ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်း၊ ကိုလတ်နှင့် ဖိုးသားတို့ သုံးဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အတွင်းအဆိုပါ မြို့နယ်အတွင်း၌ ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့်အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများသို ဝှက်သိမ်းဆည်းခြင်း၊ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၉ ရက်တွင် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ဒလန်အဖြစ်စွပ်စွဲလုပ်ကြံ သတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး ဖြင့်ပစ်ခတ်ပြီး ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်ခြင်းတို့ကြောင့်စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၄ အရ ၂၀၂၂ ခုနှစ်၊မေ၅ရက်တွင် “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ (၄၁)ရပ်ကွက်နေ ဇော်ဇော်ထွန်း (ခ)ဇော်ကြီး(ဘ) ဦးမော်ဇင်နှင့်(၃၂)ရပ်ကွက်နေ မင်းစစ်သွေး(ခ) ICE(ဘ) ဦးမြင့်ဦး တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် သမိုင်းလမ်းဆုံ City Mart အနီးရှိ ယာဉ်ထိန်းရုံးအား မိုင်းထောင်ဖောက်ခွဲရာ၌ အားပေးကူညီခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေး အမိန့်ထုတ် ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“အၾကမ္းဖက္မႈမ်ား က်ဴးလြန္ခဲ့သည့္ ေ႐ႊျပည္သာၿမိဳ႕နယ္မွ အမ်ိဳးသား ၃ ဦးကို ေသဒဏ္အမိန့္ခ်မွတ္၍ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္မွ အမ်ိဳးသား ၂ ဦးကို ေထာင္ဒဏ္တစ္သက္ အမိန့္ခ်မွတ္”

ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ (၁၈)ရပ္ကြက္ေန ၿဖိဳးမင္းထြန္း(ခ) ကိုၿဖိဳး(ဘ) ဦးေဇာ္မင္းထြန္း၊ ကိုလတ္ႏွင့္ ဖိုးသားတို႔ သုံးဦးသည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီ ၁၉ ရက္အတြင္းအဆိုပါ ၿမိဳ႕နယ္အတြင္း၌ ျပဳလုပ္ေသာ ဆူပူဆႏၵျပမႈမ်ားတြင္ ပါဝင္ျခင္း၊ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဗဟိုအဖြဲ႕၏ အမိန႔္ ေၾကာ္ျငာစာအမွတ္ (၂/၂၀၂၁)ျဖင့္အၾကမ္းဖက္ အုပ္စုမ်ားအျဖစ္ သတ္မွတ္ ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္း၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕နယ္ေျမအတြင္း သင္တန္းတက္ေရာက္ျခင္း၊ လက္နက္၊ ခဲယမ္းမ်ားသို ဝွက္သိမ္းဆည္းျခင္း၊ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၁၉ ရက္တြင္ အမွတ္(၉)ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမႉးေဟာင္း တစ္ဦးအား ဒလန္အျဖစ္စြပ္စြဲလုပ္ႀကံ သတ္ျဖတ္ရာတြင္ အားေပးကူညီျခင္းႏွင့္ အမွတ္(၁၈)ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးအား လက္ပစ္ဗုံး ျဖင့္ပစ္ခတ္ၿပီး ႐ုံးအဖြဲ႕ဝင္မ်ားအား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ရာတြင္ ပါဝင္ျခင္းတို႔ေၾကာင့္စစ္အုပ္ခ်ဳပ္ေရး (Martial Law) စစ္ခုံ႐ုံးဖြဲ႕၍စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ-၅၄ အရ ၂၀၂၂ ခုႏွစ္၊ေမ၅ရက္တြင္ ေသဒဏ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္၊ (၄၁)ရပ္ကြက္ေန ေဇာ္ေဇာ္ထြန္း (ခ)ေဇာ္ႀကီး(ဘ) ဦးေမာ္ဇင္ႏွင့္(၃၂)ရပ္ကြက္ေန မင္းစစ္ေသြး(ခ) ICE(ဘ) ဦးျမင့္ဦး တို႔သည္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာ ၁၁ ရက္တြင္ သမိုင္းလမ္းဆုံ City Mart အနီးရွိ ယာဥ္ထိန္း႐ုံးအား မိုင္းေထာင္ေဖာက္ခြဲရာ၌ အားေပးကူညီျခင္းေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ဈ) အရ ၂၀၂၂ ခုႏွစ္၊ ေမ ၅ ရက္တြင္ ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

အဆိုပါ ျပစ္ဒဏ္ခ်မွတ္ခံရသူမ်ားအနက္မွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားအား ၎ႏွင့္ စပ္လ်ဥ္း၍ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ-၈၇၊ ၈၈ အရ ဖမ္းဝရမ္း ထုတ္ဆင့္ရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရွိရသည္။

စစ္အုပ္ခ်ဳပ္ေရး အမိန႔္ထုတ္ ျပန္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားအတြင္း စစ္ခုံ႐ုံးျဖင့္ စစ္ေဆး မည့္ျပစ္မႈဆိုင္ရာ ၂၃မ်ိဳးကိုလည္း ပူးတြဲထုတ္ျပန္ထားေၾကာင္းႏွင့္ အဆိုပါျပစ္မႈမ်ားကို ေဖာက္ဖ်က္ က်ဴးလြန္ပါကစစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ကာ ထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

#mhtnews