ ” လို႔ စစ္ကိုင္းေဒသခံတဦးကေျပာပါတယ္။
ေနအိမ္မီးရွို႔ခံရမႈ ဒုတိယအမ်ားဆုံးျဖစ္တဲ့ မေကြးတိုင္းမွာလည္း ေနအိမ္ေပါင္း ၉၅၁ လုံး မီးရွို႔ဖ်က္ဆီးခံခဲ့ရၿပီး အဲဒီထဲမွာ ေပါက္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာေနအိမ္ ၇၄၈ လုံး နဲ႕အမ်ားဆုံးမီးရွို႔ခံခဲ့ရတယ္လို႔ Data for Myanmar ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့တဲ့ တိုက္ပြဲသတင္းေတြနဲ႕ ေနအိမ္မီးရွို႔ခံရတဲ့ သတင္းေတြကို ရက္အလိုက္၊ ျဖစ္စဥ္အလိုက္ ျပန္စီၿပီးေတာ့ ေရတြက္ထားတာျဖစ္ၿပီး သတင္းဌာနတစ္ခုခ်င္းစီက မတူညီတဲ့ အေရအတြက္ေတြကို cross-check လုပ္ကာ စိစစ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။
ေဒသခံ လူအခြင့္အေရးအဖြဲ႕ေတြနဲ႕ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြက ထုတ္ျပန္တဲ့ စာရင္းေတြကို အေျခခံထားၿပီး မျပည့္စုံတဲ့ အခ်က္အလက္ေတြ ခ်န္ထားခဲ့ရတာေၾကာင့္ ေျမျပင္အေရအတြက္က ပိုမ်ားနိုင္တယ္လို႔ Data for Myanmar ကထုတ္ျပန္ထားတာျဖစ္ပါတယ္။
#mhtnews
Recent Comments