နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍အမှာ စကားပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာ၌ ဒုတိယဗိုလ်ချုပ်မှူးကြီးက သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေ ၅၀၀၀ ကျော်ဧကတွင် ခွင့်ပြုရောင်းချပြီး မြေနေရာများအားလုံးအနက် ကျန်ရှိမြေနေရာများနှင့် လုပ်ငန်းအမြန် အကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများ ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်း လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော် ခန့်ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စနစ်တကျ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့အပြင် ဇုန်နေရာအလိုက် သတ်မှတ်ပေးထားသော ကုန်ကြမ်းကုန်ချောပစ္စည်းများ မှန်မှန်ကန်ကန် တင်သွင်းခြင်း၊ တင်ပို့ခြင်းရှိမရှိ စစ်ဆေးနိုင်ရန် X- Ray Machine များ တပ်ဆင် စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန် ငွေကြေးသုံးစွဲ လည်ပတ်မှုနှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန် ဥပဒေ ၂၀၁၄ ၊ ဗဟိုဘဏ်၏နောက်ဆုံးထုတ်ပြန်ထားသည့် ၃-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ပါ ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ နောင်လာမည့်ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုရှိစေရန်အတွက်လည်း ငွေကြေးမူဝါဒ ခိုင်မာမှုရှိကြောင်း သိရှိနိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားစေရန်လည်း Myanmar Japan Thilawer Development (MJTD) မှ Bro-chure များ၊ Media များ၊ Website များမှယခုထက် ပိုမိုဆွဲဆောင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် စိန်တစ်လုံးသရက်နှင့် ထောပတ်ပဲကဲ့သို့ သီးနှံများကို ဇုန်အတွင်း၌ CAN စနစ်ဖြင့် ပြုပြင်ထုတ်လုပ်နိုင်ရေး စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများကိုလည်း အမြန်ဆုံးဖြစ်မြောက်စေရေး လိုအပ်သည်များကို ကူညီဆောင်ရွက် လမ်းညွှန်ပေးရန် လိုကြောင်း၊ သို့မှသာ စိန်တစ်လုံးသရက်သီးနှင့် ထောပတ်ပဲစိုက်ပျိုးသူများအတွက် ဈေးကွက် အနှိမ်ခံရမှုမှ လွတ်ကင်းမည့် အကျိုးရှိစေနိုင်မည်ဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စီမံကြရမည်ဖြစ်ကြောင်းဖြင့်လည်း ပြောကြားသည်။

ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို Gas မှ LNG ကဲ့သို့နိုင်ငံခြားငွေဖြင့်ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရေး ဆိုလာနှင့် လေအားလျှပ်စစ် ထုတ်ယူနိုင်မှုကို ကုမ္ပဏီတစ်ခုချင်း သို့မဟုတ် ဇုန်အလိုက် ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်သလိုနိုင်ငံတော်အတွက်လည်း အခြားလျှပ်စစ်ဓာတ်အား လိုအပ်သည့်နေရာများကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင်နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏ ပထမဆုံးနှင့် အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေး ဇုန်ဖြစ်ရန် ယခုထက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

#mhtnews

(Zawgyi)

“သီလဝါအထူးစီးပြားေရးဇုန္ အဆင့္လိုက္စီမံကိန္းမ်ား ၿပီးစီးပါကအလုပ္အကိုင္ အခြင့္အလမ္း ၃ သိန္းေက်ာ္ ခန႔္ေဖာ္ေဆာင္ေပးနိုင္မည္ျဖစ္၍ စနစ္တက် ေပါင္းစပ္ညွိႏွိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ရန္လိုေၾကာင္း နစက ဒုတိယဥကၠ႒ တိုက္တြန္းေျပာၾကား”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ႏွင့္အဖြဲ႕သည္ ယမန္ေန႕ မြန္းလြဲပိုင္းတြင္ သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီမွ တာဝန္ရွိသူမ်ားအား သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ေတြ႕ဆုံ၍အမွာ စကားေျပာၾကားသည္။

ထိုသို႔ အမွာစကားေျပာၾကားရာ၌ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက သီလဝါအထူးစီးပြားေရးဇုန္၏ လုပ္ပိုင္ခြင့္ရေျမ ၅၀၀၀ ေက်ာ္ဧကတြင္ ခြင့္ျပဳေရာင္းခ်ၿပီး ေျမေနရာမ်ားအားလုံးအနက္ က်န္ရွိေျမေနရာမ်ားႏွင့္ လုပ္ငန္းအျမန္ အေကာင္အထည္ေဖာ္နိုင္ရန္ စီမံခန႔္ခြဲမႈ ေကာ္မတီကလိုအပ္သည္မ်ား ေပါင္းစပ္ညွိႏွိုင္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အထူးစီးပြားေရးဇုန္ အဆင့္လိုက္စီမံကိန္းမ်ား ၿပီးစီးပါကအလုပ္အကိုင္ အခြင့္အလမ္း လက္ရွိ ၁၃၃၀၀ ေက်ာ္မွ ၃ သိန္းေက်ာ္ ခန႔္ေဖာ္ေဆာင္ေပးနိုင္မည္ျဖစ္၍ စနစ္တက် ေပါင္းစပ္ညွိႏွိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ရန္လိုေၾကာင္း တိုက္တြန္းေျပာၾကားသည္။

ထို႔အျပင္ ဇုန္ေနရာအလိုက္ သတ္မွတ္ေပးထားေသာ ကုန္ၾကမ္းကုန္ေခ်ာပစၥည္းမ်ား မွန္မွန္ကန္ကန္ တင္သြင္းျခင္း၊ တင္ပို႔ျခင္းရွိမရွိ စစ္ေဆးနိုင္ရန္ X- Ray Machine မ်ား တပ္ဆင္ စစ္ေဆးၾကပ္မတ္ရန္ လိုအပ္ေၾကာင္း၊ အထူးစီးပြားေရးဇုန္ ေငြေၾကးသုံးစြဲ လည္ပတ္မႈႏွင့္ပတ္သက္၍ အထူးစီးပြားေရးဇုန္ ဥပေဒ ၂၀၁၄ ၊ ဗဟိုဘဏ္၏ေနာက္ဆုံးထုတ္ျပန္ထားသည့္ ၃-၄-၂၀၂၂ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္၊ ၁၂/၂၀၂၂ပါ ေငြေၾကးမူဝါဒတို႔ႏွင့္အညီ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေနာင္လာမည့္ရင္းႏွီးျမႇုပ္ႏွံသူမ်ား ယုံၾကည္မႈရွိေစရန္အတြက္လည္း ေငြေၾကးမူဝါဒ ခိုင္မာမႈရွိေၾကာင္း သိရွိနိုင္ေရး လုပ္ေဆာင္ရန္လိုေၾကာင္း၊ နိုင္ငံတကာ ရင္းႏွီးျမႇုပ္ႏွံသူမ်ား ပိုမိုစိတ္ဝင္စားေစရန္လည္း Myanmar Japan Thilawer Development (MJTD) မွ Bro-chure မ်ား၊ Media မ်ား၊ Website မ်ားမွယခုထက္ ပိုမိုဆြဲေဆာင္ရန္လိုအပ္ေၾကာင္း၊ ျပည္တြင္းမွ ထြက္ရွိသည့္ စိန္တစ္လုံးသရက္ႏွင့္ ေထာပတ္ပဲကဲ့သို႔ သီးႏွံမ်ားကို ဇုန္အတြင္း၌ CAN စနစ္ျဖင့္ ျပဳျပင္ထုတ္လုပ္နိုင္ေရး စိတ္ဝင္စားမႈရွိသည့္ ကုမၸဏီမ်ားကိုလည္း အျမန္ဆုံးျဖစ္ေျမာက္ေစေရး လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ လမ္းၫႊန္ေပးရန္ လိုေၾကာင္း၊ သို႔မွသာ စိန္တစ္လုံးသရက္သီးႏွင့္ ေထာပတ္ပဲစိုက္ပ်ိဳးသူမ်ားအတြက္ ေဈးကြက္ အႏွိမ္ခံရမႈမွ လြတ္ကင္းမည့္ အက်ိဳးရွိေစနိုင္မည္ျဖစ္၍ အျမန္ဆုံးအေကာင္အထည္ေဖာ္နိုင္ေရး စီမံၾကရမည္ျဖစ္ေၾကာင္းျဖင့္လည္း ေျပာၾကားသည္။

ဆက္လက္၍လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက သီလဝါအထူးစီးပြားေရးဇုန္တြင္ သုံးစြဲေနေသာ လွ်ပ္စစ္ဓာတ္အားကို Gas မွ LNG ကဲ့သို႔နိုင္ငံျခားေငြျဖင့္ဝယ္ယူသုံးစြဲမႈကို အစားထိုးနိုင္ေရး ဆိုလာႏွင့္ ေလအားလွ်ပ္စစ္ ထုတ္ယူနိုင္မႈကို ကုမၸဏီတစ္ခုခ်င္း သို႔မဟုတ္ ဇုန္အလိုက္ ထုတ္လုပ္နိုင္ပါက နိုင္ငံေတာ္ႏွင့္ ပုဂၢလိကကုမၸဏီမ်ားမွ လွ်ပ္စစ္ဓာတ္အားရယူသုံးစြဲမႈကို ေလွ်ာ့ခ်နိဳင္မည္ ျဖစ္သလိုနိုင္ငံေတာ္အတြက္လည္း အျခားလွ်ပ္စစ္ဓာတ္အား လိုအပ္သည့္ေနရာမ်ားကို ပိုမိုျဖည့္ဆည္းေပးနိုင္မည္ျဖစ္ေၾကာင္း၊ ၎အျပင္နိုင္ငံေတာ္မွ ရသင့္ရထိုက္ေသာ အခြန္အခမ်ား မဆုံးရႈံးေစေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈအသစ္မ်ား ထပ္မံဖိတ္ေခၚသြားရန္လည္းလိုေၾကာင္း၊ နိုင္ငံေတာ္၏ ပထမဆုံးႏွင့္ ေအာင္ျမင္မႈအရွိဆုံး စံျပအထူးစီးပြားေရး ဇုန္ျဖစ္ရန္ ယခုထက္ ေအာင္ျမင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္ဟု သတင္းရရွိသည္။

#mhtnews