(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် အဆိုပါ ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံ၌ မေ ၃ ရက်မှစ၍ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လေ့ကျင့်မှုပြုလုပ်နိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မေ ၁ ရက်တွင် ရောက်ရှိခဲ့ပြီး ပြည်ပကလပ်အသင်းများတွင် ကစာနေကြသည့် မောင်မောင်လွင်၊ ဆွမ်လမန်၊ အောင်ကောင်းမာန်နှင့် ဟိန်းထက်အောင်တို့မှာ မေ ၂ ရက်တွင် အသင်းနှင့်လာရောက်ပူးပေါင်းခဲ့ကြသဖြင့် မေ ၃ ရက်မှစ၍ ကစားသမားအစုံအလင် လေ့ကျင့်နိုင်ခြင်းဖြစ်သည်။

မြန်မာအမျိုးသားဘောလုံးအသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို မေ ၅ ရက်တွင် ထုတ်ပြန်မည်ဟုဆိုသည်။

မြန်မာအသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်အတူ အုပ်စု(က)တွင် ပါဝင်နေပြီး အုပ်စုပထမပွဲအဖြစ် မေ ၈ ရက်တွင် တီမောအသင်းနှင့် စတင်ကစားရမည်ဖြစ်ကာ မြန်မာအမျိုးသာဘောလုံးအသင်း၏ ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဧပြီ ၁၇ ရက်မှ ၃၀ ရက်အထိ ယူအေအီးနိုင်ငံ၌ သွာရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ ၄ ပွဲကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

အဆိုပါ မြန်မာအမျိုးသာဘောလုံးအသင်းတွင်ပဏာမကစားသမားများအဖြစ် ဂိုး– ပြည့်ဖြိုးသူ၊သူရေကျာ်၊ ပြည့်ဖြိုးအောင် အောင်ကိုလတ်၊ နောက်တန်း–သက်ဟိန်းစိုး၊ စိုးမိုကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင်စိုး၊ အလယ်တန်း- ဇော်ဝင်းသိန်း၊ လွင်မိုအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ အောင်နိုင်ဝင်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း– ရဲရင့်အောင်၊ ထက်ဖြိုးဝေ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်၊ သန်းပိုင်၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဆွမ်လမန်တို့ ပါဝင်ကြကြောင်း သိရသည်။

#mhtnews

(Zawgyi)

“(၃၁) ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအမ်ိဳးသားေဘာလုံးအသင္း ဗီယက္နမ္နိုင္ငံ၌ ကစားသမားအစုံအလင္ျဖင့္ ေလ့က်င့္မႈျပဳလုပ္”

(၃၁) ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအမ်ိဳးသားေဘာလုံးအသင္းသည္ အဆိုပါ ဆီးဂိမ္းၿပိဳင္ပြဲက်င္းပမည့္

ဗီယက္နမ္နိုင္ငံ၌ ေမ ၃ ရက္မွစ၍ ကစားသမားအစုံအလင္ျဖင့္ ေလ့က်င့္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေလ့က်င့္မႈျပဳလုပ္နိုင္ရန္ ဗီယက္နမ္နိုင္ငံသို႔ ေမ ၁ ရက္တြင္ ေရာက္ရွိခဲ့ၿပီး ျပည္ပကလပ္အသင္းမ်ားတြင္ ကစာေနၾကသည့္ေမာင္ေမာင္လြင္၊ ဆြမ္လမန္၊ ေအာင္ေကာင္းမာန္ႏွင့္ ဟိန္းထက္ေအာင္တို႔မွာ ေမ ၂ ရက္တြင္ အသင္းႏွင့္လာေရာက္ပူးေပါင္းခဲ့ၾကသျဖင့္ ေမ ၃ ရက္မွစ၍ ကစားသမားအစုံအလင္ ေလ့က်င့္နိုင္ျခင္းျဖစ္သည္။

ျမန္မာအမ်ိဳးသားေဘာလုံးအသင္းကို ပဏာမကစားသမား ၂၉ ဦးျဖင့္ ဖြဲ႕စည္းထားၿပီး အၿပီးသတ္လူစာရင္းကို ေမ ၅ ရက္တြင္ ထုတ္ျပန္မည္ဟုဆိုသည္။

ျမန္မာအသင္းအေနျဖင့္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ အိမ္ရွင္ဗီယက္နမ္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ တီေမာအသင္းတို႔ႏွင့္အတူ အုပ္စု(က)တြင္ ပါဝင္ေနၿပီး အုပ္စုပထမပြဲအျဖစ္ ေမ ၈ ရက္တြင္ တီေမာအသင္းႏွင့္ စတင္ကစားရမည္ျဖစ္ကာ ျမန္မာအမ်ိဳးသာေဘာလုံးအသင္း၏ ဆီးဂိမ္းၿပိဳင္ပြဲအႀကိဳ ျပင္ဆင္မႈအေနျဖင့္ ဧၿပီ ၁၇ ရက္မွ ၃၀ ရက္အထိ ယူေအအီးနိုင္ငံ၌ သြာေရာက္ေလ့က်င့္ခဲ့ၿပီး ေျခစမ္းပြဲ ၄ ပြဲကစားရာတစ္ပြဲနိုင္၊ ႏွစ္ပြဲသေရ ၊ တစ္ပြဲရႈံးနိမ့္ခဲ့သည္။

အဆိုပါ ျမန္မာအမ်ိဳးသာေဘာလုံးအသင္းတြင္ပဏာမကစားသမားမ်ားအျဖစ္ ဂိုး ျပည့္ၿဖိဳးသူ၊သူေရက်ာ္၊ ျပည့္ၿဖိဳးေအာင္ ေအာင္ကိုလတ္၊ ေနာက္တန္းသက္ဟိန္းစိုး၊ စိုးမိုေက်ာ္၊ဟိန္းေဇယ်ာလင္း၊ ဝင္းမိုးေက်ာ္၊ ရဲမင္းသူ၊ သက္ပိုင္ေထြး၊ ေအာင္ဝဏၰစိုး၊ ရဲလင္းထက္၊ ေနာင္ေနာင္စိုး၊ အလယ္တန္း- ေဇာ္ဝင္းသိန္း၊ လြင္မိုေအာင္၊ လင္းထက္စိုး၊ ေဝလင္းေအာင္၊ ရန္ေက်ာ္စိုး၊ ေအာင္နိုင္ဝင္း၊ ဟိန္းထက္ေအာင္၊ ေရွ႕တန္း ရဲရင့္ေအာင္၊ထက္ၿဖိဳးေဝ ဝင္းနိုင္ထြန္း၊ ျမတ္ေကာင္းခန့္၊ ရာဇာေအာင္၊ သန္းပိုင္၊ ေမာင္ေမာင္လြင္၊ ေအာင္ေကာင္းမာန္၊ ဆြမ္လမန္တို႔ ပါဝင္ၾကေၾကာင္း သိရသည္။

#mhtnews