အာဆီယံဒေသအတွင်း အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် ASEAN Mutual Recognition Arrangementon Tourism Professionals (ASEAN MRA-TP) အကောင်အထည်ဖော်မှုကို မြှင့်တင်နိုင်ရေး လေ့လာသုံးသပ်မှုစာတမ်းကို အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (Economic Research Institute for ASEAN and East Asia-ERIA) က ရေးဆွဲပြုစုလျက်ရှိရာ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထား အကြံပြုချက်များ ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ ဆက်စပ်ဌာနများ၊ တက္ကသိုလ်ကောလိပ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားရှိသည့် နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ASEAN MRA-TP တွင် ဟိုတယ်နှင့်ခရီး လှည့်လည်ရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ၃၂မျိုးအပြင် Meeting, Incentive, Convention, Exhibition-MICE နှင့် Event ဆိုင်ရာ အလုပ်အကိုင်များကို ထပ်မံတိုးချဲ့ထည့်သွင်းရေး နောက်ဆက်တွဲ ပြင်ဆင်ချက် အခြေပြစာချုပ်ကို အာဆီယံခရီး သွားလုပ်ငန်းဝန်ကြီးများက လက်မှတ်ရေးထိုးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ လာအိုနိုင်ငံမှ လက်မှတ်ရေးထိုးရန် ကျန်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး စုံညီစွာလက်မှတ်ရေးထိုးပြီးပါက အဆိုပါ သဘောတူညီချက် အတည်ပြုဝင်ရောက်ရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် ယခုလေ့လာသုံးသပ်မှုသည် ၁၀ နှစ်တွင် (၁)ကြိမ် ဆောင်ရွက်ခြင်းဖြစ်၍ အစီရင်ခံစာမှတစ်ဆင့် ASEAN MRA-TP အကောင်အထည်ဖော်ဆောင်မှုကို ထိထိရောက်ရောက် အထောက်အကူပြုစေရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသန အဖွဲ့မှ အကြီးတန်းစီးပွားရေး အကြံပေး Dr. Aladdin Rillo က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ASEAN MRA-TP အကောင်အထည်ဖော်ဆောင်ရေး သဘော တူညီချက် လက်မှတ်ရေးထိုးမှုသည် ၂၀၂၂ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လေ့လာ သုံးသပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် အားနည်းချက်၊ အားသာချက်များကို လေ့လာဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် ပိုမို ကောင်းမွန်သော အကြံပြုချက်များဖြင့် အရည်အသွေး ပြည့်ဝသော ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေး၊ ကျွမ်းကျင်မှုများကို စစ်ဆေး အကဲဖြတ်သည့် လုပ်ငန်းစဉ်များ ပိုမို ရှင်းလင်း လွယ်ကူရေး၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုထိရောက်နိုင်စေရန် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံအတွင်း MRA-TP အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအနက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ အပါအဝင် အကောင်အထည် ဖော်မှုတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်း ကျောင်းများနှင့် ကျွမ်း ကျင်ပညာရှင်များ မွေးထုတ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့လွယ်ကူစေရေး အကြံပြုချက်များ၊ ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်းလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေး​ ဖြေလျှော့ဆောင်ရွက်ပေး နေမှုများနှင့် ထိုသို့ဖြေလျှော့ပေးရာတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူ အခွင့်အလမ်း ရရှိနိုင်ရေး အလေးပေး ဆောင်ရွက်စေလိုသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

#mhtnews

(Zawgyi)

“အာဆီယံေဒသအတြင္း အာဆီယံခရီးသြားလုပ္ငန္း ကြၽမ္းက်င္ပညာရွင္မ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္ အေကာင္အထည္ေဖာ္မႈ ျမႇင့္တင္နိုင္ေရး အာဆီယံႏွင့္ အေရွ႕အာရွစီးပြားေရး သုေတသနအဖြဲ႕ႏွင့္ ျမန္မာနိုင္ငံမွ ဟိုတယ္ႏွင့္ခရီးသြား လုပ္ငန္းဆိုင္ရာ အစိုးရႏွင့္ ပုဂၢလိကကိုယ္စားလွယ္မ်ား ေတြ႕ဆုံေဆြးႏြေး”

အာဆီယံေဒသအတြင္း အာဆီယံ ခရီးသြားလုပ္ငန္း ကြၽမ္းက်င္ပညာရွင္မ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္ ASEAN Mutual Recognition Arrangementon Tourism Professionals (ASEAN MRA-TP) အေကာင္အထည္ေဖာ္မႈကို ျမႇင့္တင္နိုင္ေရး ေလ့လာသုံးသပ္မႈစာတမ္းကို အာဆီယံႏွင့္ အေရွ႕အာရွစီးပြားေရး သုေတသနအဖြဲ႕ (Economic Research Institute for ASEAN and East Asia-ERIA) က ေရးဆြဲျပဳစုလ်က္ရွိရာ ျမန္မာနိုင္ငံတြင္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားႏွင့္ စပ္လ်ဥ္း၍ သေဘာထား အႀကံျပဳခ်က္မ်ား ရယူနိုင္ရန္အတြက္ ျမန္မာနိုင္ငံမွ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းဆိုင္ရာ အစိုးရႏွင့္ ပုဂၢလိက ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံေဆြးႏြေးပြဲကို ယမန္ေန႕နံနက္ပိုင္းတြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ Video Conferencing စနစ္ျဖင့္ က်င္းပခဲ့ေၾကာင္း သိရသည္။

ေဆြးႏြေးပြဲသို႔ ဟိုတယ္ႏွင့္ခရီး သြားလုပ္ငန္းဆိုင္ရာ ဆက္စပ္ဌာနမ်ား၊ တကၠသိုလ္ေကာလိပ္မ်ား၊ ပုဂၢလိကလုပ္ငန္းရွင္မ်ား၊ ခရီးသြားလုပ္ငန္း ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ ဖြဲ႕စည္းထားရွိသည့္ နိုင္ငံအဆင့္ ခရီးသြားလုပ္ငန္း ကြၽမ္းက်င္ပညာရွင္မ်ား အဖြဲ႕ႏွင့္ ခရီးသြားလုပ္ငန္းကြၽမ္းက်င္ ပညာရွင္မ်ား အသိအမွတ္ျပဳ လက္မွတ္ထုတ္ေပးေရးအဖြဲ႕တို႔မွ အဖြဲ႕ဝင္မ်ား၊ ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၊ ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ သက္ဆိုင္ရာ ပုဂၢလိကအသင္းအဖြဲ႕ ကိုယ္စားလွယ္မ်ားက Online ျဖင့္ တက္ေရာက္ၾကသည္။

ေဆြးႏြေးပြဲတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ယခုအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ ASEAN MRA-TP တြင္ ဟိုတယ္ႏွင့္ခရီး လွည့္လည္ေရး လုပ္ငန္းဆိုင္ရာ အလုပ္အကိုင္ ၃၂မ်ိဳးအျပင္ Meeting, Incentive, Convention, Exhibition-MICE ႏွင့္ Event ဆိုင္ရာ အလုပ္အကိုင္မ်ားကို ထပ္မံတိုးခ်ဲ့ထည့္သြင္းေရး ေနာက္ဆက္တြဲ ျပင္ဆင္ခ်က္ အေျချပစာခ်ဳပ္ကို အာဆီယံခရီး သြားလုပ္ငန္းဝန္ႀကီးမ်ားက လက္မွတ္ေရးထိုးလ်က္ရွိရာ ျမန္မာနိုင္ငံအေနျဖင့္ ၂၀၂၂ ခုႏွစ္ ဧၿပီ ၂၅ ရက္တြင္ ပါဝင္လက္မွတ္ ေရးထိုးခဲ့ၿပီးျဖစ္ေၾကာင္း၊ လာအိုနိုင္ငံမွ လက္မွတ္ေရးထိုးရန္ က်န္ရွိၿပီး အဖြဲ႕ဝင္နိုင္ငံမ်ားအားလုံး စုံညီစြာလက္မွတ္ေရးထိုးၿပီးပါက အဆိုပါ သေဘာတူညီခ်က္ အတည္ျပဳဝင္ေရာက္ေရး ကိစၥရပ္မ်ားကို ဆက္လက္ ေဆာင္႐ြက္သြားရန္ ရွိပါေၾကာင္း၊ တက္ေရာက္ လာသူမ်ားအေနျဖင့္ ယခုေလ့လာသုံးသပ္မႈသည္ ၁၀ ႏွစ္တြင္ (၁)ႀကိမ္ ေဆာင္႐ြက္ျခင္းျဖစ္၍ အစီရင္ခံစာမွတစ္ဆင့္ ASEAN MRA-TP အေကာင္အထည္ေဖာ္ေဆာင္မႈကို ထိထိေရာက္ေရာက္ အေထာက္အကူျပဳေစေရးအတြက္ လိုအပ္သည့္ အႀကံျပဳခ်က္မ်ားကို ဝိုင္းဝန္းေဆြးႏြေး ေပးၾကေစလိုေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍ အာဆီယံႏွင့္ အေရွ႕အာရွစီးပြားေရး သုေတသန အဖြဲ႕မွ အႀကီးတန္းစီးပြားေရး အႀကံေပး Dr. Aladdin Rillo က အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္ ASEAN MRA-TP အေကာင္အထည္ေဖာ္ေဆာင္ေရး သေဘာ တူညီခ်က္ လက္မွတ္ေရးထိုးမႈသည္ ၂၀၂၂ ခုႏွစ္တြင္ ၁၀ ႏွစ္ ျပည့္ေျမာက္မည္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သို႔ ေလ့လာ သုံးသပ္ျခင္းျဖင့္ အဖြဲ႕ဝင္နိုင္ငံအလိုက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ႀကဳံေတြ႕လ်က္ရွိသည့္ အားနည္းခ်က္၊ အားသာခ်က္မ်ားကို ေလ့လာေဖာ္ထုတ္နိုင္မည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ ပိုမို ေကာင္းမြန္ေသာ အႀကံျပဳခ်က္မ်ားျဖင့္ အရည္အေသြး ျပည့္ဝေသာ ဟိုတယ္ႏွင့္ခရီးသြား လုပ္ငန္းဆိုင္ရာ လူ႕စြမ္းအား အရင္းအျမစ္မ်ား ေမြးထုတ္နိုင္ေရး၊ ကြၽမ္းက်င္မႈမ်ားကို စစ္ေဆး အကဲျဖတ္သည့္ လုပ္ငန္းစဥ္မ်ား ပိုမို ရွင္းလင္း လြယ္ကူေရး၊ ကြၽမ္းက်င္လုပ္သားမ်ားအေနျဖင့္ အာဆီယံအဖြဲ႕ဝင္ နိုင္ငံမ်ားတြင္ ေ႐ႊ႕ေျပာင္း လုပ္ကိုင္နိုင္ေရး လုပ္ငန္းစဥ္မ်ားကို ယခုထက္ ပိုမိုထိေရာက္နိုင္ေစရန္ ျဖစ္ပါေၾကာင္း ရွင္းလင္းေဆြးႏြေး ေျပာၾကားသည္။

ထို႔ေနာက္ တက္ေရာက္လာသူမ်ားက ျမန္မာနိုင္ငံအတြင္း MRA-TP အေကာင္အထည္ေဖာ္ေဆာင္ေရး လုပ္ငန္းစဥ္မ်ားအနက္ အသိပညာေပး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈမ်ား အပါအဝင္ အေကာင္အထည္ ေဖာ္မႈတြင္ အစိုးရႏွင့္ပုဂၢလိကက႑အလိုက္ ႀကဳံေတြ႕ရသည့္ စိန္ေခၚမႈမ်ား၊ ခရီးသြားလုပ္ငန္းဆိုင္ရာ သင္တန္း ေက်ာင္းမ်ားႏွင့္ ကြၽမ္း က်င္ပညာရွင္မ်ား ေမြးထုတ္ရာတြင္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ား ပိုမိုေခ်ာေမြ႕လြယ္ကူေစေရး အႀကံျပဳခ်က္မ်ား၊ ကြၽမ္းက်င္လုပ္သားမ်ား ေ႐ႊ႕ေျပာင္းလုပ္ကိုင္မႈ လြယ္ကူေခ်ာေမြ႕ေစေရး ေျဖေလွ်ာ့ေဆာင္႐ြက္ေပး ေနမႈမ်ားႏွင့္ ထိုသို႔ေျဖေလွ်ာ့ေပးရာတြင္ အဖြဲ႕ဝင္နိုင္ငံမ်ားအားလုံး တန္းတူ အခြင့္အလမ္း ရရွိနိုင္ေရး အေလးေပး ေဆာင္႐ြက္ေစလိုသည့္ အခ်က္မ်ားကို ေဆြးႏြေး ညွိႏွိုင္းခဲ့ၾကေၾကာင္း သိရသည္။

#mhtnews