ရုန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ ရွာမအနောက်ရပ်ကွက်၊ မြိုပတ်လမ်းက နယ်မြေ ၁၃ ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်ကို လက်လုပ်ဗုံးနဲ့လာပစ်ပေါက်တဲ့ အကြမ်းဖက်သမား သူပစ်တဲ့ဗုံးက သူ့ပြန်ထိပြီး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု မေ ၆ ရက် ည ၉နာရီခန့်ကဖြစ်ပွားခဲ့တယ်လို အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။
“ကျွန်တော်တို သိရသလောက်တော့ ရာအိမ်မှုးအိမ်ကို ဗုံးနဲ့ပစ်တာ။ ပစ်တဲ့ဗုံးက ပြန်ကန်ထွက်ပြီး လာပစ်တဲ့သူအနားပြန်ကျရာက ပေါက်ကွဲပြီး သူ့ကိုထိသွားတယ်။ လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာတွေ တော်တော်ရတယ်” လို အဲဒီရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ရာအိမ်မှူးရဲ့နေအိမ်ဟာ ဘာမှဖြစ်မသွားဘဲ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးတပ်ဖွဲတွေ ရောက်ရှိလာပြီး ဗုံးလာပစ်လို ဒဏ်ရာရသွားတဲ့လူကို ဖမ်းခေါ်သွားကြတာတွေ့ရတယ်လို ရပ်ကွက်အတွင်း နေထိုင်သူများရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#mhtnews
(Zawgyi)
“အင်းစိန်မြို့နယ်မှာ ရာအိမ်မှူးအိမ်ကို ဗုံးလာပစ်တဲ့ အကြမ်းဖက်သမား သူပစ်တဲ့ဗုံးက သူ့ပြန်ထိပြီး ဒဏ်ရာရ”
ရုန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းက နယ်မြေ ၁၃ ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်ကို လက်လုပ်ဗုံးနဲ့လာပစ်ပေါက်တဲ့ အကြမ်းဖက်သမား သူပစ်တဲ့ဗုံးက သူ့ပြန်ထိပြီး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တစ်ခု မေ ၆ ရက် ည ၉နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ရာအိမ်မှူးရဲ့နေအိမ်ဟာ ဘာမှဖြစ်မသွားဘဲ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိလာပြီး ဗုံးလာပစ်လို့ ဒဏ်ရာရသွားတဲ့လူကို ဖမ်းခေါ်သွားကြတာတွေ့ရတယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူများရဲ့ ပြောဆိုမှုအရ သိရပါတယ်။
#mhtnews