မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ အသစ် ၂၃ ဦးခန့်အပ်ပြီး အဆိုပါ ဆရာဆရာမများအား အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲပိုင်းက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်သည့် အဆိုပါ နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ အသစ်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ထိုသို့ အမှာစကားပြောကြားရာ၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန ရေနံချောင်းတက္ကသိုလ်မှာ ဘာသာရပ်အသီးသီးအတွက် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြများအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမယ့် သစ်လွင်ဆရာ ဆရာမ ၂၃ ဦးကို နွေးထွေးစွာလက်ခံကြိုဆိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့ ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ပေးကြသူများ ဖြစ်ကြောင်း၊ အထူးသဖြင့် ဆရာ ဆရာမများဟာ ပညာရေးကဏ္ဍမှာ လွန်စွာအရေးပါသူများဖြစ်ကြောင်း၊ ဆရာဆိုတာ မိမိကိုယ်တိုင်က ပညာကိုစဉ်ဆက်မပြတ် သင်ယူလိုသောဆန္ဒရှိပြီး ထိထိရောက်ရောက်သင်ကြား ပြသပေးနိုင်သော စွမ်းဆောင်ရည်ရှိသူမျိုးဖြစ်ဖိုလိုကြောင်း၊ ၂၁ ရာစုရဲ့ ခေတ်မီနည်း ပညာကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုတွေနဲ့ပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို လိုအပ်ပြီး အရည်အသွေး မြင့်မားတဲ့ပညာရပ်နဲ့ အသုံးချသုတေသနလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကာ ပညာရေးကို အခြေခံပြီး ဒေသနဲ့နိုင်ငံ အကျိုးပြု လူမှုစီးပွားဖွံဖြိုး တိုးတက်လာရေးကို အထောက်အကူပြုနိုင်တဲ့ ပညာရပ်ဝန်း တစ်ခု အကောင်အထည် ဖော်နိုင်ဖို့ကိုလည်း ကြိုးစားကြစေလိုကြောင်း ပြောကြားသည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ေရနံေခ်ာင္းတကၠသိုလ္၌ နည္းျပ၊ သ႐ုပ္ျပ ဆရာ ဆရာမ အသစ္ ၂၃ ဦးခန့္အပ္”

မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းတကၠသိုလ္၌ နည္းျပ၊ သ႐ုပ္ျပ ဆရာ ဆရာမ အသစ္ ၂၃ ဦးခန့္အပ္ၿပီး အဆိုပါ ဆရာဆရာမမ်ားအား အခမ္းအနားျဖင့္ ႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။

ယမန္ေန႕မြန္းလြဲပိုင္းက ေရနံေခ်ာင္းတကၠသိုလ္ ပတၱျမားခန္းမ၌ က်င္းပျပဳလုပ္သည့္ အဆိုပါ နည္းျပ၊ သ႐ုပ္ျပ ဆရာ ဆရာမ အသစ္မ်ားအား ႀကိဳဆိုပြဲ အခမ္းအနားသို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ ဝန္ႀကီးခ်ဳပ္ဦးတင့္လြင္ တက္ေရာက္၍ အမွာစကား ေျပာၾကားခဲ့သည္။

ထိုသို႔ အမွာစကားေျပာၾကားရာ၌ မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာ ဦးစီးဌာန ေရနံေခ်ာင္းတကၠသိုလ္မွာ ဘာသာရပ္အသီးသီးအတြက္ အသစ္ခန႔္အပ္သည့္ နည္းျပ၊ သ႐ုပ္ျပမ်ားအျဖစ္ နိုင္ငံ့တာဝန္ထမ္းေဆာင္ၾကမယ့္ သစ္လြင္ဆရာ ဆရာမ ၂၃ ဦးကို ႏြေးေထြးစြာလက္ခံႀကိဳဆိုပါေၾကာင္း၊ နိုင္ငံ့ဝန္ထမ္းဆိုတာ နိုင္ငံေတာ္ရဲ႕ ယႏၱရားတစ္ခုလုံးကို ေကာင္းမြန္စြာသက္ဝင္လႈပ္ရွားေစရန္ ေဆာင္႐ြက္ေပးၾကသူမ်ား ျဖစ္ေၾကာင္း၊ အထူးသျဖင့္ ဆရာ ဆရာမမ်ားဟာ ပညာေရးက႑မွာ လြန္စြာအေရးပါသူမ်ားျဖစ္ေၾကာင္း၊ ဆရာဆိုတာ မိမိကိုယ္တိုင္က ပညာကိုစဥ္ဆက္မျပတ္ သင္ယူလိုေသာဆႏၵရွိၿပီး ထိထိေရာက္ေရာက္သင္ၾကား ျပသေပးနိုင္ေသာ စြမ္းေဆာင္ရည္ရွိသူမ်ိဳးျဖစ္ဖိုလိုေၾကာင္း၊ ၂၁ ရာစုရဲ႕ ေခတ္မီနည္း ပညာကြၽမ္းက်င္မႈ၊ ကိုယ္က်င့္တရားေကာင္းမြန္မႈေတြနဲ႕ျပည့္ဝတဲ့ လူ႕စြမ္းအားအရင္းအျမစ္ေတြ ေမြးထုတ္ေပးနိုင္ဖို လိုအပ္ၿပီး အရည္အေသြး ျမင့္မားတဲ့ပညာရပ္နဲ႕ အသုံးခ်သဳေတသနလုပ္ငန္းမ်ားကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ကာ ပညာေရးကို အေျခခံၿပီး ေဒသနဲ႕နိုင္ငံ အက်ိဳးျပဳ လူမႈစီးပြားဖြံၿဖိဳး တိုးတက္လာေရးကို အေထာက္အကူျပဳနိုင္တဲ့ ပညာရပ္ဝန္း တစ္ခု အေကာင္အထည္ ေဖာ္နိုင္ဖို႔ကိုလည္း ႀကိဳးစားၾကေစလိုေၾကာင္း ေျပာၾကားသည္ဟု သိရသည္။

#mhtnews