အမေရိကန်နိုင်ငံမှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အဲဒီဖြစ်ရပ်အပေါ် စိတ်အေးအေးထားကြဖို ကမ္ဘောဒီးယားပြည်သူတွေကို မေတ္တာရပ်ခံလိုက်တယ်လို သိရပါတယ်။

ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်းက ဖနွမ်းပင်မြိုရှိ Chroy Changvar Exhibition Center မှာ လူငယ်စေတနာ့ဝန်ထမ်း ဆရာဝန်အသင်း (TYDA) ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲနဲ့ တွေ့ဆုံစဉ် ယခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အမေရိကန် – အာဆီယံထိပ်သီးအစည်းအဝေးကို သွားရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်က ဝါရှင်တန်ဒီစီမှာ အမေရိကန်ရောက် ကမ္ဘောဒီးယားပြည်သူတွေနဲ့ တွေ့ဆုံစဥ် အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ကမ္ဘောဒီးယားတစ်ဦးက ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို ဖိနပ်နဲ့ပေါက်ခဲ့သူကို တရားဥပဒေအရ အရေးယူဖို အမေရိကန်ကို တောင်းဆိုတဲ့ သံတမန်ရေးရာ မှတ်ချက် တစ်စုံတစ်ရာကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှာ မဟုတ်ဘဲ အမေရိကန်ရဲ့ ဥပဒေနဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လိုလည်း ၎င်းက အလေးပေးပြောကြားခဲ့တယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“အမေရိကန်နိုင်ငံမှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က အဲဒီဖြစ်ရပ်အပေါ် စိတ်အေးအေးထားကြဖို့ ကမ္ဘောဒီးယားပြည်သူတွေကို မေတ္တာရပ်ခံ”

အမေရိကန်နိုင်ငံမှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အဲဒီဖြစ်ရပ်အပေါ် စိတ်အေးအေးထားကြဖို့ ကမ္ဘောဒီးယားပြည်သူတွေကို မေတ္တာရပ်ခံလိုက်တယ်လို့ သိရပါတယ်။

ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်းက ဖနွမ်းပင်မြို့ရှိ Chroy Changvar Exhibition Center မှာ လူငယ်စေတနာ့ဝန်ထမ်း ဆရာဝန်အသင်း (TYDA) ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ တွေ့ဆုံစဉ် ယခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။


အဲဒီကိစ္စနဲ့ပတ်သက်လို့ ဖိနပ်နဲ့ပေါက်ခဲ့သူကို တရားဥပဒေအရ အရေးယူဖို့ အမေရိကန်ကို တောင်းဆိုတဲ့ သံတမန်ရေးရာ မှတ်ချက် တစ်စုံတစ်ရာကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှာ မဟုတ်ဘဲ အမေရိကန်ရဲ့ ဥပဒေနဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့လည်း ၎င်းက အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
#mhtnews