လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှုဟာ စက်ချိုယွင်းမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ချိုယွင်းမှုကြောင့် မဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိသူနှစ်ဦးက အခိုင်အမာပြောဆိုလိုက်ပါတယ်လို ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ကူမင်းမြိုကနေ ကွမ်ကျိုးကို ပြေးဆွဲနေတဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ကွမ်ရှီးဒေသ တောင်တန်းတွေပေါ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၃၂ ဦးစလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

Boeing 737-800 ရဲ့ black box ထဲက မှတ်တမ်းအချက်အလက်တွေအရ လေယာဉ်မှူးခန်းအတွင်းကနေ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖျက်ချခဲ့တာလို ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့တယ်လို ဆိုပါတယ်။

အဆိုပါ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံ မြိုပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) ကို မှတ်ချက်ပေးဖို တောင်းဆိုခဲ့ပေမယ့်လည်း ချက်ချင်းတုံပြန်ခြင်းမရှိခဲ့ဘူးလို ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
#mhtnews

(Zawgyi)
“လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေရှိဟုဆို”

လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ်ပျက်ကျမှုဟာ စက်ချိ့ယွင်းမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ချိ့ယွင်းမှုကြောင့် မဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိသူနှစ်ဦးက အခိုင်အမာပြောဆိုလိုက်ပါတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ကူမင်းမြို့ကနေ ကွမ်ကျိးကို ပြေးဆွဲနေတဲ့ Boeing 737-800 အမျိးအစား လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ကွမ်ရှီးဒေသ တောင်တန်းတွေပေါ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၃၂ ဦးစလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

Boeing 737-800 ရဲ့ black box ထဲက မှတ်တမ်းအချက်အလက်တွေအရ လေယာဉ်မှူးခန်းအတွင်းကနေ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖျက်ချခဲ့တာလို့ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ဘူးလို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
#mhtnews