ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန် စွမ်းအင်ဝန်ကြီးဌာန (MOE)က စိတ်ဝင်စားမှု အဆိုပြုလွှာ-EOI တင်သွင်းကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

နှုတ်ထွက်သွားသည့် မလေးရှားကုမ္ပဏီ PETRONAS နှင့် ထိုင်းအစိုးရပိုင် PTTEP ၊ ဂျပန်ထိပ်သီးရေနံကုမ္ပဏီ ENEOS တို၏ နေရာတွင် အစားထိုးရန်ရည်ရွယ်ထားပြီး မုတ္တကမ်းလွန်ရှိ M-12 ၊ M-13 ၊ M-14 လုပ်ကွက်များတွင် အော်ပရေတာ/ရှယ်ယာရှင်အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်ဟုဆိုသည်။

လျှောက်ထားရန် စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများအနေဖြင့် ‘ရဲတံခွန်စီမံကိန်းတင်ဒါ-၂၀၂၂’ကို မေလ ၂၀ ရက်နေ့ထက် နောက်မကျဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)ထံ လူကိုယ်တိုင် ပေးပိုကြရန် ကြေညာထားသည်။

တူးဖော်ခြင်းကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်အရ – PSC အခြေခံနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး MOE နဲ့ ပူးပေါင်းလိုသည့် အဖွဲအစည်းများအနေဖြင့် နည်းပညာဆိုင်ရာအရည်အချင်း၊ ဘဏ္ဍာရေးစွမ်းရည်၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ တူးဖော်ရမည့် လုပ်ဆောင်ချက်များကို သိရှိပြီး မှတ်တမ်းကောင်း ပိုင်ဆိုင်ထားရမည်ဟု သတ်မှတ်ထားသည်။

EOI အဆိုပြုလွှာများကို အရည်အချင်းပြည့်မှီသည့် ကုမ္ပဏီများအနေဖြင့် မေလ ၂၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဟု MOE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။
#mhtnews

(Zawgyi)
“ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ နှုတ်ထွက်သွားသည့် ကုမ္ပဏီများ၏နေရာတွင်အစားထိုးရန် စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်ထား”


နှုတ်ထွက်သွားသည့် မလေးရှားကုမ္ပဏီ PETRONAS နှင့် ထိုင်းအစိုးရပိုင် PTTEP ၊ ဂျပန်ထိပ်သီးရေနံကုမ္ပဏီ ENEOS တို့၏ နေရာတွင် အစားထိုးရန်ရည်ရွယ်ထားပြီး မုတ္တကမ်းလွန်ရှိ M-12 ၊ M-13 ၊ M-14 လုပ်ကွက်များတွင် အော်ပရေတာ/ရှယ်ယာရှင်အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်ဟုဆိုသည်။

လျှောက်ထားရန် စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများအနေဖြင့် ရဲတံခွန်စီမံကိန်းတင်ဒါ-၂၀၂၂ကို မေလ ၂၀ ရက်နေ့ထက် နောက်မကျဘဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)ထံ လူကိုယ်တိုင် ပေးပို့ကြရန် ကြေညာထားသည်။

တူးဖော်ခြင်းကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်အရ – PSC အခြေခံနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး MOE နဲ့ ပူးပေါင်းလိုသည့် အဖွဲ့အစည်းများအနေဖြင့် နည်းပညာဆိုင်ရာအရည်အချင်း၊ ဘဏ္ဍာရေးစွမ်းရည်၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ တူးဖော်ရမည့် လုပ်ဆောင်ချက်များကို သိရှိပြီး မှတ်တမ်းကောင်း ပိုင်ဆိုင်ထားရမည်ဟု သတ်မှတ်ထားသည်။

#mhtnews