သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ‌ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်‌ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား  အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (မေ ၂၂ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလအဘိဓမ္မကောဝိဒ ၁ ပါး၊ ဒီဃနိကာယကောဝိဒ ၁ ပါး၊ ဝိနယကောဝိဒ ၇ ပါး၊ ဥဘတော ဝိဘင်္ဂကောဝိဒ ၁၀ ပါး၊ စာအောင် သံဃာအပါး ၂၀ စုစုပေါင်း သံဃာတော် ၅၃ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည် ဖြစ်ပါသဖြင့်  အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲ ၀၉-၈၈၀၅၆၀ ၇၉၀၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၁-၆၆ ၄၅၇၈ တို့သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

#mhtnews

(Zawgyi)

“(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို မေ ၂၂ ရက်တွင်ကျင်းပမည်”


အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ်ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလအဘိဓမ္မကောဝိဒ ၁ ပါး၊ ဒီဃနိကာယကောဝိဒ ၁ ပါး၊ ဝိနယကောဝိဒ ၇ ပါး၊ ဥဘတော ဝိဘင်္ဂကောဝိဒ ၁၀ ပါး၊ စာအောင် သံဃာအပါး ၂၀ စုစုပေါင်း သံဃာတော် ၅၃ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည် ဖြစ်ပါသဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲ ၀၉-၈၈၀၅၆၀ ၇၉၀၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၁-၆၆ ၄၅၇၈ တို့သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

#mhtnews