(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲအကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို ယမန်နေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တပ်မှူးဗိုလ်မှူးချုပ်ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့်ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနဆေးတက္ကသိုလ်များမှ အရိုးရောဂါ ဆေးပညာဌာန ပါမောက္ခဌာနမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-conference Workshop)ကို “AOPRINCIPlE OF FRACTURE FIXATION BASIC COURSE” ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့ရာ ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူး များကနံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင်ဆွေးနွေးကြပြီး နေ့လယ်ပိုင်းတွင် သင်တန်းသားများက အုပ်စုခွဲလေ့ကျင့်ခန်းပြုလုပ်ကာ အုပ်စုအလိုက် Presentation များ တင်ပြကြသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ် အပိုင်းတစ်ရပ်ဖြစ်သည့်AO PRINCIPLE OF FRACTURE FIXATION နှင့် စပ်လျဉ်းပြီး အသိအမြင် ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို မိမိတို့ သက်ဆိုင် ရာနယ်ပယ်အသီးသီးတွင် ထိရောက်စွာအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်သည်။

ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ “IMPLEMENTING APPROPRIATE STANDARD SETTING IN DSMA” ခေါင်းစဉ်ဖြင့် မေ ၆ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) တို့၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Hybird စနစ်ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်ရှိ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အခြားတပ်မတော်ဆေးရုံ/ ဆေးတပ်များမှ Online စနစ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“(၂၉)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ဆိုင္ရာႏွီးႏွောဖလွယ္ပြဲအႀကိဳအလုပ္႐ုံေဆြးႏြေးပြဲ (Pre-conference Workshop) ျပဳလုပ္”

(၂၉)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ ဆိုင္ရာႏွီးႏွောဖလွယ္ပြဲအႀကိဳအလုပ္႐ုံေဆြးႏြေးပြဲ (Pre-conference Workshop)ကို ယမန္ေန႕နံနက္ပိုင္းတြင္ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္အရိုးေရာဂါ အထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေဆးပညာရပ္ဆိုင္ရာႏွီးႏွောဖလွယ္ပြဲသို႔ တပ္မေတာ္အရိုးေရာဂါအထူးကုေဆး႐ုံႀကီး (ခုတင္-၅၀၀)တပ္မႉးဗိုလ္မႉးခ်ဳပ္ေက်ာ္ဇင္ၫြန႔္၊ တပ္မေတာ္ေဆးတကၠသိုလ္ပါေမာကၡခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ခင္ေအာင္ထြန္းႏွင့္ဌာနမႉးမ်ား၊ က်န္းမာေရးဝန္ႀကီးဌာနေဆးတကၠသိုလ္မ်ားမွ အရိုးေရာဂါ ေဆးပညာဌာန ပါေမာကၡဌာနမႉးမ်ားႏွင့္ အလုပ္႐ုံေဆြးႏြေးပြဲတြင္ပါဝင္မည့္ သင္တန္းသားမ်ား တက္ေရာက္ခဲ့ၾကသည္။

ဦးစြာ တပ္မေတာ္ေဆးတကၠသိုလ္ပါေမာကၡခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားၿပီး အႀကိဳအလုပ္႐ုံ ေဆြးႏြေးပြဲ (Pre-conference Workshop)ကို AOPRINCIPlE OF FRACTURE FIXATION BASIC COURSE ေခါင္းစဥ္ျဖင့္ျပဳလုပ္ခဲ့ရာ ေဆးပညာသင္ၾကားေရးဌာနမွ ဂုဏ္ထူးေဆာင္ ပါေမာကၡမ်ား၊ ဌာနမႉး မ်ားကနံနက္ပိုင္းအစီအစဥ္တြင္ ဦးေဆာင္ေဆြးႏြေးၾကၿပီး ေန႕လယ္ပိုင္းတြင္ သင္တန္းသားမ်ားက အုပ္စုခြဲေလ့က်င့္ခန္းျပဳလုပ္ကာ အုပ္စုအလိုက္ Presentation မ်ား တင္ျပၾကသည္။

အလုပ္႐ုံေဆြးႏြေးပြဲ တက္ေရာက္သူမ်ားအေနျဖင့္ ေဆးပညာသင္ၾကားေရးအတြက္ အေရးႀကီးအစိတ္ အပိုင္းတစ္ရပ္ျဖစ္သည့္AO PRINCIPLE OF FRACTURE FIXATION ႏွင့္ စပ္လ်ဥ္းၿပီး အသိအျမင္ ဗဟုသုတႏွင့္ကြၽမ္းက်င္မႈမ်ားကို မိမိတို႔ သက္ဆိုင္ ရာနယ္ပယ္အသီးသီးတြင္ ထိေရာက္စြာအက်ိဳးရွိရွိ အသုံးခ်နိဳင္မည္ျဖစ္သည္။

ထို႔ျပင္ တပ္မေတာ္ေဆးတကၠသိုလ္ Theatre ခန္းမ၌ IMPLEMENTING APPROPRIATE STANDARD SETTING IN DSMA ေခါင္းစဥ္ျဖင့္ ေမ ၆ ရက္တြင္ ဆက္လက္က်င္းပျပဳလုပ္သြားမည္ျဖစ္ကာ (၂၉)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ဆိုင္ရာႏွီးႏွော ဖလွယ္ပြဲကို ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀)ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးမဂၤလာဒုံ ၿမိဳ႕နယ္ရွိ တပ္မေတာ္အရိုးေရာဂါအထူးကုေဆး႐ုံႀကီး(ခုတင္-၅၀၀) တို႔၌ ေမ ၉ ရက္မွ ၁၁ ရက္အထိ Hybird စနစ္ျဖင့္က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္ႏွင့္ရန္ကုန္ရွိ တပ္မေတာ္ေဆး႐ုံ/ ေဆးတပ္မ်ားမွ လူကိုယ္တိုင္တက္ေရာက္၍ လည္းေကာင္း၊ အျခားတပ္မေတာ္ေဆး႐ုံ/ ေဆးတပ္မ်ားမွ Online စနစ္ျဖင့္ လည္းေကာင္း ပါဝင္ေဆြးႏြေးၾကမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

#mhtnews