ဟောင်ကောင်ဒေသ၌ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအပေါ် G7 နိုင်ငံခြားရေးဝန်ကြီးများ နှင့် ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးက အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများကို ချက်ချင်းရပ်တံ့ရန် အနောက်နိုင်ငံတစ်ချို့အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၁၀ ရက်တွင် တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

“အနောက်နိုင်ငံနဲ့ အဖွဲ့အစည်းတစ်ချို့က တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ဖို့ ရွေးကောက်ပွဲကို အသရေပျက်အောင် လုပ်ကြံပြောဆိုဖို့ သူတို့အချင်းချင်း ပူးပေါင်းကြံစည်နေကြပါတယ်။ တရုတ်နိုင်ငံက ဒါကိုပြတ်ပြတ်သားသားဆန့်ကျင်ပြီးတော့ ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတယ်ဆိုတာ ပြောလိုပါတယ်။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

HKSAR အစိုးရအုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ဟောင်း အသက် ၆၄ နှစ်အရွယ်ရှိ ဂျွန်လီသည် ၂၀၂၁ ခုနှစ်တွင် ဒေသ၏ ရွေးကောက်ပွဲစနစ် ကောင်းမွန်အောင် မြှင့်တင်မှုများလုပ်ဆောင်ပြီးနောက် ယခုနှစ် မေ ၈ ရက်တွင် ပြုလုပ်သော ပထမဆုံး အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံအချို့သည် ဟောင်ကောင်၏ ဒီမိုကရေစီမှာ တိုးတက်သွားပြီး ခေတ်ရေစီးကြောင်း လူထုအမြင်သည် စည်းလုံးညီညွတ်မှုနှင့် ချမ်းသာဝပြောမှုကို ကြိုးပမ်းနေသည်ဆိုသည့် ဖြစ်ရပ်မှန်အား လစ်လျူရှုထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ဟောင်ကောင်ရဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ မြင့်မားတဲ့အတိုင်းအတာ နဲ့ လူအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို သူတို့က လက်ညှိုးထိုးတဲ့အခါမှာ သူတို့ရဲ့အသံတွေက “ဒီမိုကရေစီတရားဟောဆရာ”နဲ့ တူပါတယ်။ အဲဒါက တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့နဲ့ ဟောင်ကောင်ကို ပရမ်းပတာ ဖြစ်စေဖို့ သူတို့ရဲ့ ကြိုးပမ်းမှု နဲ့ သူတို့ရဲ့ လိုသူအပေါ် တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုးထားသည့် စံနှစ်မျိုးကို ဖော်ပြရုံသက်သက်သာ ဖြစ်ပါတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်ဟုဆိုသည်။

“ဟောင်ကောင်က တရုတ်နိုင်ငံရဲ့ ဟောင်ကောင် ဖြစ်ပါတယ်။ ဟောင်ကောင်က ဘယ်လိုရွေးကောက်ပွဲစနစ်မျိုး ကျင့်သုံးတယ် ၊ ဘယ်လို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမျိုးလဲဆိုတာ ဒါကိုလေ့လာဖော်ထုတ်တာတွေက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးနယ်ပယ်အောက် အပြည့်အဝရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြင်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် ဟောင်ကောင်၏ အစစ်အမှန်အရှိတရားနှင့် ကိုက်ညီသင့်တော်သည့် အရည်အသွေးမြင့် ဒီမိုကရေစီ ဖြစ်ပေါ်ရေး နှင့် “တစ်နိုင်ငံစနစ်နှစ်မျိုး” မူအား အပြည့်အဝ ၊ သေသေချာချာ အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချထားကြောင်း ၊ အောက်ခြေက လှိုက်စားစေဖို့ ပြင်ပအင်အားစုများမှ မည်သို့သောကြိုးပမ်းမှုမျိုးမဆို အချည်းနှိးအလဟဿဖြစ်လိမ့်မည်ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ဟောင်ကောင်သည် ချမ်းသာဝပြောခြင်းသို့ ဦးတည်သည့် ကောင်းမွန်သောအုပ်ချုပ်မှုခေတ်သစ်တွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်သွားမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“G7 အေနျဖင့္ တ႐ုတ္နိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေနမႈမ်ား ခ်က္ခ်င္းရပ္တံ့ရန္ တ႐ုတ္ေျပာဆို”

ေဟာင္ေကာင္ေဒသ၌ အုပ္ခ်ဳပ္ေရးမႉးေ႐ြးေကာက္ပြဲအေပၚ G7 နိုင္ငံျခားေရးဝန္ႀကီးမ်ား ႏွင့္ ဥေရာပသမဂၢ တာဝန္ရွိသူတစ္ဦးက အလြန္စိုးရိမ္ပူပန္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ တ႐ုတ္နိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေနမႈမ်ားကို ခ်က္ခ်င္းရပ္တံ့ရန္ အေနာက္နိုင္ငံတစ္ခ်ိဳ႕အား တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေမ ၁၀ ရက္တြင္ တိုက္တြန္းခဲ့ေၾကာင္း ဆင္ဟြာသတင္းေဖာ္ျပမႈအရ သိရသည္။

“အေနာက္နိုင္ငံနဲ႕ အဖြဲ႕အစည္းတစ္ခ်ိဳ႕က တ႐ုတ္နိုင္ငံရဲ႕ ျပည္တြင္းေရးကို အလြန္အကြၽံ ဝင္ေရာက္စြက္ဖက္ဖို႔ ေ႐ြးေကာက္ပြဲကို အသေရပ်က္ေအာင္ လုပ္ႀကံေျပာဆိုဖို႔ သူတို႔အခ်င္းခ်င္း ပူးေပါင္းႀကံစည္ေနၾကပါတယ္။ တ႐ုတ္နိုင္ငံက ဒါကိုျပတ္ျပတ္သားသားဆန႔္က်င္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်တယ္ဆိုတာ ေျပာလိုပါတယ္။ဟု နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်န္းက ပုံမွန္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

HKSAR အစိုးရအုပ္ခ်ဳပ္ေရးဆိုင္ရာ အတြင္းေရးမႉးခ်ဳပ္ေဟာင္း အသက္ ၆၄ ႏွစ္အ႐ြယ္ရွိ ဂြၽန္လီသည္ ၂၀၂၁ ခုႏွစ္တြင္ ေဒသ၏ ေ႐ြးေကာက္ပြဲစနစ္ ေကာင္းမြန္ေအာင္ ျမႇင့္တင္မႈမ်ားလုပ္ေဆာင္ၿပီးေနာက္ ယခုႏွစ္ ေမ ၈ ရက္တြင္ ျပဳလုပ္ေသာ ပထမဆုံး အုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့ေၾကာင္း သိရသည္။

နိုင္ငံအခ်ိဳ႕သည္ ေဟာင္ေကာင္၏ ဒီမိုကေရစီမွာ တိုးတက္သြားၿပီး ေခတ္ေရစီးေၾကာင္း လူထုအျမင္သည္ စည္းလုံးညီၫြတ္မႈႏွင့္ ခ်မ္းသာဝေျပာမႈကို ႀကိဳးပမ္းေနသည္ဆိုသည့္ ျဖစ္ရပ္မွန္အား လစ္လ်ဴရႈထားေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။

ေဟာင္ေကာင္ရဲ႕ ဒီမိုကေရစီေ႐ြးေကာက္ပြဲေတြ ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရဲ႕ ျမင့္မားတဲ့အတိုင္းအတာ နဲ႕ လူအခြင့္အေရးနဲ႕ လြတ္လပ္ခြင့္ေတြကို သူတို႔က လက္ညွိုးထိုးတဲ့အခါမွာ သူတို႔ရဲ႕အသံေတြက “ဒီမိုကေရစီတရားေဟာဆရာနဲ႕ တူပါတယ္။ အဲဒါက တ႐ုတ္နိုင္ငံကို ထိန္းခ်ဳပ္ဖို႔နဲ႕ ေဟာင္ေကာင္ကို ပရမ္းပတာ ျဖစ္ေစဖို႔ သူတို႔ရဲ႕ ႀကိဳးပမ္းမႈ နဲ႕ သူတို႔ရဲ႕ လိုသူအေပၚ တစ္မ်ိဳး၊ မလိုသူအေပၚ တစ္မ်ိဳးထားသည့္ စံႏွစ္မ်ိဳးကို ေဖာ္ျပ႐ုံသက္သက္သာ ျဖစ္ပါတယ္။ဟု ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်န္းက ေျပာၾကားခဲ့သည္ဟုဆိုသည္။

ေဟာင္ေကာင္က တ႐ုတ္နိုင္ငံရဲ႕ ေဟာင္ေကာင္ ျဖစ္ပါတယ္။ ေဟာင္ေကာင္က ဘယ္လိုေ႐ြးေကာက္ပြဲစနစ္မ်ိဳး က်င့္သုံးတယ္ ၊ ဘယ္လို ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္မႈလမ္းေၾကာင္းမ်ိဳးလဲဆိုတာ ဒါကိုေလ့လာေဖာ္ထုတ္တာေတြက တ႐ုတ္နိုင္ငံရဲ႕ ျပည္တြင္းေရးနယ္ပယ္ေအာက္ အျပည့္အဝရွိတဲ့ကိစၥ ျဖစ္ပါတယ္။ ျပင္ပအင္အားစုေတြ ဝင္ေရာက္စြက္ဖက္ပိုင္ခြင့္ မရွိပါဘူး။ဟုလည္း ၎က ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံအစိုးရအေနျဖင့္ ေဟာင္ေကာင္၏ အစစ္အမွန္အရွိတရားႏွင့္ ကိုက္ညီသင့္ေတာ္သည့္ အရည္အေသြးျမင့္ ဒီမိုကေရစီ ျဖစ္ေပၚေရး ႏွင့္ “တစ္နိုင္ငံစနစ္ႏွစ္မ်ိဳး မူအား အျပည့္အဝ ၊ ေသေသခ်ာခ်ာ အေကာင္အထည္ေဖာ္ရန္ သႏၷိ႒ာန္ခ်ထားေၾကာင္း ၊ ေအာက္ေျခက လွိုက္စားေစဖို႔ ျပင္ပအင္အားစုမ်ားမွ မည္သို႔ေသာႀကိဳးပမ္းမႈမ်ိဳးမဆို အခ်ည္းႏွိးအလဟႆျဖစ္လိမ့္မည္ဟု ေက်ာက္လိက်န္းက ေျပာၾကားခဲ့သည္။

ေဟာင္ေကာင္သည္ ခ်မ္းသာဝေျပာျခင္းသို႔ ဦးတည္သည့္ ေကာင္းမြန္ေသာအုပ္ခ်ဳပ္မႈေခတ္သစ္တြင္ က႑သစ္တစ္ရပ္ ဖြင့္သြားမည္ဟု ယုံၾကည္ေၾကာင္းလည္း ၎က ထုတ္ေဖာ္ေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews