(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပရာ Symposium of the Conference အဖြစ် Building Resilience for Healthcare: Sharing Success Story and Challenges from COVID-19 Pandemic ကိုလည်းကောင်း ၊ Symposium များအဖြစ် Con-sequences of COVID-19 Pandemic: Cognitive, Affective and Mental Health ၊ COVID-19 and Acute Kidney Injury ၊ COVID-19 Infection in Children: Practice Essentials၊ Role of Surgery in Chronic Liver Diseases: Where are We Now?၊ Current and Future Place of Radiology in the COVID-19 Management ၊ Peculiar Presentations of Diabetes Mellitus ၊ Long COVID Syndrome: Impact၊ Recent Update in Orthopaedic Surgery: Military Perspective နှင့် Special Talk သုံးခုတို့ကို ဆွေးနွေးကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သားဖွားနှင့် မီးယပ်ရောဂါပညာ၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသမှုပညာ၊ ခွဲစိတ်ပညာ၊ သူနာပြုပညာ၊ အဏုဇီဝဗေဒစသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၂၀ တို့ကို ပါဝင်ဖတ်ကြားတင်သွင်းကြသည်ဟုဆိုသည်။

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ၁၅၅ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀)တွင် ၂၃၁ ဦး စုစုပေါင်း ၃၈၆ ဦးတက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၅၄၇ ဦး တက်ရောက်ကြသည်။

အဆိုပါ (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မေ ၁၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(((Zawgyi)))

“(၂၉) ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲ ဖြင့္ပြဲအခမ္းအနား က်င္းပ”

(၂၉) ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲဖြင့္ပြဲကို ယမန္ေန႕နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္- ၁၀၀၀)ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ အရိုးေရာဂါအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀) တို႔၌ Online Hybrid စနစ္ျဖင့္ တစ္ၿပိဳင္နက္တည္း က်င္းပရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ တပ္မေတာ္ေဆးသုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠ႒၊ ေဆးဝန္ထမ္းၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ ကိုကိုလြင္၊ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ပါရဂူမ်ား၊ နိုင္ငံတကာမွ ေဆးပညာရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ဦးစြာ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက အဖြင့္အမွာစကားေျပာၾကားၿပီး (၂၉) ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲ၏ ပညာရပ္ဆိုင္ရာေဆြးႏြေးပြဲကို ေဆးဝန္ထမ္းၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉးက အဖြင့္အမွာစကားေျပာၾကားၿပီး ဖြင့္လွစ္ေပးသည္။

ထို႔ေနာက္ ေဆးပညာရပ္ဆိုင္ရာႏွီးႏွောဖလွယ္ပြဲ ပထမေန႕အစီအစဥ္မ်ားကို ဆက္လက္က်င္းပရာ Symposium of the Conference အျဖစ္ Building Resilience for Healthcare: Sharing Success Story and Challenges from COVID-19 Pandemic ကိုလည္းေကာင္း ၊ Symposium မ်ားအျဖစ္ Con-sequences of COVID-19 Pandemic: Cognitive, Affective and Mental Health ၊ COVID-19 and Acute Kidney Injury ၊ COVID-19 Infection in Children: Practice Essentials၊ Role of Surgery in Chronic Liver Diseases: Where are We Now?၊ Current and Future Place of Radiology in the COVID-19 Management ၊ Peculiar Presentations of Diabetes Mellitus ၊ Long COVID Syndrome: Impact၊ Recent Update in Orthopaedic Surgery: Military Perspective ႏွင့္ Special Talk သုံးခုတို႔ကို ေဆြးႏြေးၾကသည္။

၎အျပင္ သုေတသနစာတမ္းမ်ားအျဖစ္ သားဖြားႏွင့္ မီးယပ္ေရာဂါပညာ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းကုသမႈပညာ၊ ခြဲစိတ္ပညာ၊ သူနာျပဳပညာ၊ အဏုဇီဝေဗဒစသည့္ ဘာသာရပ္ဆိုင္ရာ သုေတသနစာတမ္း စုစုေပါင္း ၂၀ တို႔ကို ပါဝင္ဖတ္ၾကားတင္သြင္းၾကသည္ဟုဆိုသည္။

ႏွီးႏွောဖလွယ္ပြဲသို႔ Inperson တက္ေရာက္သူမ်ားအေနျဖင့္ တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)တြင္ ၁၅၅ ဦးႏွင့္ တပ္မေတာ္အရိုးေရာဂါ အထူးကုေဆး႐ုံႀကီး(ခုတင္- ၅၀၀)တြင္ ၂၃၁ ဦး စုစုေပါင္း ၃၈၆ ဦးတက္ေရာက္ခဲ့ၿပီး Online မွ တက္ေရာက္သူမ်ားအေနျဖင့္ အျခားတပ္မေတာ္ေဆး႐ုံ၊ ေဆးတပ္ အသီးသီးတို႔မွ ပါရဂူ၊ ေဆးမႉး၊ သူနာျပဳ(အရာရွိ)ႏွင့္ သူနာျပဳ စုစုေပါင္း ၅၄၇ ဦး တက္ေရာက္ၾကသည္။

အဆိုပါ (၂၉) ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲကို ေမ ၁၁ ရက္အထိ ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews