ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ – လာအိုချစ်ကြည်ရေးတံတားကို ယနေ့ (မေ ၁၃ ရက်) နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းဖော်ပြမှုများအရ သိရသည်။

ကျိုင်းလပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံ၊တာ့ခ်ခရိုင်မှ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး Mr.Houmphan Chanthavong ဦးဆောင်သော အဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မြန်မာ -လာအို ကျိုင်းလပ်တံတား သည် ကုန်စည်ကူးသန်းရေးအတွက် အဓိကထားဆောင်ရွက်မည့်တံတားဖြစ်ပြီး လာအိုနိုင်ငံနှင့် ကုန်စည်ကူးသန်းရာ၌ ယာဉ်မောင်းများအနေဖြင့် ကိုဗစ်ရောဂါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်လိုအပ်ပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးရန် လိုအပ်သည့်အပြင် (၁၄)ရက် တစ်ကြိမ် ကိုဗစ် (၁၉)ရောဂါ ရှိ၊မရှိ စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ကုန်စည်ကူးသန်းသည့်အခါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂)ဦးသာ လိုက်ပါရမည်ဖြစ်ပြီး သတ်မှတ်သည့် ကုန်ချကွင်း၌သာ ကုန်တင်ကုန်ချ ပြုလုပ်ရမည်ဖြစ်ကာ မြန်မာနိုင်ငံမှ တင်သွင်းခွင့်ပြုသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် လာအိုမှ လက်ခံရမည်ဖြစ်ကြောင်းနှင့် ထိုမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရမည်ဟူသော အချက်အလက်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြသည်ဟုဆိုသည်။

ယခုဖွင့်လှစ်သည့်တံတားကို မြန်မာ စံတော်ချိန် နံနက် (၇)နာရီမှ ညနေ (၅)နာရီထိ နေ့စဉ်ဖွင့်လှစ်မည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်သူများအနေနှင့် နေ့ချင်းပြန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု သိရှိရသည်။

#mhtnews

(Zawgyi)

“၂ႏွစ္ေက်ာ္ပိတ္ထားသည့္ တာခ်ီလိတ္ခရိုင္အတြင္းမွ ျမန္မာ – လာအို ခ်စ္ၾကည္ေရးတံတား ယေန႕ ျပန္လည္စတင္ဖြင့္လွစ္”

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္းရွိ ျမန္မာ – လာအိုခ်စ္ၾကည္ေရးတံတားကို ယေန႕ (ေမ ၁၃ ရက္) နံနက္ပိုင္းတြင္ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း ေဒသတြင္းသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

က်ိဳင္းလပ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မ်ိဳးေထြး ဦးေဆာင္ေသာ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ လာအိုနိုင္ငံ၊တာ့ခ္ခရိုင္မွ ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး Mr.Houmphan Chanthavong ဦးေဆာင္ေသာ အဖြဲ႕တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ျမန္မာ -လာအို က်ိဳင္းလပ္တံတား သည္ ကုန္စည္ကူးသန္းေရးအတြက္ အဓိကထားေဆာင္႐ြက္မည့္တံတားျဖစ္ၿပီး လာအိုနိုင္ငံႏွင့္ ကုန္စည္ကူးသန္းရာ၌ ယာဥ္ေမာင္းမ်ားအေနျဖင့္ ကိုဗစ္ေရာဂါ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို လိုက္နာရန္လိုအပ္ၿပီး ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ေဆး (၂)ႀကိမ္ ထိုးႏွံၿပီးရန္ လိုအပ္သည့္အျပင္ (၁၄)ရက္ တစ္ႀကိမ္ ကိုဗစ္ (၁၉)ေရာဂါ ရွိ၊မရွိ စမ္းသပ္စစ္ေဆးရန္ လိုအပ္ေၾကာင္း သိရသည္။

ထို႔အျပင္ ကုန္စည္ကူးသန္းသည့္အခါ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၂)ဦးသာ လိုက္ပါရမည္ျဖစ္ၿပီး သတ္မွတ္သည့္ ကုန္ခ်ကြင္း၌သာ ကုန္တင္ကုန္ခ် ျပဳလုပ္ရမည္ျဖစ္ကာ ျမန္မာနိုင္ငံမွ တင္သြင္းခြင့္ျပဳသည့္ ကုန္ပစၥည္းမ်ားကို ပို႔ေဆာင္ရာတြင္ လာအိုမွ လက္ခံရမည္ျဖစ္ေၾကာင္းႏွင့္ ထိုမွတဆင့္ တ႐ုတ္နိုင္ငံသို႔ ပို႔ေဆာင္ရမည္ဟူေသာ အခ်က္အလက္မ်ားကို ညွိႏွိုင္း ေဆြးႏြေးခဲ့ၾကၿပီး သေဘာတူညီမႈ ရရွိခဲ့ၾကသည္ဟုဆိုသည္။

ယခုဖြင့္လွစ္သည့္တံတားကို ျမန္မာ စံေတာ္ခ်ိန္ နံနက္ (၇)နာရီမွ ညေန (၅)နာရီထိ ေန႕စဥ္ဖြင့္လွစ္မည္ျဖစ္ၿပီး ကုန္စည္ပို႔ေဆာင္သူမ်ားအေနႏွင့္ ေန႕ခ်င္းျပန္ ေဆာင္႐ြက္ရမည္ျဖစ္သည္ဟု သိရွိရသည္။

#mhtnews