သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီးမြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရပြီး လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း ၈၂ ခုမှ လုပ်ငန်းများလည်ပတ်လျှက်ရှိကာ ကျန်ရှိသောကုမ္ပဏီများအနေဖြင့်လည်း မကြာမီ ပြန်လည် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ရာ ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီး မြန်မာကုမ္ပဏီ ၉ ခု မြန်မာအစု ရှယ်ယာရှင် ၁၇၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံ အစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင်ဆောင်ရွက်ရသည့် အထူးစီးပွားရေး ဇုန်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“သီလဝါအထူးစီးပြားေရးဇုန္၌ ကုမၸဏီစုစုေပါင္း ၈၂ ခုမွ လုပ္ငန္းလည္ပတ္လွ်က္ရွိၿပီး က်န္ရွိကုမၸဏီမ်ားအေနျဖင့္လည္း မၾကာမီ ျပန္လည္ေဆာင္႐ြက္ၾကမည္ဟုဆို”

သီလဝါအထူးစီးပြားေရးဇုန္၌ နိုင္ငံေပါင္း ၂၁ နိုင္ငံမွ ကုမၸဏီေပါင္း ၉၄ ခု လာေရာက္ရင္းႏွီးျမႇုပ္ႏွံခဲ့ရာမွ ၂၀၂၁ ခုႏွစ္၊ ကိုဗစ္-၁၉ တတိယလွိုင္းကာလ၌ ၈၉ ခု ယာယီရပ္ဆိုင္းခဲ့ရၿပီး လုပ္ငန္းအဖြဲ႕ႏွင့္ စီမံခန႔္ခြဲမႈ ေကာ္မတီတို႔၏ စည္း႐ုံးေဆာင္႐ြက္ခဲ့မႈေၾကာင့္ ကုမၸဏီစုစုေပါင္း ၈၂ ခုမွ လုပ္ငန္းမ်ားလည္ပတ္လွ်က္ရွိကာ က်န္ရွိေသာကုမၸဏီမ်ားအေနျဖင့္လည္း မၾကာမီ ျပန္လည္ ေဆာင္႐ြက္ၾကမည္ျဖစ္ေၾကာင္း နိုင္ငံပိုင္သတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

အဆိုပါ သီလဝါအထူးစီးပြားေရးဇုန္သည္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္မွ စတင္၍ ျမန္မာနိုင္ငံအစိုးရႏွင့္ ဂ်ပန္နိုင္ငံအစိုးရတို႔ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ထူေထာင္ခဲ့ျခင္းျဖစ္ရာ ၈ ႏွစ္တာကာလအတြင္း ရင္းႏွီးျမႇုပ္ႏွံမႈ စုစုေပါင္း အေမရိကန္ ေဒၚလာ ၂ ဒသမ ၁၂ ဘီလီယံရွိၿပီး ျမန္မာကုမၸဏီ ၉ ခု ျမန္မာအစု ရွယ္ယာရွင္ ၁၇၀၀၀ေက်ာ္ႏွင့္ ဂ်ပန္ကုမၸဏီ ၃ ခုတို႔မွ ပါဝင္ပူးေပါင္း၍ ျမန္မာနိုင္ငံ အစိုးရမွ ၁၀ ရာခိုင္ႏႈန္း၊ ျမန္မာနိုင္ငံသားကုမၸဏီမွ ၄၁ ရာခိုင္ႏႈန္း၊ ဂ်ပန္နိုင္ငံအစိုးရမွ ၁၀ ရာခိုင္ႏႈန္း၊ ဂ်ပန္ကုမၸဏီမွ ၃၉ ရာခိုင္ႏႈန္း အသီးသီး အခ်ိဳးက် ထည့္ဝင္ေဆာင္႐ြက္ရသည့္ အထူးစီးပြားေရး ဇုန္ႀကီးတစ္ခုျဖစ္ေၾကာင္း သိရသည္။

#mhtnews