ရန်ကုန်မြို၊ လှိင်သာယာမြိုနယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ရပ်ထားသည့် ခရီးသည်တင်ကားပေါ်မှ လက်နက်ခဲယမ်းများကို မေ ၉ ရက်ညပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ကားသည် မော်ကျွန်း- ရန်ကုန် ပြေးဆွဲနေသည့် “ကြယ်စင်လင်း” ခရီးသည်တင်ယာဥ်လိုင်းမှ ကားဖြစ်ကာ ပီမိုးနင်းလမ်းမပေါ်၌ ကားမောင်းသူနှင့်ခရီးသည်များမရှိဘဲ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာမှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ AK-47 သေနတ် ၂ လက်နှင့်၎င်းကျည်အိမ် ၅ ခု၊ ပစ္စတိုသေနတ် ၁ လက်နှင့်၎င်းကျည်အိမ် ၁ ခု၊ ၄ဝ မမဗုံးသီး ၇ လုံး၊ကျည်ဆံ ၁၃ဝ တောင့်နှင့်မိုင်း ၇ လုံးတိုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲဝင်များမှ မော်ကျွန်းမြိုရှိ လုံခြုံရေးအဖွဲဝင်များနှင့်ချိတ်ဆက်ကာ လက်နက်ခဲယမ်းများ သယ်ဆောင်လာသူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“လှိင်သာယာ ဒဂုံဧရာအဝေးပြေးဝန်းအတွင်း ရပ်ထားသည့် ခရီးသည်တင်ကားပေါ်မှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ”

ရန်ကုန်မြို့၊ လှိင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ရပ်ထားသည့် ခရီးသည်တင်ကားပေါ်မှ လက်နက်ခဲယမ်းများကို မေ ၉ ရက်ညပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ကားသည် မော်ကျွန်း- ရန်ကုန် ပြေးဆွဲနေသည့် “ကြယ်စင်လင်း” ခရီးသည်တင်ယာဉ်လိုင်းမှ ကားဖြစ်ကာ ပီမိုးနင်းလမ်းမပေါ်၌ ကားမောင်းသူနှင့်ခရီးသည်များမရှိဘဲ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာမှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ AK-47 သေနတ် ၂ လက်နှင့်၎င်းကျည်အိမ် ၅ ခု၊ ပစ္စတိုသေနတ် ၁ လက်နှင့်၎င်းကျည်အိမ် ၁ ခု၊ ၄ဝ မမဗုံးသီး ၇ လုံး၊ကျည်ဆံ ၁၃ဝ တောင့်နှင့်မိုင်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ မော်ကျွန်းမြို့ရှိ လုံခြုံရေးအဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ လက်နက်ခဲယမ်းများ သယ်ဆောင်လာသူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
#mhtnews