ြီးခဲ့တဲ့ မေ ၁၉ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်ခန့်က သာကေတမြိုနယ်၊ (၇) အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်၊ (၈) ထိပ်မှတ်တိုင်အနီးရှိအထည်ဆိုင်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်းမှာ သေဆုံးသွားခဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဟာ NLD ပါတီကိုထောက်ခံပြီး PDF ကို ထောက်ပံ့နေသူတစ်ဦးဖြစ်တဲ့အကြောင်း ၎င်းရဲ့သူငယ်ချင်းအသိုင်းအဝိုင်းတွေဆီက ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့သတင်းအရ အမြဲတမ်းထောက်ပံ့နေတာကို ငွေလေး တစ်သိန်း နှစ်သိန်းနဲ့ အချင်းချင်းကို လုပ်ရက်တယ်လို ရေးသားထားတာကို တွေ့ရမှာဖြစ်သလို သူ့ (ဟန်နီဦး) အကောင့်အပိတ်ခံရတာကိုလည်း ငါတိုလည်းသိတယ် ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အဲဒီပိုစ်ကိုတင်ခဲ့သူဟာ သူ့ရဲ့ပိုစ်ကို ဖြုတ်ချသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားတွေဟာ မဟန်နီဦးရဲ့ ဦးလေးဖြစ်သူကို လာရောက်ရှာဖွေတာဖြစ်ပြီး ဦးလေးဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ရာလွတ်မြောက်သွားတဲ့အတွက် တူမဖြစ်သူမဟန်နီဦးရဲ့နားထင်ကို အနီးကပ်နှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ သေဆုံးသူမဟန်နီဦးရဲ့ မိခင်ဒေါ်သင်းသင်းလှိင်နဲ့ ဦးလေးဖြစ်သူကိုရဲဇော်မောင် (ခ)ကိုရဲတိုဟာလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာထားမှုအရ သိရပါတယ်။
#mhtnews

(Zawgyi)
“NLD ပါတီကိုထောက်ခံပြီး PDF ကိုထောက်ပံ့ပေးနေတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကို PDF က သေနတ်ဖြင့်ပစ်သတ်”

ပြီးခဲ့တဲ့ မေ ၁၉ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်ခန့်က သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်၊ (၈) ထိပ်မှတ်တိုင်အနီးရှိအထည်ဆိုင်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ သေဆုံးသွားခဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဟာ NLD ပါတီကိုထောက်ခံပြီး PDF ကို ထောက်ပံ့နေသူတစ်ဦးဖြစ်တဲ့အကြောင်း ၎င်းရဲ့သူငယ်ချင်းအသိုင်းအဝိုင်းတွေဆီက ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့သတင်းအရ အမြဲတမ်းထောက်ပံ့နေတာကို ငွေလေး တစ်သိန်း နှစ်သိန်းနဲ့ အချင်းချင်းကို လုပ်ရက်တယ်လို့ ရေးသားထားတာကို တွေ့ရမှာဖြစ်သလို သူ့ (ဟန်နီဦး) အကောင့်အပိတ်ခံရတာကိုလည်း ငါတို့လည်းသိတယ် ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အဲဒီပို့စ်ကိုတင်ခဲ့သူဟာ သူ့ရဲ့ပို့စ်ကို ဖြုတ်ချသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားတွေဟာ မဟန်နီဦးရဲ့ ဦးလေးဖြစ်သူကို လာရောက်ရှာဖွေတာဖြစ်ပြီး ဦးလေးဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ရာလွတ်မြောက်သွားတဲ့အတွက် တူမဖြစ်သူမဟန်နီဦးရဲ့နားထင်ကို အနီးကပ်နှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ သေဆုံးသူမဟန်နီဦးရဲ့ မိခင်ဒေါ်သင်းသင်းလှိင်နဲ့ ဦးလေးဖြစ်သူကိုရဲဇော်မောင် (ခ)ကိုရဲတို့ဟာလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာထားမှုအရ သိရပါတယ်။
#mhtnews