စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြိုနယ် ၊ ရွှေဘို – မြစ်ကြီးနားကားလမ်း အင်းတော်နယ်ထဲမှာ ယမန်နေ့ညပိုင်းက “သစ္စာလှိင်” ခရီးသည်တင်ကား ဓားပြအတိုက်ခံရပြီး ခရီးသည်တွေရဲ့ ရွှေငွေ လက်ဝတ် လက်စားတွေအပြင် ၊ ပိုက်ဆံအိတ်တွေနဲ့ လက်ကိုင်ဖုန်းတွေပါ လုယူခံရတယ်လို ဒေသတွင်းသတင်းမီဒီယာတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။

” မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ၊ အင်းတော်မြိုနယ် ၊ နတ်မဟုတ်ကြီးရွာနားမှာ မန္တလေး – မြစ်ကြီးနား ခရီးသည်တင်ကား ဓားပြအတိုက်ခံရတယ် ၊ သစ္စာလှိင်း ခရီးသည်တင် ယာဥ်လိုင်းက ဖြစ်တယ် ” လို ကားသမားတစ်ယောက်က ပြောဆိုထားပါတယ်လိုဆိုပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ ကားပေါ်ပါ ခရီးသည်တွေရဲ့ ဖုန်း ၊ ပိုက်ဆံအိတ် အပြင် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေပါသွားထယ်လို ကားသမားတွေက ပြောဆိုထားတာလည်းရှိပါတယ်။

” ခရီးသည်တွေဆီက ပါသွားတဲ့ ပစ္စည်းစာရင်း အတိအကျတော့ မရသေးဘူး ၊ ခန့်မှန်း သိန်း ၂ ရာလောက်ရှိမယ် ” လို ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်း သတင်းကဖော်ပြထားတာပါ။

ဒါ့အပြင် အဲ့ဒီ ဓားပြအတိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းတော်မြိုနယ် လုံခြုံရေးအဖွဲ ၊ တာဝန်ရှိသူ တစ်ဦးက ” လုယက်ခံရတာ နဲ့ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်တွေရှိတယ် ၊ တရားဝင် အမှုဖွင့်တိုင်ကြားတာတော့ မရှိဘူး ၊ အကြောင်းကြားတာတော့ ရှိတယ် ၊ ကားသမားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ၊ အချက်အလက် ပြည်စုံအောင် ပြောလိုမဖြစ်ဘူး ” လို ပြောပါတယ်။

မြစ်ကြီးနား – ရွှေဘိုကားလမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် နောက်ပိုင်းကစလို အခုလ ၁၄ ရက်အထိ ကုန်တင်ကား ၊ အိမ်စီးကားနဲ့ ခရီးသည်တင်ကား ဓားပြအတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၉ ကြိမ်ထက် မနည်းရှိခဲ့တာကြောင့် ခရီးသွားကားတွေ ညအချိန်မှာ အင်းတော်နယ်ကို မဖြတ်ကြဖို ကားသမားတွေ အချင်းချင်း သတိပေးနေရတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)

“ရွှေဘို – မြစ်ကြီးနား ကားလမ်း အင်းတော်နယ်ထဲမှာ သစ္စာလှိင် ခရီးသည်တင်ကား ဓားပြအတိုက်ခံရဟုဆို”

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ၊ ရွှေဘို – မြစ်ကြီးနားကားလမ်း အင်းတော်နယ်ထဲမှာ ယမန်နေ့ညပိုင်းက “သစ္စာလှိင်” ခရီးသည်တင်ကား ဓားပြအတိုက်ခံရပြီး ခရီးသည်တွေရဲ့ ရွှေငွေ လက်ဝတ် လက်စားတွေအပြင် ၊ ပိုက်ဆံအိတ်တွေနဲ့ လက်ကိုင်ဖုန်းတွေပါ လုယူခံရတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။

” မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးရွာနားမှာ မန္တလေး – မြစ်ကြီးနား ခရီးသည်တင်ကား ဓားပြအတိုက်ခံရတယ် ၊ သစ္စာလှိင်း ခရီးသည်တင် ယာဉ်လိုင်းက ဖြစ်တယ် ” လို့ ကားသမားတစ်ယောက်က ပြောဆိုထားပါတယ်လို့ဆိုပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ်မှာ ကားပေါ်ပါ ခရီးသည်တွေရဲ့ ဖုန်း ၊ ပိုက်ဆံအိတ် အပြင် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေပါသွားထယ်လို့ ကားသမားတွေက ပြောဆိုထားတာလည်းရှိပါတယ်။

” ခရီးသည်တွေဆီက ပါသွားတဲ့ ပစ္စည်းစာရင်း အတိအကျတော့ မရသေးဘူး ၊ ခန့်မှန်း သိန်း ၂ ရာလောက်ရှိမယ် ” လို့ ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်း သတင်းကဖော်ပြထားတာပါ။

ဒါ့အပြင် အဲ့ဒီ ဓားပြအတိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူ တစ်ဦးက ” လုယက်ခံရတာ နဲ့ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေရှိတယ် ၊ တရားဝင် အမှုဖွင့်တိုင်ကြားတာတော့ မရှိဘူး ၊ အကြောင်းကြားတာတော့ ရှိတယ် ၊ ကားသမားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ၊ အချက်အလက် ပြည်စုံအောင် ပြောလို့မဖြစ်ဘူး ” လို့ ပြောပါတယ်။

မြစ်ကြီးနား – ရွှေဘိုကားလမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် နောက်ပိုင်းကစလို့ အခုလ ၁၄ ရက်အထိ ကုန်တင်ကား ၊ အိမ်စီးကားနဲ့ ခရီးသည်တင်ကား ဓားပြအတိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၉ ကြိမ်ထက် မနည်းရှိခဲ့တာကြောင့် ခရီးသွားကားတွေ ညအချိန်မှာ အင်းတော်နယ်ကို မဖြတ်ကြဖို့ ကားသမားတွေ အချင်းချင်း သတိပေးနေရတယ်လို့ သိရပါတယ်။
#mhtnews