အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. Watanabe Hideo နှင့် အဖွဲ့အား ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး Japan Myanmar Association မှ Secretary General Mr. Watanabe Yusuke ၊ Head of Indo-Pacific Economic- Development ၏ Councillor Ando Haruhiko နှင့် Japan Myanmar Association မှ Secretary to Chairman ဦးသက်စိန်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးကဂျပန် နိုင်ငံသို့ G to G စနစ်ဖြင့် ဂျပန်နိုင်ငံရှိ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ရေးထိုး၍ သင်တန်းသားအလုပ်သမား ပို့ဆောင်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအလုပ်သင် အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဂျပန်ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြရာ Japan Myanmar Association မှ ဂျပန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ သင်တန်းသားအလုပ်သမားများ ပိုမိုခေါ်ယူလိုမှု၊ သင်တန်းသားအလုပ်သမား ပိုမိုပို့ဆောင်နိုင်ရန် ဂျပန်-မြန်မာ အသင်းအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေနှင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် Japan Myanmar Association (JMA) မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#mhtnews

(Zawgyi)

“အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္ Japan Myanmar Association (JMA) ဥကၠ႒ မစၥတာ ဝါတာနာေဘးႏွင့္အဖြဲ႕အား လက္ခံေတြ႕ဆုံ၍ ဂ်ပန္နိုင္ငံသို႔ သင္တန္းသားလုပ္သားမ်ား ပိုမိုေစလႊတ္နိုင္ေရး ေဆြးႏြေး”

အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္သည္ Japan Myanmar Association (JMA) ဥကၠ႒ Mr. Watanabe Hideo ႏွင့္ အဖြဲ႕အား ယမန္ေန႕နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ အဆိုပါဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံပြဲသို႔ အလုပ္သမားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းရွိန္ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး Japan Myanmar Association မွ Secretary General Mr. Watanabe Yusuke ၊ Head of Indo-Pacific Economic- Development ၏ Councillor Ando Haruhiko ႏွင့္ Japan Myanmar Association မွ Secretary to Chairman ဦးသက္စိန္တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာ၌ ျပည္ေထာင္စုဝန္ႀကီးကဂ်ပန္ နိုင္ငံသို႔ G to G စနစ္ျဖင့္ ဂ်ပန္နိုင္ငံရွိ တရားေရးဝန္ႀကီးဌာန၊ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ က်န္းမာေရး၊ အလုပ္သမားႏွင့္ သက္သာေခ်ာင္ခ်ိေရးဝန္ႀကီးဌာနတို႔ႏွင့္ ျမန္မာနိုင္ငံ အလုပ္သမားဝန္ႀကီးဌာနတို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈစာခြၽန္လႊာ (MoC) ေရးထိုး၍ သင္တန္းသားအလုပ္သမား ပို႔ေဆာင္လ်က္ရွိသည့္ အေျခအေန၊ ျမန္မာနိုင္ငံ၏ လူ႕စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျမန္မာအလုပ္သင္ အလုပ္သမားမ်ားႏွင့္ ကြၽမ္းက်င္လုပ္သားမ်ား ဂ်ပန္နိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ရာတြင္ ဂ်ပန္ဘက္မွ လိုအပ္သည့္အကူအညီမ်ား ပံ့ပိုးေပးနိုင္ေရးႏွင့္ ႏွစ္နိုင္ငံပူးေပါင္း ေဆာင္႐ြက္ေရးကိစၥမ်ားကို ေဆြးႏြေးခဲ့ၾကရာ Japan Myanmar Association မွ ဂ်ပန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာနိုင္ငံမွ သင္တန္းသားအလုပ္သမားမ်ား ပိုမိုေခၚယူလိုမႈ၊ သင္တန္းသားအလုပ္သမား ပိုမိုပို႔ေဆာင္နိုင္ရန္ ဂ်ပန္-ျမန္မာ အသင္းအေနျဖင့္ ျမန္မာနိုင္ငံရွိ အလုပ္သမားဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္႐ြက္မည့္ အေျခအေနႏွင့္ အလုပ္သမားေစလႊတ္ေရး လုပ္ငန္းစဥ္မ်ားတြင္ Japan Myanmar Association (JMA) မွ ပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားကို ျပန္လည္ေဆြးႏြေးခဲ့ၾကသည္ဟု သိရသည္။

#mhtnews