ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြိုနယ်၊ ဂုတ်ထိပ်ဘူတာအနီးရှိ မြေလွတ်ပေါ်တွင် လက်ဆောင်ပစ္စည်း အရောင်းဆိုင်နှင့် စားသောက်ဆိုင်များကို တွဲဖက်ဖွင့်လှစ်ရန် လိုအပ်သည့်စီစဉ်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါ ဘူတာအနီးမှ မြန်မာ့မီးရထားပိုင်မြေ ၁၅၀၀ စတုရန်းပေရှိ မြေလွတ်ပေါ်တွင် ဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်များကို တွဲဖက်ဖွင့်ရန် လျာထားခြင်းဖြစ်ကာ လက်ရှိတွင် တင်ဒါ အဆိုပြုလွှာများကို နိုင်ငံသားလုပ်ငန်းရှင်များထံ စတင်ရောင်းချပေးလျက်ရှိသည်ဟုဆိုသည်။

အဆိုပါတင်ဒါရောင်းချမှုကို ဇွန်လ ၁၀ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၁၄ ရက်တွင် တင်ဒါဖွင့်လှစ်၍ နေရာငှားရမ်းဖွင့်လှစ်ခွင့်ပြုရန်စီစဉ်ထားကာ ထိုလုပ်ငန်းများကို ၅ နှစ်သက်တမ်းသတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုသွားရန်စီစဉ်ထားကြောင်း သိရသည်။

ယခုအခါ မြန်မာ့မီးရထားအနေဖြင့် မန္တလေး- ပြင်ဦးလွင် ခရီးစဉ်ကိုစနေနေ့၌ ပြေးဆွဲပြီး ပြင်ဦးလွင်တွင် ညအိပ်ကာ တနင်္ဂနွေနေ့နံနက်တွင် ပြင်ဦးလွင်- ဂုတ်ထိပ်ခရီးစဉ်ကို အမှတ် ၁၃၁ အဆန် ၁၃၂ အစုန်ရထားဖြင့် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် သတ်မှတ်ပြေးဆွဲပေးလျှက်ရှိကြောင်းလည်း သိရသည်။
#mhtnews

(Zawgyi)
“ရှမ်းပြည်မြောက်ပိုင်းရှိ ဂုတ်ထိပ်ဘူတာအနီး၌ ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်းဆိုင်နှင့် စာသောက်ဆိုင်များတွဲဖက်ဖွင့်ရန်စီစဉ်နေဟုဆို”

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိမြို့နယ်၊ ဂုတ်ထိပ်ဘူတာအနီးရှိ မြေလွတ်ပေါ်တွင် လက်ဆောင်ပစ္စည်း အရောင်းဆိုင်နှင့် စားသောက်ဆိုင်များကို တွဲဖက်ဖွင့်လှစ်ရန် လိုအပ်သည့်စီစဉ်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။



ယခုအခါ မြန်မာ့မီးရထားအနေဖြင့် မန္တလေး- ပြင်ဦးလွင် ခရီးစဉ်ကိုစနေနေ့၌ ပြေးဆွဲပြီး ပြင်ဦးလွင်တွင် ညအိပ်ကာ တနင်္ဂနွနေ့နံနက်တွင် ပြင်ဦးလွင်- ဂုတ်ထိပ်ခရီးစဉ်ကို အမှတ် ၁၃၁ အဆန် ၁၃၂ အစုန်ရထားဖြင့် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် သတ်မှတ်ပြေးဆွဲပေးလျှက်ရှိကြောင်းလည်း သိရသည်။
#mhtnews