အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားစွဲဆို အရေးယူရုံမျှဖြင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို တည်ဆောက်ဖော်ဆောင်နိုင်မှသာ အဂတိလိုက်စားမှုကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

ယနေ့ပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) လွှပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ထိုသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသည့် အပြုသဘောဆောင်သော နည်းလမ်းကို ပိုမိုအလေးထား ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုပေးအပ်သည့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးအဖြစ် ရည်ညွှန်းကိုးကားနိုင်ရန်နှင့် သင်ခန်းစာများအဖြစ် ထည့်သွင်းရေးဆွဲ သင်ကြားနိုင်ရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနသို လွှပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားစွဲဆို အရေးယူရုံမျှဖြင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို တည်ဆောက်ဖော်ဆောင်နိုင်မှသာ အဂတိလိုက်စားမှုကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌပြော”


ယနေ့ပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသည့် အပြုသဘောဆောင်သော နည်းလမ်းကို ပိုမိုအလေးထား ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိးထောင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုပေးအပ်သည့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးအဖြစ် ရည်ညွှန်းကိုးကားနိုင်ရန်နှင့် သင်ခန်းစာများအဖြစ် ထည့်သွင်းရေးဆွဲ သင်ကြားနိုင်ရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews