ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၅/၀ အနီးတွင် ယနေ့ (မေ ၁၄ ရက်) နံနက် ၄ နာရီခွဲအချိန်၌ Express ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးတွင်ရပ်ထားသော Counter ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကာ လူ ၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“Express ယာဉ်က ယောကျာ်းလေး၂ ယောက် ပွဲချင်းပြီးဆုံးတယ်၊ ၂ ယောက် ဒဏ်ရာရတယ်၊မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်မှ မန္တလေးဘက်သို ကုန်ပစ္စည်များတင်ဆောင် မောင်းနှင်လာသော Express ယာဉ်ပေါ်ပါ ကျား (၆) ဦးအနက်မှ ကျား (၂) ဦး သေဆုံး၍ ကျား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဥမင် နာရေးကူညီမှုအသင်းနှင့် 192 လူနာတင်ယာဉ်တိုဖြင့် တံတားဦးဆေးရုံသို ပိုဆောင်ခဲ့ပြီး ယာဥ်ကို ပေါ့ဆစွာမောင်းနှင်သည့် Express ယာဉ်မှ ယာဉ်မောင်းအား အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
#mhtnews

(Zawgyi)
“အမြန်လမ်း၌ ကုန်များတင်လာသည့် အဝေးပြေး Express ယာဉ်မောင်းအိပ်ငိုက်၍ ရပ်ထားသော ယာဉ်ကို ဝင်တိုက်မိပြီး လူ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ”

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၅/၀ အနီးတွင် ယနေ့ (မေ ၁၄ ရက်) နံနက် ၄ နာရီခွဲအချိန်၌ Express ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးတွင်ရပ်ထားသော Counter ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကာ လူ ၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


နေပြည်တော်မှ မန္တလေးဘက်သို့ ကုန်ပစ္စည်များတင်ဆောင် မောင်းနှင်လာသော Express ယာဉ်ပေါ်ပါ ကျား (၆) ဦးအနက်မှ ကျား (၂) ဦး သေဆုံး၍ ကျား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဥမင် နာရေးကူညီမှုအသင်းနှင့် 192 လူနာတင်ယာဉ်တို့ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်ကို ပေါ့ဆစွာမောင်းနှင်သည့် Express ယာဉ်မှ ယာဉ်မောင်းအား အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
#mhtnews