ယနေ့ (မေ ၂၀ ရက်) မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော အား ကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို ရောက်ရှိ ခဲ့ကာ၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို(Bilu Island)၏ အနောက် တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို(Mawlamyaine)၏ အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို(Paung)၏ ‌တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို(Thaton)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ခရမ်းမြို(Khayan)၏ အရှေ့ တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ နောက် ၆ နာရီအတွင်း မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြိုအနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#mhtnews

(Zawgyi)
“အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောမုန်တိုင်းငယ်အဖြစ်ပြောင်းလာပြီး မြန်မာနိုင်ငံ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့်အခြေအနေရှိသဖြင့် အနီရောင်အဆင့်သတ်မှတ်ထား”

ယနေ့ (မေ ၂၀ ရက်) မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော အား ကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ကာ၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့(Bilu Island)၏ အနောက် တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့(Mawlamyaine)၏ အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို့(Paung)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့(Thaton)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ခရမ်းမြို့(Khayan)၏ အရှေ့ တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ နောက် ၆ နာရီအတွင်း မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#mhtnews