အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal ၌ မြန်မာနိုင်ငံက ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက် အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို တရားဝင်အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက် အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို ဧပြီလ ၇ ရက်နေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ကာ အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မေလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မေ (၁၅) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွား မည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) အား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean. healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ယင်ထုတ်ပြန်ချက်အရ သိရသည်။

#mhtnews

(Zawgyi)

“ASEAN Single QR Code Verification Portal ၌ ျမန္မာနိုင္ငံက ထုတ္ေပးသည့္ ကာကြယ္ေဆးထိုးႏွံၿပီးေၾကာင္း အီလက္ထေရာနစ္အေထာက္ အထားမွတ္တမ္းကို တရားဝင္အသိအမွတ္ျပဳထားၿပီးျဖစ္”

အာဆီယံနိုင္ငံမ်ားအခ်င္းခ်င္း ကာကြယ္ေဆးထိုးမွတ္တမ္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳျခင္းစနစ္ (ASEAN Single QR Code Verification Portal ၌ ျမန္မာနိုင္ငံက ထုတ္ေပးသည့္ ကာကြယ္ေဆးထိုးႏွံၿပီးေၾကာင္း အီလက္ထေရာနစ္အေထာက္ အထားမွတ္တမ္း (COVID-19 Vaccination Electronic Certificate) ကို တရားဝင္အသိအမွတ္ျပဳထားၿပီးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါ ကာကြယ္ေဆးထိုးႏွံၿပီးေၾကာင္း အီလက္ထေရာနစ္အေထာက္ အထားမွတ္တမ္း (COVID-19 Vaccination Electronic Certificate) ကို ဧၿပီလ ၇ ရက္ေန႕မွစတင္၍ အြန္လိုင္းစနစ္ျဖင့္ ထုတ္ေပးခဲ့ျခင္းျဖစ္ကာ အာဆီယံနိုင္ငံမ်ားအခ်င္းခ်င္း ကာကြယ္ေဆးထိုးမွတ္တမ္းမ်ား အျပန္အလွန္အသိအမွတ္ျပဳျခင္းစနစ္ (ASEAN Single QR Code Verification Portal) တြင္ တရားဝင္အသိအမွတ္ျပဳနိုင္ေရးအတြက္ ၂၀၂၂ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႕ႏွင့္ (၁၅)ရက္ေန႕တို႔၌ အင္ဒိုနီးရွားနိုင္ငံ၊ ဘာလီၿမိဳ႕တြင္ က်င္းပသည့္ (၁၅)ႀကိမ္ေျမာက္ အာဆီယံက်န္းမာေရးဝန္ႀကီးမ်ားအစည္းအေဝး (15th ASEAN HEALTH MINISTERS MEETING) တြင္ အတည္ျပဳနိုင္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သို႔ျဖစ္ပါ၍ ေမ (၁၅) ရက္ေန႕မွစတင္ကာ ျမန္မာနိုင္ငံမွ ျပည္ပနိုင္ငံမ်ားသို႔ ခရီးသြား မည့္သူမ်ားအတြက္ အထက္ေဖာ္ျပပါ ကာကြယ္ေဆးထိုးႏွံၿပီးေၾကာင္း အီလက္ထေရာနစ္ အေထာက္အထားမွတ္တမ္း (COVID-19 Vaccination Electronic Certificate) အား ASEAN Covid-19 Vaccine Certificate Single Verification Portal ျဖစ္ေသာ https://asean. healthverify.org မွတစ္ဆင့္ စိစစ္အတည္ျပဳျခင္းကို ေဆာင္႐ြက္နိုင္ၿပီျဖစ္ေၾကာင္း ယင္ထုတ္ျပန္ခ်က္အရ သိရသည္။

#mhtnews