အသက် (၁၈) နှစ်အောက် ကလေးများ အလုပ်လုပ်ကိုင်နိုင်ရန် တားမြစ်ထားသည့် ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းအမျိုးအစားများနှင့် လုပ်ငန်းခွင်များစာရင်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးက ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် မိသားစု စားဝတ်နေရေးကို အထောက်အကူပြုမည့် လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော အသက် (၁၈) နှစ်အောက် ကလေးများလည်း အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး အသက်(၁၈)နှစ်အောက် ကလေးများအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်း အမျိုးအစားများနှင့် လုပ်ငန်းခွင်များစာရင်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်ဟု ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေရရှိပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိစေရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သော အဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက် စေရေးကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းခွင်အေးချမ်းသာယာစေရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုများ လျော့နည်းစေရေးသည် အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်ခြင်းကြောင့် လုပ်ငန်းများတွင် ဖြစ်ပွားသော အငြင်းပွားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်း ရေးကော်မတီ (WCC) များ၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များ၊ တိုင်းဒေသကြီး / ပြည်နယ်ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့ကို ဖွဲ့စည်းထားရှိပြီး အငြင်းပွားမှုများကို မျှမျှတတနှင့် သမာသမတ် ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေရေး ဆောင်ရွက် လျက်ရှိပါသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

#mhtnews

==========================

(Zawgyi)

“အသက္ (၁၈) ႏွစ္ေအာက္ ကေလးမ်ား အလုပ္လုပ္ကိုင္နိုင္ရန္ တားျမစ္ထားသည့္ ေဘးအႏၱရာယ္ျဖစ္ေစေသာ လုပ္ငန္းအမ်ိဳးအစားမ်ားႏွင့္ လုပ္ငန္းခြင္မ်ားစာရင္း အတည္ျပဳျပ႒ာန္းနိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးေျပာၾကား”

အသက္ (၁၈) ႏွစ္ေအာက္ ကေလးမ်ား အလုပ္လုပ္ကိုင္နိုင္ရန္ တားျမစ္ထားသည့္ ေဘးအႏၱရာယ္ျဖစ္ေစေသာ လုပ္ငန္းအမ်ိဳးအစားမ်ားႏွင့္ လုပ္ငန္းခြင္မ်ားစာရင္း အတည္ျပဳျပ႒ာန္းနိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ယေန႕က်ေရာက္သည့္ အလုပ္သမားေန႕အခမ္းအနားသို႔ေပးပို႔ေသာ သဝဏ္လႊာတြင္ ထည့္သြင္းေျပာၾကားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက ခ်စ္ၾကည္ေလးစားအပ္ပါေသာ အလုပ္သမားႀကီးမ်ားခင္ဗ်ား-

ျမန္မာနိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲနိုင္ငံတစ္နိုင္ငံျဖစ္ျခင္းေၾကာင့္ မိသားစု စားဝတ္ေနေရးကို အေထာက္အကူျပဳမည့္ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္လ်က္ရွိေသာ အသက္ (၁၈) ႏွစ္ေအာက္ ကေလးမ်ားလည္း အလုပ္လုပ္ကိုင္နိုင္ရန္ ရည္႐ြယ္ၿပီး အသက္(၁၈)ႏွစ္ေအာက္ ကေလးမ်ားအတြက္ တားျမစ္ထားသည့္ ေဘးအႏၱရာယ္ျဖစ္ေစေသာ လုပ္ငန္း အမ်ိဳးအစားမ်ားႏွင့္ လုပ္ငန္းခြင္မ်ားစာရင္း အတည္ျပဳျပ႒ာန္းနိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါသည္ဟု ထည့္သြင္းေျပာခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက စက္႐ုံ၊ အလုပ္႐ုံ၊ ဆိုင္၊ အလုပ္ဌာနမ်ား ပုံမွန္လည္ပတ္လုပ္ကိုင္နိုင္ေရးႏွင့္ ထုတ္လုပ္မႈ လုပ္ငန္းမ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္နိုင္ေရး၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစေရး၊ အလုပ္သမား၊ အလုပ္ရွင္မ်ား ဝင္ေငြရရွိၿပီး နိုင္ငံျခားဝင္ေငြမ်ား တိုးတက္ရရွိေစေရး တို႔အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားပါဝင္ေသာ အဖြဲ႕သည္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရး ၫႊန္ၾကားခ်က္၊ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လုပ္ကိုင္ေဆာင္႐ြက္ ေစေရးကို ၾကပ္မတ္စစ္ေဆး ေဆာင္႐ြက္လ်က္ရွိပါသည္။

လုပ္ငန္းခြင္ေအးခ်မ္းသာယာေစေရးႏွင့္ ကုန္ထုတ္လုပ္မႈ တိုးတက္ေရးတို႔အတြက္ လုပ္ငန္းခြင္ဆိုင္ရာ အျငင္းပြားမႈမ်ား ေလ်ာ့နည္းေစေရးသည္ အေရးပါေသာ က႑တစ္ရပ္ ျဖစ္ျခင္းေၾကာင့္ လုပ္ငန္းမ်ားတြင္ ျဖစ္ပြားေသာ အျငင္းပြားမႈမ်ားႏွင့္ပတ္သက္၍ ေျဖရွင္းေဆာင္႐ြက္နိုင္ရန္ အတြက္ အလုပ္ရွင္ႏွင့္ အလုပ္သမား ကိုယ္စားလွယ္မ်ားပါဝင္ေသာ အလုပ္သမားေရးရာ လုပ္ငန္းညွိႏွိုင္း ေရးေကာ္မတီ (WCC) မ်ား၊ အစိုးရ၊ အလုပ္ရွင္ႏွင့္ အလုပ္သမား ကိုယ္စားလွယ္မ်ား ပါဝင္ေသာ ၿမိဳ႕နယ္ညွိႏွိုင္းဖ်န္ေျဖေရး အဖြဲ႕မ်ား၊ တိုင္းေဒသႀကီး / ျပည္နယ္ခုံသမာဓိအဖြဲ႕မ်ားႏွင့္ ခုံသမာဓိေကာင္စီတို႔ကို ဖြဲ႕စည္းထားရွိၿပီး အျငင္းပြားမႈမ်ားကို မွ်မွ်တတႏွင့္ သမာသမတ္ ျဖင့္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးျဖစ္ေစေရး ေဆာင္႐ြက္ လ်က္ရွိပါသည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

#mhtnews