ရွှေကုန်သည်တွေအနေနဲ့ ရွှေအသင်းရုံးမှာ အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ ရည်ညွှန်းဈေးအတိုင်းသာ အရောင်းအဝယ်လုပ်ကြဖို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက သတိပေးလိုက်ပါတယ်။

ယနေ့ (မေ ၁၆ ရက်)နေ့အတွက် ရည်ညွှန်းရွှေဈေးနှုန်းကတော့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား ၂,၀၃၅,၀၀၀၀ ကျပ်ဖြစ်ပြီး အသင်းရုံးကထုတ်ပြန်ပေးတဲ့ ရည်ညွှန်းရွှေဈေးဟာ ဗဟိုဘဏ်က ထုတ်ပြန်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းလိုပဲ ဈေးကွက်ကို ထင်ဟပ်မှုနည်းတယ်လို ကုန်သည်တွေက ဆိုပြီး အသင်းက မီးလင်းရွှေ တစ်ကျပ်သား သိန်း ၂၀ အောက် ထုတ်ပြန်ပေးရင် ကုန်သည်တွေက ရွှေကို လက်ထဲကိုင်ပြီး ဈေးတက်တဲ့အချိန်စောင့်နေတာမို အဲဒီဈေးနဲ့ ဈေးကွက်ထဲမှာ ဝယ်လိုမရဘူးလို ဆိုပါတယ်။

အသင်းရုံးမှာ ရည်ညွှန်းဈေးနဲ့ အရောင်းအဝယ်လုပ်ရမယ်ဆိုတဲ့အတွက် အသင်းရုံးမှာမဟုတ်ရင်တော့ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်လုပ်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်လိုလည်း ပြောဆိုမှုတွေရှိနေတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ရွှေအသင်းရုံးမှာ ရည်ညွှန်းဈေးအတိုင်းသာ အရောင်းအဝယ်လုပ်ဖို့ ကုန်သည်တွေကို သတိပေး”

ရွှေကုန်သည်တွေအနေနဲ့ ရွှေအသင်းရုံးမှာ အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ ရည်ညွှန်းဈေးအတိုင်းသာ အရောင်းအဝယ်လုပ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက သတိပေးလိုက်ပါတယ်။

ယနေ့ (မေ ၁၆ ရက်)နေ့အတွက် ရည်ညွှန်းရွှေဈေးနှုန်းကတော့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား ၂,၀၃၅,၀၀၀၀ ကျပ်ဖြစ်ပြီး အသင်းရုံးကထုတ်ပြန်ပေးတဲ့ ရည်ညွှန်းရွှေဈေးဟာ ဗဟိုဘဏ်က ထုတ်ပြန်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းလိုပဲ ဈေးကွက်ကို ထင်ဟပ်မှုနည်းတယ်လို့ ကုန်သည်တွေက ဆိုပြီး အသင်းက မီးလင်းရွှေ တစ်ကျပ်သား သိန်း ၂၀ အောက် ထုတ်ပြန်ပေးရင် ကုန်သည်တွေက ရွှေကို လက်ထဲကိုင်ပြီး ဈေးတက်တဲ့အချိန်စောင့်နေတာမို့ အဲဒီဈေးနဲ့ ဈေးကွက်ထဲမှာ ဝယ်လို့မရဘူးလို့ ဆိုပါတယ်။

အသင်းရုံးမှာ ရည်ညွှန်းဈေးနဲ့ အရောင်းအဝယ်လုပ်ရမယ်ဆိုတဲ့အတွက် အသင်းရုံးမှာမဟုတ်ရင်တော့ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်လုပ်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်လို့လည်း ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။
#mhtnews