ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန် – ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့စစ်ဆေးစဉ် လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် မိုင်တိုင် (၅/၄) မှ (၁၇/၄) ထိ (၁၂) မိုင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ တိုးဂိတ်ကောက်ခံနေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေ့စဉ် ယာဉ်သွားလာမှု (AADT-Average Annual Daily Traffic) အရ ကုန်စည်စီးဆင်းမှု၊ ခရီးသွားယာဉ်များ သွားလာမှုနှင့် တိုးလ်ဂိတ် ကောက်ခံရရှိမှု အခြေအနေတို့ကို စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းများသက်တမ်းပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သက်မှတ်ထားသည့် လမ်းခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်သွားလာသည့် တန်ပိုယာဉ်များကို သက်မှတ်နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်စေရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် – ပုသိမ်လမ်းမိုင် (၄၂ / ၆ – ၄၃ / ၀) နေရာရှိ လမ်းဦးစီးဌာန၊ ဗိုလ်မြတ်ထွန်းဂိတ် ( လမ်း၊ တံတားအသုံးပြုခ ကောက်ခံရေးစခန်း ) သို့ ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန် – ပုသိမ်လမ်း မိုင် (၈၆/၂) လမ်းစခန်း ရှင်းလင်းဆောင်၌ မိုင် (၇၄/၅ – ၉၆/၅) အတွင်း (၂၂) မိုင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် Premix ဖြင့် ကတ္တရာလမ်းပေါက်ဖာခြင်းနှင့် လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မည့် အခြေအနေကို ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၂၀၂၂ -၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီကာလ မတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် မိုးရာသီကာလအတွင်း ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရမည့်လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် လမ်းအထူးအဖွဲ့ (၃) ဖွဲ့နှင့် မအူပင်ခရိုင်၊ ပုသိမ်ခရိုင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် စီမံချက်များအတိုင်း ဟန်ချက်ညီစွာ စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“လမ္းမ်ားသက္တမ္းျပည့္မီစြာ အသုံးျပဳနိုင္ေရးအတြက္ သက္မွတ္ထားသည့္ လမ္းခံနိုင္ဝန္ထက္ ပိုမိုတင္ေဆာင္သြားလာသည့္ တန္ပိုယာဥ္မ်ားကို သက္မွတ္ႏႈန္းျဖင့္ ဒဏ္ေၾကး ေပးေဆာင္ေစရန္ ေဆာက္လုပ္ေရး ဒုဝန္ႀကီး မွာၾကား”

ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးဝင္းေဖသည္ ယမန္ေန႕ မြန္းလြဲပိုင္းတြင္ Oriental Highway Company မွ B.O.T စနစ္ျဖင့္ ေဆာင္႐ြက္ေနသည့္ ရန္ကုန္ – ပုသိမ္လမ္း အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့သည္ဟု သိရသည္။

ထိုသို႔စစ္ေဆးစဥ္ လမ္းျပဳျပင္ထိန္းသိမ္းမႈႏွင့္ မိုင္တိုင္ (၅/၄) မွ (၁၇/၄) ထိ (၁၂) မိုင္ ကြန္ကရစ္လမ္း အဆင့္ျမႇင့္တင္ျခင္း ေဆာင္႐ြက္ၿပီးစီးမႈ၊ တိုးဂိတ္ေကာက္ခံေနမႈ အေျခအေနမ်ားကို တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပရာ ဒုတိယဝန္ႀကီးက ေန႕စဥ္ ယာဥ္သြားလာမႈ (AADT-Average Annual Daily Traffic) အရ ကုန္စည္စီးဆင္းမႈ၊ ခရီးသြားယာဥ္မ်ား သြားလာမႈႏွင့္ တိုးလ္ဂိတ္ ေကာက္ခံရရွိမႈ အေျခအေနတို႔ကို စနစ္တက် ေဆာင္႐ြက္ရန္၊ လမ္းမ်ားသက္တမ္းျပည့္မီစြာ အသုံးျပဳနိုင္ေရးအတြက္ သက္မွတ္ထားသည့္ လမ္းခံနိုင္ဝန္ထက္ ပိုမိုတင္ေဆာင္သြားလာသည့္ တန္ပိုယာဥ္မ်ားကို သက္မွတ္ႏႈန္းျဖင့္ ဒဏ္ေၾကး ေပးေဆာင္ေစရန္ မွာၾကားသည္။

ဆက္လက္၍ ဒုတိယဝန္ႀကီးႏွင့္အဖြဲ႕သည္ ရန္ကုန္ – ပုသိမ္လမ္းမိုင္ (၄၂ / ၆ – ၄၃ / ၀) ေနရာရွိ လမ္းဦးစီးဌာန၊ ဗိုလ္ျမတ္ထြန္းဂိတ္ ( လမ္း၊ တံတားအသုံးျပဳခ ေကာက္ခံေရးစခန္း ) သို႔ ကြင္းဆင္း စစ္ေဆးၿပီး လိုအပ္သည္မ်ား မွာၾကားသည္။

ထို႔ေနာက္ ဒုတိယဝန္ႀကီးႏွင့္အဖြဲ႕အား ရန္ကုန္ – ပုသိမ္လမ္း မိုင္ (၈၆/၂) လမ္းစခန္း ရွင္းလင္းေဆာင္၌ မိုင္ (၇၄/၅ – ၉၆/၅) အတြင္း (၂၂) မိုင္ကို လာမည့္ဘ႑ာေရးႏွစ္တြင္ Premix ျဖင့္ ကတၱရာလမ္းေပါက္ဖာျခင္းႏွင့္ လမ္းအနိမ့္အျမင့္ညွိ၍ ကတၱရာလမ္းခင္းျခင္း ေဆာင္႐ြက္မည့္ အေျခအေနကို ၫႊန္ၾကားေရးမႉး ဦးရန္နိုင္ေဇာ္က ရွင္းလင္းတင္ျပရာ ဒုတိယဝန္ႀကီးက ၂၀၂၂ -၂၀၂၃ ခု၊ ဘ႑ာေရးႏွစ္အတြက္ မိုးရာသီကာလ မတိုင္မီ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းႏွင့္ မိုးရာသီကာလအတြင္း ျပင္ဆင္ထိန္းသိမ္းျခင္း ေဆာင္႐ြက္ရမည့္လုပ္ငန္းဟူ၍ ခြဲျခားေဆာင္႐ြက္ရန္ လိုေၾကာင္း၊ လုပ္ငန္းေဆာင္႐ြက္မည့္ လမ္းအထူးအဖြဲ႕ (၃) ဖြဲ႕ႏွင့္ မအူပင္ခရိုင္၊ ပုသိမ္ခရိုင္မ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားသည့္ စီမံခ်က္မ်ားအတိုင္း ဟန္ခ်က္ညီစြာ စနစ္တက် ေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews