ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လုပ်ကွက်များမှ ရွှေသတ္တုထူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တစ်လအတွင်း ရွှေသတ္တု ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားပြီးဖြစ်ရာ ထိုအထဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၁၈၉ ဒသမ ၄၃ ထရိုင်အောင်စဖြင့် အများဆုံး တူးဖော်ထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အလားတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း မန္တလေးတိုင်းဒေသကြီးမှ ၈၅ ဒသမ ၉၂ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ၂ ခုတိုမှ ရွှေသတ္တုစုစုပေါင်း ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ခြောက်လဘဏ္ဍာနှစ်အတွင်း လအလိုက်ရွှေသတ္တု ထုတ်လုပ် မှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရွှေသတ္တု ၃၆၀ ဒသမ ၃၇ ထရိုင် အောင်စ၊ နိုဝင်ဘာလတွင် ၃၀၃ ဒသမ ၄၂ ထရိုင်အောင်စ ၊ဒီဇင်ဘာလတွင် ၇၀၇ ဒသမ ၄၂ဝထရိုင်အောင်စ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၈၅ ဒသမ ၃၆ ထရိုင်အောင်စ၊ ဖေဖော်ဝါရီလတွင် ၃၁၈ ဒသမ ၀၂ ထရိုင်အောင်စ၊ မတ်လတွင် ၂၆၁ ဒသမ ၉၁ ထရိုင်အောင်စဖြင့် စုစုပေါင်း ၂၁၃၆ ဒသမ ၅၀ ထရိုင်အောင်စ ထုတ်လုပ်ထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တစ္လအတြင္း ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ ေ႐ႊသတၱဳလုပ္ကြက္မ်ားမွ အမ်ားဆုံးထုတ္လုပ္ထား”

ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားရွိ လုပ္ကြက္မ်ားမွ ေ႐ႊသတၱဳထူးေဖာ္ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လွ်က္ရွိရာ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တစ္လအတြင္း ေ႐ႊသတၱဳ ၂၇၅ ဒသမ ၃၅ ထရိုင္ေအာင္စ ထုတ္လုပ္ထားၿပီးျဖစ္ရာ ထိုအထဲတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ၁၈၉ ဒသမ ၄၃ ထရိုင္ေအာင္စျဖင့္ အမ်ားဆုံး တူးေဖာ္ထုတ္လုပ္ခဲ့ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အလားတူ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္ ဧၿပီလအတြင္း မႏၱေလးတိုင္းေဒသႀကီးမွ ၈၅ ဒသမ ၉၂ ထရိုင္ေအာင္စ ထုတ္လုပ္ခဲ့သျဖင့္ အဆိုပါ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၂ ခုတို႔မွ ေ႐ႊသတၱဳစုစုေပါင္း ၂၇၅ ဒသမ ၃၅ ထရိုင္ေအာင္စ ထုတ္လုပ္ထားျခင္းျဖစ္သည္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၂၂ ခုႏွစ္ မတ္လကုန္အထိ ေျခာက္လဘ႑ာႏွစ္အတြင္း လအလိုက္ေ႐ႊသတၱဳ ထုတ္လုပ္ မႈအေနျဖင့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလတြင္ ေ႐ႊသတၱဳ ၃၆၀ ဒသမ ၃၇ ထရိုင္ ေအာင္စ၊ နိုဝင္ဘာလတြင္ ၃၀၃ ဒသမ ၄၂ ထရိုင္ေအာင္စ ၊ဒီဇင္ဘာလတြင္ ၇၀၇ ဒသမ ၄၂ဝထရိုင္ေအာင္စ၊ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလတြင္ ၁၈၅ ဒသမ ၃၆ ထရိုင္ေအာင္စ၊ ေဖေဖာ္ဝါရီလတြင္ ၃၁၈ ဒသမ ၀၂ ထရိုင္ေအာင္စ၊ မတ္လတြင္ ၂၆၁ ဒသမ ၉၁ ထရိုင္ေအာင္စျဖင့္ စုစုေပါင္း ၂၁၃၆ ဒသမ ၅၀ ထရိုင္ေအာင္စ ထုတ္လုပ္ထားေၾကာင္း သိရသည္။
#mhtnews