အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံရေးဝန်ကြီး ပရက်ဆိုခွန်အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ထပ်မံ လာရောက်ရန် စီစဉ်နေကြောင်း သိရသည်။

ပရက်ဆိုခွန်သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို မေ ၆ ရက်နေ့က တက်ရောက်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံသို့လာရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ယခု ဒုတိယအကြိမ်လာရောက်မည့် ခရီးစဥ်နှင့်ပတ်သက်၍ ရက်အတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အာဆီယံအနေဖြင့် မေလ ၆ ရက်နေ့မှစတင်ကာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မြန်မာနိုင်ငံသို့ လူသားချင်းစာမှုဆိုင်ရာ အကူအညီများပေးရန် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ရာ နစက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အဆိုပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

#mhtnews

(((Zawgyi)))

“အာဆီယံ၏ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ျမန္မာနိုင္ငံသို႔ ဒုတိယအႀကိမ္ ထပ္မံလာေရာက္ရန္ စီစဥ္ေန”

အာဆီယံ၏ ျမန္မာနိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ျဖစ္သည့္ ကေမၻာဒီးယား နိုင္ငံေရးဝန္ႀကီး ပရက္ဆိုခြန္အေနျဖင့္ ျမန္မာနိုင္ငံသို႔ ဒုတိယအႀကိမ္အျဖစ္ ထပ္မံ လာေရာက္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ပရက္ဆိုခြန္သည္ ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကူညီေပးေရးဆိုင္ရာ ေဆြးႏြေးပြဲကို ေမ ၆ ရက္ေန႕က တက္ေရာက္ေဆြးႏြေးၿပီးေနာက္ ျမန္မာနိုင္ငံသို႔လာရန္ ျပင္ဆင္ေနေၾကာင္း သတင္းထြက္ေပၚခဲ့ျခင္းျဖစ္သည္။

၎အေနျဖင့္ ၿပီးခဲ့သည့္ မတ္လအတြင္းက ျမန္မာနိုင္ငံသို႔ ပထမအႀကိမ္ လာေရာက္ခဲ့ၿပီး နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ယခု ဒုတိယအႀကိမ္လာေရာက္မည့္ ခရီးစဥ္ႏွင့္ပတ္သက္၍ ရက္အတိအက်ကိဳ ထုတ္ျပန္ထားျခင္းမရွိေသးေပ။

အာဆီယံအေနျဖင့္ ေမလ ၆ ရက္ေန႕မွစတင္ကာ ကေမၻာဒီးယားနိုင္ငံ ဖႏြမ္းပင္ၿမိဳ႕၌ ျမန္မာနိုင္ငံသို႔ လူသားခ်င္းစာမႈဆိုင္ရာ အကူအညီမ်ားေပးရန္ အစည္းအေဝးတစ္ရပ္ျပဳလုပ္ခဲ့ရာ နစက အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ အဆိုပါ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

#mhtnews