ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ (အရှေ့ပိုင်း) မြိုနယ်၊ (၆) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း ကားလမ်းနဲ့ ပီမိုနင်းလမ်းထောင့်မှာရှိတဲ့ “ရွှေစံအိမ်” လက်ဘက်ရည်ဆိုင်မှာ ယနေ့ (မေ ၃ ရက်) နံနက် ၉ နာရီအချိန်ခန့်မှာ သေနတ်ပြပြီး ငွေသုံးသိန်း လုယက်မှုဖြစ်ပွားခဲ့တယ်လို ရဲတပ်ဖွဲ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဥ်မှာ ဦးတင့်ဆန်း ဆိုသူအပါအဝင် လူငါးဦးဟာ “ရွှေစံအိမ်” လက်ဖက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်ရင်း ငွေသုံးသိန်းကို ရေတွက်နေစဉ်မှာ ဘေးစားပွဲမှာထိုင်နေတဲ့ လူငယ်တစ်ယောက်က သေနတ်တစ်ချက်ဖောက်ခြိမ်းခြောက်ပြီး ငွေသုံးသိန်းကို လုယူသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ငွေလုသူဟာ မင်းရဲကျော်စွာ (၁၆) လမ်းထိပ်အရောက်မှာ ဆိုင်ကယ်ကယ်ရီသမား ကိုအောင်ဇော်ထွန်းရဲ့ ဆိုင်ကယ်ကိုပါ သေနတ်ပြပြီး လုယူထွက်ပြေးသွားတယ်လို ရဲတပ်ဖွဲရဲ့ စစ်ဆေးတွေ့ရှိချက်များအရ သိရှိရပါတယ်။
#mhtnews

(Zawgyi)
“လှိင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ သေနတ်ပြပြီး ငွေသုံးသိန်းလုယက်မှုဖြစ်ပွားခဲ့သည့်အပြင် ၎င်းသေနတ်သမားမွ ကယ်ရီဆွဲနေသည့် ဆိုင်ကယ်တစ်စီးကိုပါ သေနတ်ပြလုယူသွား”

ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၆) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း ကားလမ်းနဲ့ ပီမိုနင်းလမ်းထောင့်မှာရှိတဲ့ “ရွှေစံအိမ်” လက်ဘက်ရည်ဆိုင်မှာ ယနေ့ (မေ ၃ ရက်) နံနက် ၉ နာရီအချိန်ခန့်မှာ သေနတ်ပြပြီး ငွေသုံးသိန်း လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဒါ့အပြင် ငွေလုသူဟာ မင်းရဲကျော်စွာ (၁၆) လမ်းထိပ်အရောက်မှာ ဆိုင်ကယ်ကယ်ရီသမား ကိုအောင်ဇော်ထွန်းရဲ့ ဆိုင်ကယ်ကိုပါ သေနတ်ပြပြီး လုယူထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ သိရှိရပါတယ်။
#mhtnews