ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲက ကြီးမှူး၍ ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယင်းဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ် အောက်ပစ္စယာရာဟုထောင့်ရှိ မဟာဗုဒ္ဓဝင်ပြခန်း ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

သင်တန်းသို သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး သင်တန်း ကာလမှာ မေ ၂၇ ရက်အထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်သည်။

အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံစံများကို သိရှိလိုက်နာစေရန်၊ ကိုယ်ကျင့်သီလပိုမို စောင့်ထိန်းလာနိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) ဖွင့်လှစ်”

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယင်းဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်အောက်ပစ္စယာရာဟုထောင့်ရှိ မဟာဗုဒ္ဓဝင်ပြခန်း ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး သင်တန်း ကာလမှာ မေ ၂၇ ရက်အထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်သည်။

အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံစံများကို သိရှိလိုက်နာစေရန်၊ ကိုယ်ကျင့်သီလပိုမို စောင့်ထိန်းလာနိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရ