သင်္ကြန်ပြီးစမှာ မော်တော်ယာဥ်ဈေးကွက် အေးစက်ခဲ့ပေမယ့် လက်ရှိတွင် ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်လာပြီး ဆီဈေးကြောင့် အင်ဂျင်ပါဝါနည်းသည့်ကားများ အရောင်းလိုက်နေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

“ပုံစံကတော့အမျိုးမျိုးပဲ။ တချို့လည်း ဆီစျေးကြီးလာတာနဲ့ သူ့မှာရှိတဲ့ အင်ဂျင်ပါ၀ါကြီးတဲ့ကားကို ပြန်ထုတ်ပြီး အင်ဂျင်သေးတဲ့ ဟွန်ဒါဖစ်လို ကားမျိုးကို ပြန်ဝယ်တာရှိတယ်။ တချို့ကတော့ အင်ဂျင်ပါဝါသေးတာကိုပဲ သီးသန့်ရွေးဝယ်တာမျိုးလည်းရှိတယ်။ အဲ့တော့ လတ်တလောအခြေအနေက အင်ဂျင်ပါ၀ါသေးတဲ့ကားက စျေးတက်လိုက်လာတာ တွေ့ရတယ်။ အရောင်းအဝယ်လည်း ပိုဖြစ်တာတွေ့ရတယ်။” လို့ မော်တော်ယာဥ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းကားဟောင်းစျေးနှုန်းတွေဟ ဒေါ်လာစျေးမြင့်တက်နေတာကြောင့် အမျိုးအစားပေါ်မူတည်ကာ ယခင်ကထက် အနည်းဆုံး ကျပ်သိန်း ၃၀ ကျော် စျေးတက်နေပြီး ယခင်က ကျပ် သိန်း ၁၁၀ ကျော်သာရှိတဲ့ တိုယိုတာဗစ်(ဇ်) အမျိုးအစားမော်တော်ယာဉ်တွေဟာ ယခု ကျပ် သိန်း ၁၅၀ ကျော် ပေါက်ဈေးရှိနေသလို စျေးကွက်အတွင်း လူကြိုက်များလေ့ရှိတဲ့ ဟွန်ဒါဖစ်အမျိုးအစားမော်တော်ယာဉ်များမှာ ကျပ်သိန်း ၂၀၀ ကျော် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“သၾကၤန္ၿပီးစမွာ ေမာ္ေတာ္ယာဥ္ေဈးကြက္ ေအးစက္ခဲ့ေပမယ့္ လက္ရွိတြင္ ပုံမွန္အေရာင္းအဝယ္ျပန္ျဖစ္လာၿပီး ဆီေဈးေၾကာင့္ အင္ဂ်င္ပါဝါနည္းသည့္ကားမ်ား အေရာင္းလိုက္”

သၾကၤန္ၿပီးစမွာ ေမာ္ေတာ္ယာဥ္ေဈးကြက္ ေအးစက္ခဲ့ေပမယ့္ လက္ရွိတြင္ ပုံမွန္အေရာင္းအဝယ္ျပန္ျဖစ္လာၿပီး ဆီေဈးေၾကာင့္ အင္ဂ်င္ပါဝါနည္းသည့္ကားမ်ား အေရာင္းလိုက္ေနတယ္လို႔ ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရပါတယ္။

ပုံစံကေတာ့အမ်ိဳးမ်ိဳးပဲ။ တခ်ိဳ႕လည္း ဆီေစ်းႀကီးလာတာနဲ႕ သူ႕မွာရွိတဲ့ အင်ဂျင်ပါ၀ါကြီးတဲ့ကားကို ျပန္ထုတ္ၿပီး အင္ဂ်င္ေသးတဲ့ ဟြန္ဒါဖစ္လို ကားမ်ိဳးကို ျပန္ဝယ္တာရွိတယ္။ တခ်ိဳ႕ကေတာ့ အင္ဂ်င္ပါဝါေသးတာကိုပဲ သီးသန့္ေ႐ြးဝယ္တာမ်ိဳးလည္းရွိတယ္။ အဲ့ေတာ့ လတ္တေလာအေျခအေနက အင်ဂျင်ပါ၀ါသေးတဲ့ကားက ေစ်းတက္လိုက္လာတာ ေတြ႕ရတယ္။ အေရာင္းအဝယ္လည္း ပိုျဖစ္တာေတြ႕ရတယ္။” လို႔ ေမာ္ေတာ္ယာဥ္ဝယ္ေရာင္းလုပ္ေနသူတစ္ဦးက ေျပာပါတယ္။

ျပည္တြင္းကားေဟာင္းေစ်းႏႈန္းေတြဟ ေဒၚလာေစ်းျမင့္တက္ေနတာေၾကာင့္ အမ်ိဳးအစားေပၚမူတည္ကာ ယခင္ကထက္ အနည္းဆုံး က်ပ္သိန္း ၃၀ ေက်ာ္ ေစ်းတက္ေနၿပီး ယခင္က က်ပ္ သိန္း ၁၁၀ ေက်ာ္သာရွိတဲ့ တိုယိုတာဗစ္(ဇ္) အမ်ိဳးအစားေမာ္ေတာ္ယာဥ္ေတြဟာ ယခု က်ပ္ သိန္း ၁၅၀ ေက်ာ္ ေပါက္ေဈးရွိေနသလို ေစ်းကြက္အတြင္း လူႀကိဳက္မ်ားေလ့ရွိတဲ့ ဟြန္ဒါဖစ္အမ်ိဳးအစားေမာ္ေတာ္ယာဥ္မ်ားမွာ က်ပ္သိန္း ၂၀၀ ေက်ာ္ ေပါက္ေဈးရွိေနတယ္လို႔ သိရပါတယ္။

#mhtnews