အမေရိကန်နိုင်ငံသည် လိမ်ညာမှုများကို ထိပ်တန်းဖန်တီးသူဖြစ်ပြီး တရုတ်နိုင်ငံက အမြဲတစေ ၎င်းတို့၏ သတင်းမှားလုပ်ကြံမှုကမ်ပိန်း၌ သားကောင်ဖြစ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း ကဆိုသည်။

 “တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ကူညီတယ်ဆိုတဲ့ သတင်းမှားတွေဟာ သူတို့ရဲ့ သတင်းမှားဖော်ပြထားတဲ့ ပြဌာန်းစာအုပ်ထဲမှာဖော်ပြထားပါတယ်။ အမေရိကန်က ဖန်တီးထားတဲ့ ဆောင်းပါးကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာထိပ်တန်းလိမ်ညာတတ်သူဆိုတာကို နောက်တစ်ကြိမ် သက်သေပြနေပြန်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ထို့အပြင် ကျောက်လိကျန်းက “တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ သတင်းမှားဖန်တီးမှု ကမ်ပိန်းမှာ အမြဲတမ်းသားကောင်ဖြစ်နေပါတယ်၊ လူမျိုးတုံးသတ်ဖြတ်မှုတို့၊ “ဝူဟန့်ဗိုင်းရပ်စ်” တို့လိုမျိုး အမည်တွေတပ်ပြီး ဆိုက်ဘာအကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ ပြည်ပစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေစတဲ့ စွပ်စွဲမှုတွေကိုလုပ်ဆောင်ပြီး အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် အပြစ်လွှဲချမှုတွေကို ကြိမ်ဖန်များစွာလုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းမှာ ပဋိပက္ခစတင်ကတည်းက အမေရိကန်ဟာ တရုတ်နိုင်ငံကို တိုက်ခိုက်တဲ့ သတင်းမှားတွေနဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်နေတာပါ၊ အမေရိကန်နိုင်ငံ လုံခြုံရေးကောင်စီက အဆင့်မြင့်အရာရှိတစ်ဦး က မီဒီယာကို “ တရုတ်နိုင်ငံက ရုရှားနိုင်ငံရဲ့ အထူးစစ်ရေးလှုပ်ရှားမှုအပေါ်ကို ကြိုတင်သိရှိနေတယ်” လို့ ပြောကြားခဲ့မှုကို ခင်ဗျားတို့အားလုံးလည်းမှတ်မိနေကြဦးမယ်လို့ထင်ပါတယ်၊ နောက်ထပ် အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကလည်း ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံထံမှ လက်နက်တွေကိရိယာတွေအပါအဝင် အထောက်အပံ့တွေ အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်၊ အဲဒီလိုအမည်ခံထုတ်ပြန်ချက်ရဲ့ မသင့်လျော်တဲ့စွပ်စွဲမှုတွေကို အဖြစ်မှန်အချက်အလက်တွေနဲ့ ပယ်ချနိုင်ခဲ့ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

#mhtnews

(Zawgyi)

“အမေရိကန်နိုင်ငံဟာ လိမ်ညာမှုများကို ထိပ်တန်းဖန်တီးသူဖြစ်ကြောင်း တရုတ်ပြောခွင့်ရပုဂ္ဂိုလ် ပြေါဆို”




#mhtnews