သူနာပြုတက္ကသိုလ်(မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက သူနာပြု တက္ကသိုလ် (မန္တလေး) ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို ပါမောက္ခ ချုပ်ဒေါက်တာခင်စိန်ဝင်း၊ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနန်းအောင်(စီမံ) ဒေါက်တာ ညီညီဌေးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) ၌လည်း ယနေ့နံနက်ပိုင်းတွင် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကိုကိုနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက video comferencing ဖြင့်အမှာစကားပြောကြားခဲ့သည်ဟု သိရှိရပါသည်။
#mhtnews

(Zawgyi)
“သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တို့၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ”

သူနာပြုတက္ကသိုလ်(မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက သူနာပြု တက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပါမောက္ခ ချုပ်ဒေါက်တာခင်စိန်ဝင်း၊ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနန်းအောင်(စီမံ) ဒေါက်တာ ညီညီဌေးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


#mhtnews