အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ဥပဒေချိုးဖောက်သူတွေကိုတွေ့တာနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေက ပစ်ခတ်နိုင်တဲ့အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကြောင့် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာဖြစ်ပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဖြစ်ပွားနေကာ မေ ၉ ရက်မှာ သမ္မတနဲ့ညီအကိုတော်စပ်သူ ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပေမယ့် သူ့ရဲ့နှုတ်ထွက်မှုက ဆန္ဒပြမှုတွေကို ငြိမ်သက်ခြင်းမရှိခဲ့ဘဲ ညပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီလိုမငြိမ်မသက်ဖြစ်ပေါ်နေချိန်မှာ အများပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခြင်း သို့မဟုတ် အသက်အန္တရာယ်ဖြစ်စေတဲ့ အကြမ်းဖက်မှုကျူးလွန်တဲ့ ဘယ်သူကိုမဆို အစိုးရက မေ ၁၀ ရက်မှာ ပစ်မိန့်ပေးလိုက်ပြီး မြို့တော်ကိုလံဘိုရဲ့ လမ်းတွေပေါ်မှာလည်း ကင်းလှည့်ဖို့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်မှ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပါတယ်။

မေ ၉ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရိလင်္ကာရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#mhtnews

(Zawgyi)

“အေထြေထြအၾကပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရတဲ့ သီရိလကၤာမွာ ဥပေဒခ်ိဳးေဖာက္သူေတြကိုေတြ႕တာနဲ႕ ေသနတ္နဲ႕ပစ္ဖို႔ လုံၿခဳံေရးတပ္ဖြဲ႕၀င္ေတြကို အာဏာပိုင္ေတြ အမိန့္ေပးထားဟုဆို”

အေထြေထြအၾကပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရတဲ့ သီရိလကၤာနိုင္ငံမွာ အစိုးရဆန့္က်င္ေရးဆႏၵျပမႈေတြကို ၿဖိဳခြင္းဖို႔ အားထုတ္မႈအျဖစ္ ဥပေဒခ်ိဳးေဖာက္သူေတြကိုေတြ႕တာနဲ႕ လုံၿခဳံေရးတပ္ဖြဲ႕၀င္ေတြက ပစ္ခတ္နိုင္တဲ့အမိန့္ကို အာဏာပိုင္ေတြက ထုတ္ျပန္လိုက္တယ္လို႔ နိုင္ငံတကာသတင္းေဖာ္ျပမႈေတြအရ သိရပါတယ္။

သီရိလကၤာသမိုင္းမွာ အဆိုး႐ြားဆုံးစီးပြားေရးအၾကပ္အတည္းေၾကာင့္ သမၼတ ဂိုတာဘာယာရာဂ်ာပက္ဆာ ရာထူးမွႏႈတ္ထြက္ေပးဖို႔ ဆႏၵျပသူေတြက ေတာင္းဆိုေနၾကတာျဖစ္ၿပီး လမ္းေပၚထြက္ဆႏၵျပမႈေတြဟာ ဆက္တိုက္ျဖစ္ပြားေနကာ ေမ ၉ ရက္မွာ သမၼတနဲ႕ညီအကိုေတာ္စပ္သူ ၀န်ကြီးချုပ် မဟင္ဒါရာဂ်ာပက္ဆာဟာ ရာထူးကေနႏႈတ္ထြက္သြားခဲ့ေပမယ့္ သူ႕ရဲ႕ႏႈတ္ထြက္မႈက ဆႏၵျပမႈေတြကို ၿငိမ္သက္ျခင္းမရွိခဲ့ဘဲ ညပိုင္းမွာ အၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။

ဒီလိုမၿငိမ္မသက္ျဖစ္ေပၚေနခ်ိန္မွာ အမ်ားျပည္သူပိုင္ပစၥည္းေတြကို လုယက္ျခင္း သို႔မဟုတ္ အသက္အႏၱရာယ္ျဖစ္ေစတဲ့ အၾကမ္းဖက္မႈက်ဴးလြန္တဲ့ ဘယ္သူကိုမဆို အစိုးရက ေမ ၁၀ ရက္မွာ ပစ္မိန့္ေပးလိုက္ၿပီး ၿမိဳ႕ေတာ္ကိုလံဘိုရဲ႕ လမ္းေတြေပၚမွာလည္း ကင္းလွည့္ဖို႔ ၾကည္းတပ္၊ ေရတပ္နဲ႕ ေလတပ္မွ တပ္ဖြဲ႕၀င္ေထာင္ေပါင္းမ်ားစြာကို ျဖန့္ၾကက္ထားပါတယ္။

ေမ ၉ ရက္ေနာက္ပိုင္း ျဖစ္ပြားခဲ့တဲ့ အဓိက႐ုဏ္းေတြေၾကာင့္ လူရွစ္ဦးေသဆုံးခဲ့ၿပီး ၂၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရိလကၤာရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#mhtnews