အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်၏ အကြီးဆုံးမြို့၌ ရေအရင်းအမြစ်များ အငွေ့ပျံဆုံးရှုံးသွားသဖြင့် မောပန်းနွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေသော ငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ်ကောက်ယူပြုစုနေရကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားများ က ပြောပြသည်ဟု Reuters သတင်းဌာနက မေ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြုစုကုသပေးခဲ့ရသည့် ငှက်အရေအတွက် ထောင်နှင့်ချီ၍ ရှိနေကြောင်း၊ ခို သို့မဟုတ် စွန်ကဲ့သို့ အမြင့်ပျံငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ်ယူဆောင်လာနေကြကြောင်း ဂူဂျာရတ်ပြည်နယ်၊ အာမက်ဒဘက်မြို့ ကုသိုလ်ဖြစ် တိရစ္ဆာန်ဆေးရုံမှ ဆရာဝန်များက ရှင်းပြသည်။

“ယခုနှစ်အတွင်း လောလောဆယ်ကာလဟာ အဆိုးဆုံးရွားဆုံး ဖြစ်ပြီး ကယ်တင်ပေးဖို့လိုအပ်တဲ့ ငှက်အရေအတွက်ဟာ ၁ဝ ရာခိုင်နှုန်း တိုးမြင့်လာတာကို တွေ့ခဲ့ရပါတယ်” ဟု ဆေးရုံနှင့်နီးကပ်စွာ အလုပ်လုပ်ရင်း ငှက်များကို ဆယ်စုနှစ်တစ်ခုကျော်ကယ်တင်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ ကုသိုလ်ဖြစ်ဆေးရုံမှ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် ငှက်ငယ်လေးများကို ဗီတာမင်အစုံပါဝင်သော ဆေးပြားများကျွေးမွေးပြီး ပါးစပ်ထဲသို့လည်း ဆေးရည်များထိုးသွင်းကုသပေးလျှက်ရှိသည်။

ဂူဂျာရတ်ပြည်နယ် ကျန်းမာရေးအရာရှိများက အပူချိန်မြင့်တက်လွန်းသဖြင့် အများပြည်သူအနေဖြင့် အပူကြောင့် လေဖြတ်ခြင်းအပြင် အခြားအပူနှင့်ဆက်စပ်ရောဂါများအတွက် အထူးကုသဆောင်များ ထူထောင်ထားရှိကြရန် ပြည်နယ်အတွင်း ဆေးရုံများသို့ အကြံပြုချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

#mhtnews

(Zawgyi)

“အိန္ဒိယနိုင်ငံမှာ အပူဒဏ်ကြောင့် ရေဓာတ်ခန်းခြောက်နေသော ငှက်ဒါဇင်ပေါင်းများစွာ ကောင်းကင်မှပြုတ်ကျနေတဲ့အတွက် ကယ်ဆယ်ရေးသမားများက နေ့စဉ်ကောက်ယူပြုစုနေရ”

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်၏ အကြီးဆုံးမြို့၌ ရေအရင်းအမြစ်များ အငွေ့ပျံဆုံးရှုံးသွားသဖြင့် မောပန်းနွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေသော ငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ်ကောက်ယူပြုစုနေရကြောင်း တိရစ်ဆာန်ဆေးကုဆရာဝန်များနဲ့ တိရစ်ဆာန်ကယ်ဆယ်ရေးသမားများ က ပြောပြသည်ဟု Reuters သတင်းဌာနက မေ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြုစုကုသပေးခဲ့ရသည့် ငှက်အရေအတွက် ထောင်နှင့်ချီ၍ ရှိနေကြောင်း၊ ခို သို့မဟုတ် စွန်ကဲ့သို့ အမြင့်ပျံငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ်ယူဆောင်လာနေကြကြောင်း ဂူဂျာရတ်ပြည်နယ်၊ အာမက်ဒဘက်မြို့ ကုသိုလ်ဖြစ် တိရစ်ဆာန်ဆေးရုံမှ ဆရာဝန်များက ရှင်းပြသည်။


အဆိုပါ ကုသိုလ်ဖြစ်ဆေးရုံမှ တိရစ်ဆာန်ဆေးကုဆရာဝန်များသည် ငှက်ငယ်လေးများကို ဗီတာမင်အစုံပါဝင်သော ဆေးပြားများကျွေးမွေးပြီး ပါးစပ်ထဲသို့လည်း ဆေးရည်များထိုးသွင်းကုသပေးလျှက်ရှိသည်။


#mhtnews