ဂျပန်နိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံတင်သွင်းခြင်းကို ချက်ချင်း လုံးဝဖြတ်တောက်ရန် ခက်ခဲမည်ဖြစ်ကြောင်း ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ခိုချီ ဟာဂီယူဒါက ပြောကြားခဲ့သည်ဟု ယနေ့ (မေ ၅ ရက်) တွင် ဖော်ပြလာသော နိုင်ငံတကာသတင်းများအရ သိရသည်။

ဟာဂီယူဒါသည် ဝါရှင်တန်သို့ ရောက်ရှိနေချိန်တွင် ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့က အဆိုပြုခဲ့သော ရုရှားအပေါ် အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂျပန်ဟာ အရင်းအမြစ် အကန့်အသတ်ရှိတာကြောင့် ချက်ချင်း လုပ်ဆောင်ဖို့ဆိုရင် အခက်အခဲရှိပါတယ်” ဟု ဟာဂီယူဒါက ဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားအပေါ် အရေးယူမှုများ ထပ်မံချမှတ်ရန် ဂျီ ၇ နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးသွားရန်ရှိပြီး ရုရှားရေနံပိတ်ဆို့မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံအပေါ် ဖိအားဖြစ်လာနိုင်သည်ဟု သတင်းများက သုံးသပ်ထားသည်။

 အမေရိကန်စီးပွားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ပ်ပြားများ ထုတ်လုပ်မှု မြှင့်တင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပြတ်လပ်မှုများအပေါ် အရေးပေါ် တုံ့ပြန်ခြင်းနှင့် သုတေသနနှင့် တိုးတက်မှုတို့ကို ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူဝါဒများကို သဘောတူညီခဲ့ကြပြီး ဂျပန်အနေဖြင့် ရုရှားစွမ်းအင်အပေါ် မှီခိုမှုနည်းပါးစေရန် အရည်ပုံစံသဘာဝဓာတ်ငွေ့ LNG များ ထောက်ပံ့ပေးရေးကိုလည်း အမေရိကန်စွမ်းအင်ဝန်ကြီးထံ တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်မှ မတ်လအထိ ဂျပန်က ရုရှားထံမှ တင်သွင်းခဲ့သော ရေနံမှာ သုံးစွဲမှုစုစုပေါင်း၏ ၄ ရာခိုင်နှုန်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ ၉ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှာ ၁၁ ရာခိုင်နှုန်းဖြစ်ကာ ဂျပန်ကုမ္ပဏီများအနေဖြင့် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ခြင်းအတွက် LNG လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်အစိုးရက အများပြည်သူဆိုင်ရာငွေကြေးထောက်ပံ့မှု ပေးဆောင်သွားမည်ဟုခည်း သိရသည်။

#mhtnews

(Zawgyi)

“႐ုရွားမွ ေရနံတင္သြင္းျခင္းကို လုံးလုံးလ်ားလ်ား ပိတ္ပင္မႈမ်ိဳး ခ်က္ခ်င္းလိုက္လုပ္ဖို႔ ခက္ခဲမည္ဟု ဂ်ပန္ဝန္ႀကီးတစ္ဦး ေျပာဆို”

ဂ်ပန္နိုင္ငံအေနျဖင့္ ႐ုရွားထံမွ ေရနံတင္သြင္းျခင္းကို ခ်က္ခ်င္း လုံးဝျဖတ္ေတာက္ရန္ ခက္ခဲမည္ျဖစ္ေၾကာင္း ဂ်ပန္ စီးပြားေရး၊ ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီး ခိုခ်ီ ဟာဂီယူဒါက ေျပာၾကားခဲ့သည္ဟု ယေန႕ (ေမ ၅ ရက္) တြင္ ေဖာ္ျပလာေသာ နိုင္ငံတကာသတင္းမ်ားအရ သိရသည္။

ဟာဂီယူဒါသည္ ဝါရွင္တန္သို႔ ေရာက္ရွိေနခ်ိန္တြင္ ဥေရာပသမဂၢက ဗုဒၶဟူးေန႕က အဆိုျပဳခဲ့ေသာ ႐ုရွားအေပၚ အျပင္းထန္ဆုံး အေရးယူပိတ္ဆို႔မႈမ်ားႏွင့္ ပတ္သက္ၿပီး မွတ္ခ်က္ျပဳရာတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဂ်ပန္ဟာ အရင္းအျမစ္ အကန႔္အသတ္ရွိတာေၾကာင့္ ခ်က္ခ်င္း လုပ္ေဆာင္ဖို႔ဆိုရင္ အခက္အခဲရွိပါတယ္ ဟု ဟာဂီယူဒါက ဆိုသည္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ ႐ုရွားအေပၚ အေရးယူမႈမ်ား ထပ္မံခ်မွတ္ရန္ ဂ်ီ ၇ နိုင္ငံေခါင္းေဆာင္မ်ားႏွင့္ ေဆြးႏြေးသြားရန္ရွိၿပီး ႐ုရွားေရနံပိတ္ဆို႔မႈႏွင့္ပတ္သက္ၿပီး ဂ်ပန္နိုင္ငံအေပၚ ဖိအားျဖစ္လာနိုင္သည္ဟု သတင္းမ်ားက သုံးသပ္ထားသည္။

 အေမရိကန္စီးပြားေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံရာတြင္ ႏွစ္နိုင္ငံၾကား တစ္ပိုင္းလွ်ပ္ကူးပစၥည္း ပူးေပါင္းေဆာင္႐ြက္ျခင္း၊ ခ်စ္ပ္ျပားမ်ား ထုတ္လုပ္မႈ ျမႇင့္တင္ျခင္း၊ ပြင့္လင္းျမင္သာမႈရွိျခင္းႏွင့္ ျပတ္လပ္မႈမ်ားအေပၚ အေရးေပၚ တုံ႕ျပန္ျခင္းႏွင့္ သုေတသနႏွင့္ တိုးတက္မႈတို႔ကို ပူးေပါင္းေဆာင္႐ြက္ေရး အေျခခံမူဝါဒမ်ားကို သေဘာတူညီခဲ့ၾကၿပီး ဂ်ပန္အေနျဖင့္ ႐ုရွားစြမ္းအင္အေပၚ မွီခိုမႈနည္းပါးေစရန္ အရည္ပုံစံသဘာဝဓာတ္ေငြ႕ LNG မ်ား ေထာက္ပံ့ေပးေရးကိုလည္း အေမရိကန္စြမ္းအင္ဝန္ႀကီးထံ ေတာင္းဆိုထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္မွ မတ္လအထိ ဂ်ပန္က ႐ုရွားထံမွ တင္သြင္းခဲ့ေသာ ေရနံမွာ သုံးစြဲမႈစုစုေပါင္း၏ ၄ ရာခိုင္ႏႈန္းျဖစ္ၿပီး သဘာဝဓာတ္ေငြ႕မွ ၉ ရာခိုင္ႏႈန္းႏွင့္ ေက်ာက္မီးေသြးမွာ ၁၁ ရာခိုင္ႏႈန္းျဖစ္ကာ ဂ်ပန္ကုမၸဏီမ်ားအေနျဖင့္ အေမရိကန္တြင္ ရင္းႏွီးျမႇုပ္ႏွံမႈတည္ေဆာက္ျခင္းအတြက္ LNG လုပ္ငန္းမ်ား ေဆာင္႐ြက္နိုင္ရန္ ဂ်ပန္အစိုးရက အမ်ားျပည္သူဆိုင္ရာေငြေၾကးေထာက္ပံ့မႈ ေပးေဆာင္သြားမည္ဟုခည္း သိရသည္။

#mhtnews