ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၌ ယခုရက်ပိုင်းအတွင်းက မြစ်အတွင်းအမှိုက်သန့်ရှင်းရေးပြုလုပ်စဉ် ယမ်း (၅၀၀) ကီလိုဂရမ်ခန့်ပါဝင်သော အလေးချိန် (၁)တန်ခန့်ရှိ အမေရိကန်၏ အကြီးစား လေကြောင်းဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းဗုံးသည် မြစ်ကြမ်းပြင်တွင် ရာစုနှစ်တစ်ဝက်နီးပါး နစ်မြုပ်နေခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းဖော်ပြများအရ သိရသည်။

ကမ္ဘောဒီးယား BELTEI International University မှ ပါမောက္ခ Joseph Matthews သည် ဆင်ဟွာသတင်းဌာန၏ အင်တာဗျူးတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်နိုင်ငံမှ ကြဲချသောဗုံးများအနက် မပေါက်ကွဲသေးသောလက်ကျန်ဗုံးများ ရှိနေသေးကြောင်း လူအများသည် ၎င်းကြောင့် အသက်ဆုံးရှုံးခြင်း သို့မဟုတ် ကိုယ်အင်္ဂါများဆုံးရှုံးခြင်းများ ဖြစ်ရကြောင်း ပြောဆိုခဲ့သည်။

“အမေရိကန်နိုင်ငံသည် အဆိုပါဒုက္ခရောက်ရှိသူများအတွက် ကျင့်ဝတ်တာဝန်ရှိပါသည်။ ကျင့်ဝတ်နှင့် တရားဥပဒေရှုထောင့်မှ အဆိုပါသေဆုံးသူများနှင့် ၎င်းတို့၏မိသားစုဝင်များအပေါ် လျော်ကြေးအပြည့်အဝ ပေးဆောင်သင့်သည်”ဟု ၎င်း ကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ မိုင်းရှင်းလင်းရေးစင်တာ၏ သတင်းအရ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူသည် ဖနွမ်းပင်မြို့အစိုးရနှင့်ပူးပေါင်းပြီး အဆိုပါတွေ့ရှိသော AN-M66 ပုံစံဗုံးကို ဘေးကင်းလုံခြုံသည့်နေရာသို့ပြောင်းရွေ့ပြီး စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင် အဆိုပါစင်တာမှ ကမ္ဘောဒီးယားပြည်တွင်း၌ မပေါက်ကွဲသေးသော အမေရိကန်လေကြောင်းဗုံး (၅)ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုပြီး ဗုံးတစ်ခုစီ၏အလေးချိန်မှာ (၂၀၀)ကီလိုဂရမ်ကျော်ရှိသည်ဟုဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် မိုင်းအန္တရယ်အများဆုံးသော နိုင်ငံအနက်တစ်နိုင်ငံဖြစ်ပြီး အစိုးရ၏အချက်အလက်များအရ (၁၉၇၉)ခုနှစ်မှ (၂၀၂၁)ခုနှစ်အတွင်း မပေါက်ကွဲသေးသော မြေမြုပ်မိုင်းစသည့်ပစ္စည်းများကြောင့် ကမ္ဘောဒီးယားပြည်သူ(၂)သောင်းခန့်သေဆုံးကာ (၄.၅) သောင်းကျော်သည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် ၁၉၆၅ ခုနှစ် အောက်တိုဘာလမှ ၁၉၇၃ ခုနှစ် သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံတွင် ပေါက်ကွဲပစ္စည်းပေါင်းတန်ချိန်(၂၇၀)တန်ကျော်ကို ကြဲချခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

#mhtnews

(Zawgyi)

“အေမရိကန္ ႀကဲခ်ခဲ့သည့္ လက္က်န္ဗုံးမ်ားသည္ ယခုအခ်ိန္ထိ ကေမၻာဒီယားျပည္သူျပည္သား၏ အသက္လုံၿခဳံေရးကို ၿခိမ္းေျခာက္ေန”

ကေမၻာဒီးယားနိုင္ငံ ၿမိဳ႕ေတာ္ဖႏြမ္းပင္၌ ယခုရက္ပိုင္းအတြင္းက ျမစ္အတြင္းအမွိုက္သန႔္ရွင္းေရးျပဳလုပ္စဥ္ ယမ္း (၅၀၀) ကီလိုဂရမ္ခန႔္ပါဝင္ေသာ အေလးခ်ိန္ (၁)တန္ခန႔္ရွိ အေမရိကန္၏ အႀကီးစား ေလေၾကာင္းဗုံးတစ္လုံးကို ေတြ႕ရွိခဲ့ၿပီး ၎ဗုံးသည္ ျမစ္ၾကမ္းျပင္တြင္ ရာစုႏွစ္တစ္ဝက္နီးပါး နစ္ျမဳပ္ေနျခင္းျဖစ္ေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမ်ားအရ သိရသည္။

ကေမၻာဒီးယား BELTEI International University မွ ပါေမာကၡ Joseph Matthews သည္ ဆင္ဟြာသတင္းဌာန၏ အင္တာဗ်ဴးတြင္ ကေမၻာဒီးယားနိုင္ငံ၌ ဗီယက္နမ္စစ္ပြဲကာလက အေမရိကန္နိုင္ငံမွ ႀကဲခ်ေသာဗုံးမ်ားအနက္ မေပါက္ကြဲေသးေသာလက္က်န္ဗုံးမ်ား ရွိေနေသးေၾကာင္း လူအမ်ားသည္ ၎ေၾကာင့္ အသက္ဆုံးရႈံးျခင္း သို႔မဟုတ္ ကိုယ္အဂၤါမ်ားဆုံးရႈံးျခင္းမ်ား ျဖစ္ရေၾကာင္း ေျပာဆိုခဲ့သည္။

အေမရိကန္နိုင္ငံသည္ အဆိုပါဒုကၡေရာက္ရွိသူမ်ားအတြက္ က်င့္ဝတ္တာဝန္ရွိပါသည္။ က်င့္ဝတ္ႏွင့္ တရားဥပေဒရႈေထာင့္မွ အဆိုပါေသဆုံးသူမ်ားႏွင့္ ၎တို႔၏မိသားစုဝင္မ်ားအေပၚ ေလ်ာ္ေၾကးအျပည့္အဝ ေပးေဆာင္သင့္သည္ဟု ၎ ကေျပာၾကားခဲ့သည္။

ကေမၻာဒီးယားနိုင္ငံ မိုင္းရွင္းလင္းေရးစင္တာ၏ သတင္းအရ ဗုံးရွင္းလင္းေရးကြၽမ္းက်င္သူသည္ ဖႏြမ္းပင္ၿမိဳ႕အစိုးရႏွင့္ပူးေပါင္းၿပီး အဆိုပါေတြ႕ရွိေသာ AN-M66 ပုံစံဗုံးကို ေဘးကင္းလုံၿခဳံသည့္ေနရာသို႔ေျပာင္းေ႐ြ႕ၿပီး စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ ဧၿပီလအတြင္ အဆိုပါစင္တာမွ ကေမၻာဒီးယားျပည္တြင္း၌ မေပါက္ကြဲေသးေသာ အေမရိကန္ေလေၾကာင္းဗုံး (၅)ခုကို ရွာေဖြေတြ႕ရွိခဲ့သည္ဟုဆိုၿပီး ဗုံးတစ္ခုစီ၏အေလးခ်ိန္မွာ (၂၀၀)ကီလိုဂရမ္ေက်ာ္ရွိသည္ဟုဆိုသည္။

ကေမၻာဒီးယားနိုင္ငံသည္ ကမၻာေပၚတြင္ မိုင္းအႏၱရယ္အမ်ားဆုံးေသာ နိုင္ငံအနက္တစ္နိုင္ငံျဖစ္ၿပီး အစိုးရ၏အခ်က္အလက္မ်ားအရ (၁၉၇၉)ခုႏွစ္မွ (၂၀၂၁)ခုႏွစ္အတြင္း မေပါက္ကြဲေသးေသာ ေျမျမဳပ္မိုင္းစသည့္ပစၥည္းမ်ားေၾကာင့္ ကေမၻာဒီးယားျပည္သူ(၂)ေသာင္းခန႔္ေသဆုံးကာ (၄.၅) ေသာင္းေက်ာ္သည္ ကိုယ္လက္အဂၤါဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

အေမရိကန္နိုင္ငံအေနျဖင့္ ၁၉၆၅ ခုႏွစ္ ေအာက္တိုဘာလမွ ၁၉၇၃ ခုႏွစ္ ၾသဂုတ္လအထိ ကေမၻာဒီးယားနိုင္ငံတြင္ ေပါက္ကြဲပစၥည္းေပါင္းတန္ခ်ိန္(၂၇၀)တန္ေက်ာ္ကို ႀကဲခ်ခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

#mhtnews