(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်- ၅၀၀) တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်းဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် Major Symposium အဖြစ် Developmentand ChangesWeNeed: Medical EducationandImpact ofthe COVID-19၊Clinical Session ကို လည်းကောင်း၊ အခြား Symposium များအဖြစ်Nurses’ Resilience inMyanmarMilitaryinthe FaceofCOVID-19 ၊ Optimising PulmonaryFunctionby Rehabilitation ၊QualityCare in Anaesthesia: Nurturing the Culture inCOVID-19 Era ၊ COVID-19andPatients with CKDon Maintenance Haemodialysis ၊ Impact of Recent ChangesinCOVID-19 Pandemic from Women’s Health Perspective ၊Mistakes in Gastro- enterologyand Hepatology ၊COVID-19: ChallengesforPhysicians၊ Medicolegal Issuesin Obstetrics and Gynaecology ၊ Building Shared Vision in Myanmar Military Medical Practice နှင့် SpecialTalk ၃ ခု တို့ကို Auditorium၄ နေရာ၌ ဆွေးနွေးကြသည်ဟုဆိုသည်။

ထို့အပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ စိတ်ရောဂါပညာ၊ ပြည်သူ့ကျန်းမာရေး၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးပညာသင်ကြားရေး၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ သူနာပြုပညာ၊ မေ့ဆေးပညာ၊ အရိုးရောဂါကုပညာ စသည့် ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းစုစုပေါင်း ၄၅ စောင် တို့ကို Auditorium ၄ နေရာတွင် ပါဝင်ဖတ်ကြား တင်သွင်းကြသည်။

ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို ညနေပိုင်းတွင် ရပ်နား၍ မေလ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများ အနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် – ၁၀၀၀) တွင် ၁၁၃ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး(ခုတင်- ၅၀၀) တွင် ၂၂၄ ဦး စုစုပေါင်း ၃၃၇ ဦး တက်ရောက်ခဲ့ပြီးOnline မှ တက်ရောက်သူများအနေဖြင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု (အရာရှိ)နှင့်သူနာပြု စုစုပေါင်း ၅၀၈ ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“(၂၉)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲ ဒုတိယေန႕ ဆက္လက္က်င္းပ”

(၂၉)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ဆိုင္ရာ ႏွီးႏွောဖလွယ္ပြဲ ဒုတိယေန႕ကို ယမန္ေန႕နံနက္ပိုင္းက ေနျပည္ေတာ္ရွိ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္- ၁၀၀၀)ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္အရိုးေရာဂါ အထူးကုေဆး႐ုံႀကီး(ခုတင္- ၅၀၀) တို႔၌ Online Hybrid စနစ္ျဖင့္ တစ္ၿပိဳင္နက္တည္းဆက္လက္ က်င္းပျပဳလုပ္ရာ တပ္မေတာ္ ေဆးသုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဥကၠ႒၊ ေဆးဝန္ထမ္း ၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ကိုကိုလြင္၊ ေဆးဝန္ထမ္းတပ္ဖြဲ႕မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ပါရဂူမ်ား၊ ေဆးမႉးမ်ား၊ သူနာျပဳအရာရွိမ်ား၊ သူနာျပဳမ်ား၊ နိုင္ငံတကာမွ ေဆးပညာရွင္မ်ား၊ ေဆးဝန္ထမ္းတပ္ဖြဲ႕မွ အၿငိမ္းစားအရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါ ႏွီးႏွောဖလွယ္ပြဲ ဒုတိယေန႕တြင္ Major Symposium အျဖစ္ Developmentand ChangesWeNeed: Medical EducationandImpact ofthe COVID-19၊Clinical Session ကို လည္းေကာင္း၊ အျခား Symposium မ်ားအျဖစ္Nurses Resilience inMyanmarMilitaryinthe FaceofCOVID-19 ၊ Optimising PulmonaryFunctionby Rehabilitation ၊QualityCare in Anaesthesia: Nurturing the Culture inCOVID-19 Era ၊ COVID-19andPatients with CKDon Maintenance Haemodialysis ၊ Impact of Recent ChangesinCOVID-19 Pandemic from Womens Health Perspective ၊Mistakes in Gastro- enterologyand Hepatology ၊COVID-19: ChallengesforPhysicians၊ Medicolegal Issuesin Obstetrics and Gynaecology ၊ Building Shared Vision in Myanmar Military Medical Practice ႏွင့္ SpecialTalk ၃ ခုတို႔ကို Auditorium၄ ေနရာ၌ ေဆြးႏြေးၾကသည္ဟုဆိုသည္။

ထို႔အျပင္ သုေတသနစာတမ္းမ်ားအျဖစ္ ေဆးပညာ၊ စိတ္ေရာဂါပညာ၊ ျပည္သူ႕က်န္းမာေရး၊ ေဆးဝါးေဗဒ၊ အဏုဇီဝေဗဒ၊ ေဆးပညာသင္ၾကားေရး၊ ဇီဝကမၼေဗဒ၊ ဇီဝဓာတုေဗဒ၊ ေရာဂါေဗဒ၊ သူနာျပဳပညာ၊ ေမ့ေဆးပညာ၊ အရိုးေရာဂါကုပညာ စသည့္ ဘာသာရပ္ဆိုင္ရာ သုေတသန စာတမ္းစုစုေပါင္း ၄၅ ေစာင္ တို႔ကို Auditorium ၄ ေနရာတြင္ ပါဝင္ဖတ္ၾကား တင္သြင္းၾကသည္။

ထို႔ျပင္ တက္ေရာက္လာသူမ်ားက သိလိုသည္မ်ားကို ေမးျမန္းၾကရာ သက္ဆိုင္ရာ သုေတသီတို႔က ရွင္းလင္းေျဖၾကားေဆြးႏြေးၾကၿပီး ဒုတိယေန႕အစီအစဥ္မ်ားကို ညေနပိုင္းတြင္ ရပ္နား၍ ေမလ ၁၁ ရက္တြင္ ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ႏွီးႏွောဖလွယ္ပြဲသို႔ Inperson တက္ေရာက္သူမ်ား အေနျဖင့္ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္ – ၁၀၀၀) တြင္ ၁၁၃ ဦးႏွင့္ တပ္မေတာ္အရိုးေရာဂါ အထူးကု ေဆး႐ုံႀကီး(ခုတင္- ၅၀၀) တြင္ ၂၂၄ ဦး စုစုေပါင္း ၃၃၇ ဦး တက္ေရာက္ခဲ့ၿပီးOnline မွ တက္ေရာက္သူမ်ားအေနျဖင့္ ေဆးဝန္ထမ္း တပ္ဖြဲ႕မွ အၿငိမ္းစားအရာရွိႀကီးမ်ား၊ အျခားတပ္မေတာ္ေဆး႐ုံ၊ ေဆးတပ္အသီးသီးတို႔မွ ပါရဂူ၊ ေဆးမႉး၊ သူနာျပဳ (အရာရွိ)ႏွင့္သူနာျပဳ စုစုေပါင္း ၅၀၈ ဦးတက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

#mhtnews