
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားမှုပေါင်း ၂၉ မှုသာရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါတိုင်ကြားလာသောအမှုပေါင်း ၂၉ မှုတွင် ဖမ်းဆီးရမိမှု ၂၂ မှု၊ သတင်းမှားပေးမှု ငါးမှု၊ နောက်ကျသတင်းပေးမှု တစ်မှုနှင့် လက်ရှိဆောင်ရွက်ဆဲ တစ်မှုတို့ပါဝင်ပြီး သတင်းပေးတိုင်ကြားလာမှုအပေါ် အမှန်တကယ်ဖမ်းဆီးရ မိမှုမှာ ၇၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ဌာနမှဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိရာ ဖမ်းဆီးရမိသည့် အခြေအနေများနှင့် တိုင်ကြားလာမှုများကို နှိုင်းယှဉ်ရာတွင် တိုင်ကြားမှုမှာလျော့နည်းနေသော အခြေ အနေဖြစ်သဖြင့် အများပြည်သူဘက်မှ တိုင်ကြားမှုများကို အလွယ်တကူလုပ်ဆောင်ကာ ပူးပေါင်းပါဝင်တိုင်ကြားနိုင်ရန် လိုအပ်သည့် စီမံမှုများဖြင့် ပြင်ဆင်နေကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲမှာ ၈၄၆ မှု ခန့်မှန်း တန်ဖိုးကျပ် ၁၂ ဒသမ ၉၀၄ ဘီလီယံဖြစ်သလို ဇန်နဝါရီလတွင် အမှုတွဲ ၂၉၈ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၆ ဒသမ ၃၂၄ ဘီလီယံ၊ ဖေဖော်ဝါရီ လတွင် ၂၄၇ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၃ ဒသမ ၁၅၀ ဘီလီယံ၊ မတ်လတွင် ၃၀၁ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၃ ဒသမ ၄၃၀ ဘီလီယံ တို့ ဖမ်းဆီးရမိခဲ့သည်။
ယခင်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၅၀၁ မှု၊ ခန့် မှန်းတန်ဖိုး ကျပ် ၁ ဒသမ ၈၁၅ ဘီလီယံ ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှု တန်ဖိုးစုစုပေါင်းမှာ ကျပ် ၈ ဒသမ ၄၅၉ ဘီလီယံ ဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
#mhtnews

(Zawgyi)
“၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ ၄ လအတြင္း တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍ သတင္းေပးတိုင္ၾကားမႈ ၂၉ မႈသာရွိခဲ့သျဖင့္ သတင္းေပးတိုင္ၾကားမႈ လြယ္ကူေစရန္ စီမံေဆာင္႐ြက္လွ်က္ရွိ”
၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ဧၿပီလအထိ ၄ လတာကာလအတြင္း တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍ သတင္းေပးတိုင္ၾကားမႈေပါင္း ၂၉ မႈသာရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါတိုင္ၾကားလာေသာအမႈေပါင္း ၂၉ မႈတြင္ ဖမ္းဆီးရမိမႈ ၂၂ မႈ၊ သတင္းမွားေပးမႈ ငါးမႈ၊ ေနာက္က်သတင္းေပးမႈ တစ္မႈႏွင့္ လက္ရွိေဆာင္႐ြက္ဆဲ တစ္မႈတို႔ပါဝင္ၿပီး သတင္းေပးတိုင္ၾကားလာမႈအေပၚ အမွန္တကယ္ဖမ္းဆီးရ မိမႈမွာ ၇၆ ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း၊ တရားမဝင္ကုန္သြယ္မႈမ်ားကို ဌာနမွဖမ္းဆီးမႈမ်ားလုပ္ေဆာင္လ်က္ရွိရာ ဖမ္းဆီးရမိသည့္ အေျခအေနမ်ားႏွင့္ တိုင္ၾကားလာမႈမ်ားကို ႏွိုင္းယွဥ္ရာတြင္ တိုင္ၾကားမႈမွာေလ်ာ့နည္းေနေသာ အေျခ အေနျဖစ္သျဖင့္ အမ်ားျပည္သူဘက္မွ တိုင္ၾကားမႈမ်ားကို အလြယ္တကူလုပ္ေဆာင္ကာ ပူးေပါင္းပါဝင္တိုင္ၾကားနိုင္ရန္ လိုအပ္သည့္ စီမံမႈမ်ားျဖင့္ ျပင္ဆင္ေနၾကေၾကာင္း သိရသည္။
၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ မတ္လအထိ သုံးလတာအတြင္း ဖမ္းဆီးရမိမႈ စုစုေပါင္း အမႈတြဲမွာ ၈၄၆ မႈ ခန႔္မွန္း တန္ဖိုးက်ပ္ ၁၂ ဒသမ ၉၀၄ ဘီလီယံျဖစ္သလို ဇန္နဝါရီလတြင္ အမႈတြဲ ၂၉၈ မႈ၊ ခန႔္မွန္းတန္ဖိုး က်ပ္ ၆ ဒသမ ၃၂၄ ဘီလီယံ၊ ေဖေဖာ္ဝါရီ လတြင္ ၂၄၇ မႈ၊ ခန႔္မွန္းတန္ဖိုးက်ပ္ ၃ ဒသမ ၁၅၀ ဘီလီယံ၊ မတ္လတြင္ ၃၀၁ မႈ၊ ခန႔္မွန္း တန္ဖိုးက်ပ္ ၃ ဒသမ ၄၃၀ ဘီလီယံ တို႔ ဖမ္းဆီးရမိခဲ့သည္။
ယခင္ႏွစ္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလမွ မတ္လအထိ သုံးလတာအတြင္း ဖမ္းဆီးရမိမႈ စုစုေပါင္း အမႈတြဲ ၅၀၁ မႈ၊ ခန႔္ မွန္းတန္ဖိုး က်ပ္ ၁ ဒသမ ၈၁၅ ဘီလီယံ ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္တာကာလအတြင္း ဖမ္းဆီးရမိမႈ တန္ဖိုးစုစုေပါင္းမွာ က်ပ္ ၈ ဒသမ ၄၅၉ ဘီလီယံ ျဖစ္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။
#mhtnews
Recent Comments