မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှယူ-၁၇နှင့် ယူ -၂၀ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များအတွက် အုပ်စု မဲခွဲပွဲ အခမ်းအနားကို ယနေ့ (မေ ၂၄ ရက်)တွင် ကျင်းပခဲ့ရာ မြန်မာ ယူ- ၁၇ အသင်းအနေဖြင့် အုပ်စု(ဃ) တွင် ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ ကူဝိတ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး မြန်မာ ယူ- ၂၀ အသင်းအနေဖြင့် အုပ်စု (က)တွင် ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဉဇဘက်ကစ္စတန်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

အဆိုပါ အာရှ ယူ- ၁၇ ခြေစစ်ပွဲများကို လာမည့် အောက်တိုဘာ ၁ရက်မှ ၉ရက် အထိကျင်းပသွားမည်ဖြစ်ပြီး အာရှတိုက်အတွင်းမှ လက်ရွေးစင်အသင်း ၄၄ သင်းကို အုပ်စု ၁၀ စုခွဲကာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စု ပထမ ၁၀ သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းတို ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

အလားတူ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသင်း ၄၄ သင်းကို အုပ်စု ၁၀ စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ကာ အုပ်စုဗိုလ် ၁၀ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယ ၅သင်းတို ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

အာရှ ယူ- ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် ၂၀၂၃ ခုနှစ်အတွင်း ဘာရိန်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အာရှ ယူ- ၂၀ ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အာရှ ယူ-၁၇ နှင့် ယူ -၂၀ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များအတွက် အုပ်စုမဲခွဲ၊ မြန်မာအသင်းက အုပ်စု (ဃ) နှင့် အုပ်စု (က) တို့တွင် ပါဝင်”


အဆိုပါ အာရှ ယူ- ၁၇ ခြေစစ်ပွဲများကို လာမည့် အောက်တိုဘာ ၁ရက်မှ ၉ရက် အထိကျင်းပသွားမည်ဖြစ်ပြီး အာရှတိုက်အတွင်းမှ လက်ရွေးစင်အသင်း ၄၄ သင်းကို အုပ်စု ၁၀ စုခွဲကာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စု ပထမ ၁၀ သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းတို့ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

အလားတူ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသင်း ၄၄ သင်းကို အုပ်စု ၁၀ စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ကာ အုပ်စုဗိုလ် ၁၀ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယ ၅သင်းတို့ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

#mhtnews