လာမည့် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ (မေ ၁ ရက်)နေ့၊ နံနက် ၈ နာရီအချိန်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲဝင်အင်အား (၁၀၀)ဦးတိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ်၊ အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၅၀၀)တွင် သွေးလှူဒါန်းခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှ သိရသည်။
အလားတူ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြိုနယ်၊ဓာတုစယဓာတ်ပေါင်းစုစေတီတော်ရှိ ဘုရားရင်ပြင်တော်နှင့် ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေသပ္ပာယ်ခြင်းလုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူမှ ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲဝင်များ၊ မိသားစုဝင်များဖြင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုအပြင် ပြည်သူများ၏ ကျန်းမာရေးကူညီစောင့်ရှောက်ရေးအကျိုးပြုလုပ်ငန်းအတွက် နေပြည်တော်၊ လယ်ဝေးမြိုနယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ သွေးလိုအပ်သော လူနာများအတွက် မီးသတ်တပ်ဖွဲဝင်များမှ စုပေါင်းသွေးလှူဒါန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး အားဖြည့်အစာအဟာရများနှင့်ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ရန်ကုန်နှင့် နေပြည်တော်တို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်မှုပြုလုပ်”
လာမည့် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ (မေ ၁ ရက်)နေ့၊ နံနက် ၈ နာရီအချိန်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀၀)ဦးတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၅၀၀)တွင် သွေးလှူဒါန်းခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
အလားတူ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ဓာတုစယဓာတ်ပေါင်းစုစေတီတော်ရှိ ဘုရားရင်ပြင်တော်နှင့် ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေသပ္ပာယ်ခြင်းလုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူမှ ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များဖြင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
ထို့အပြင် ပြည်သူများ၏ ကျန်းမာရေးကူညီစောင့်ရှောက်ရေးအကျိးပြုလုပ်ငန်းအတွက် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ သွေးလိုအပ်သော လူနာများအတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး အားဖြည့်အစာအဟာရများနှင့်ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#mhtnews
Recent Comments