ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျှက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်သည် ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာကြသည်ဟု သိရသည်။

မြန်မာအားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်တွင် လက်ဝှေ့အားကစားနည်းမှ အမျိုးသား(၇)ဦး၊ အမျိုးသမီး (၄)ဦး၊ သေနတ်ပစ်အားကစားနည်းမှ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၅)ဦး၊ တိုက်ကွမ်ဒို အားကစားနည်းမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၆)ဦး၊ ကနူး/ကယက် လှေလှော်အားကစားနည်းမှ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၅)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများလိုက်ပါသွားကြောင်း သိရသည်။

ဆက်လက်၍ မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်သည် မေ ၁၆ ရက်တွင်လည်းကောင်း၊ ဆဌမအသုတ်သည် မေ ၂၀ ရက်တွင်လည်းကောင်း၊ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“(၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအားကစားအဖြဲ႕ စတုတၳအသုတ္အျဖစ္ ဗီယက္နမ္နိုင္ငံသို႔ ဆက္လက္ထြက္ခြာ”

ဗီယက္နမ္နိုင္ငံ၌ က်င္းပလွ်က္ရွိသည့္ (၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ၌ ပါဝင္ယွဥ္ၿပိဳင္မည့္ ျမန္မာအားကစားအဖြဲ႕ စတုတၳအသုတ္သည္ ယေန႕နံနက္ ၇ နာရီတြင္ ရန္ကုန္ၿမိဳ႕မွ ဗီယက္နမ္နိုင္ငံ၊ ဟႏြိုင္းၿမိဳ႕သို႔ ျမန္မာ့ေလေၾကာင္း စင္းလုံးငွားေလယာဥ္ျဖင့္ ထြက္ခြာၾကသည္ဟု သိရသည္။

ျမန္မာအားကစားအဖြဲ႕ကို အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ အားကစားအဖြဲ႕ခ်ဳပ္မ်ားမွ ဥကၠ႒မ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

(၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအားကစားအဖြဲ႕ စတုတၳအသုတ္တြင္ လက္ေဝွ႕အားကစားနည္းမွ အမ်ိဳးသား(၇)ဦး၊ အမ်ိဳးသမီး (၄)ဦး၊ ေသနတ္ပစ္အားကစားနည္းမွ အမ်ိဳးသား(၈)ဦး၊ အမ်ိဳးသမီး(၅)ဦး၊ တိုက္ကြမ္ဒို အားကစားနည္းမွ အမ်ိဳးသား(၁၀)ဦး၊ အမ်ိဳးသမီး(၆)ဦး၊ ကႏူး/ကယက္ ေလွေလွာ္အားကစားနည္းမွ အမ်ိဳးသား (၁၄)ဦး၊ အမ်ိဳးသမီး(၅)ဦးႏွင့္ အျပည္ျပည္ဆိုင္ရာ ဒိုင္လူႀကီးမ်ားလိုက္ပါသြားေၾကာင္း သိရသည္။

ဆက္လက္၍ ျမန္မာအားကစားအဖြဲ႕ ပၪၥမအသုတ္သည္ ေမ ၁၆ ရက္တြင္လည္းေကာင္း၊ ဆဌမအသုတ္သည္ ေမ ၂၀ ရက္တြင္လည္းေကာင္း၊ ျမန္မာ့ေလေၾကာင္း စင္းလုံးငွားေလယာဥ္ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ဗီယက္နမ္နိုင္ငံ၊ ဟႏြိုင္းၿမိဳ႕သို႔ သြားေရာက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews