ရုရှားနိုင်ငံမှ ထရပ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Kamaz က မြန်မာနိုင်ငံတွင် စက်ရုံဖွင့်လှစ်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က လာ ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရုရှားထရပ်ကားကုမ္ပဏီကြီး Kamaz မှ မြန်မာနိုင်ငံတွင် ထရပ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လာရောက်ခဲ့ပြီး သဘောတူစာချုပ် တစ်ရပ်ကို ဇွန်လနောက်ဆုံးထား၍ အပြီးသတ်ချုပ်ဆိုရန် စီစဉ်နေကြောင်းလည်း သိရသည်။

အဆိုပါ Kamaz ကုမ္ပဏီမှ အကြီးအကဲများမှာ ရုရှားဖက်ဒရယ်ပြည်ထောင်စုဝင် တာတာစ္စတန်သမ္မတနိုင်ငံသမ္မတ Rustam Minnikhanov ဦးဆောင်ကာ မကြာမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

Kamaz ကုမ္ပဏီသည် Pantsir-S1 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ တပ်ဆင်အသုံးပြုလေ့ရှိသည့် ထရပ်ကားများကို ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့တပ်မတော်က ယင်းထရပ်ကားများကို မှာယူခဲ့ကြောင်း သိရသည်။

Kamaz ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင်မှာ ရုရှား၏ နိုင်ငံပိုင်စစ်လက်နက်လုပ်ငန်းစုကြီး Rostec ဖြစ်ပြီး Daimler Trucks ကိုယ်စား ဂျာမဏီနိုင်ငံ၏ Mercedes-Benz ကုမ္ပဏီက ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ Daimler Trucks ကုမ္ပဏီသည် Kamaz နှင့် ဖက်စပ်လုပ်ငန်းတစ်ရပ်ရှိပြီး ရုရှား- ယူကရိန်းအရေး စတင်ပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ထားခဲ့ကြောင်းသိရသည်။

#mhtnews

(Zawgyi)

“႐ုရွားနိုင္ငံမွ ထရပ္ကားကုမၸဏီ Kamaz  ျမန္မာနိုင္ငံတြင္ လာေရာက္စက္႐ုံဖြင့္လွစ္ရန္ ေဆြးႏြေးခဲ့ဟုသိရ”

႐ုရွားနိုင္ငံမွ ထရပ္ကားကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Kamaz က ျမန္မာနိုင္ငံတြင္ စက္႐ုံဖြင့္လွစ္ရန္ ၿပီးခဲ့သည့္ ရက္သတၱပတ္က လာ ေရာက္ေဆြးႏြေးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

႐ုရွားထရပ္ကားကုမၸဏီႀကီး Kamaz မွ ျမန္မာနိုင္ငံတြင္ ထရပ္ကားမ်ား ထုတ္လုပ္နိုင္ေရးအတြက္ ေဆြးႏြေးမႈမ်ား ျပဳလုပ္ရန္ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း လာေရာက္ခဲ့ၿပီး သေဘာတူစာခ်ဳပ္ တစ္ရပ္ကို ဇြန္လေနာက္ဆုံးထား၍ အၿပီးသတ္ခ်ဳပ္ဆိုရန္ စီစဥ္ေနေၾကာင္းလည္း သိရသည္။

အဆိုပါ Kamaz ကုမၸဏီမွ အႀကီးအကဲမ်ားမွာ ႐ုရွားဖက္ဒရယ္ျပည္ေထာင္စုဝင္ တာတာစၥတန္သမၼတနိုင္ငံသမၼတ Rustam Minnikhanov ဦးေဆာင္ကာ မၾကာမီက ျမန္မာနိုင္ငံသို႔ လာေရာက္ခဲ့သည့္ ကိုယ္စားလွယ္အဖြဲ႕တြင္ ပါဝင္လာခဲ့ျခင္းျဖစ္သည္။

Kamaz ကုမၸဏီသည္ Pantsir-S1 ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္စနစ္မ်ား တပ္ဆင္အသုံးျပဳေလ့ရွိသည့္ ထရပ္ကားမ်ားကို ထုတ္လုပ္ၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလတြင္ ျမန္မာ့တပ္မေတာ္က ယင္းထရပ္ကားမ်ားကို မွာယူခဲ့ေၾကာင္း သိရသည္။

Kamaz ကုမၸဏီ၏ အႀကီးဆုံးရွယ္ယာရွင္မွာ ႐ုရွား၏ နိုင္ငံပိုင္စစ္လက္နက္လုပ္ငန္းစုႀကီး Rostec ျဖစ္ၿပီး Daimler Trucks ကိုယ္စား ဂ်ာမဏီနိုင္ငံ၏ Mercedes-Benz ကုမၸဏီက ရွယ္ယာ ၁၅ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားကာ Daimler Trucks ကုမၸဏီသည္ Kamaz ႏွင့္ ဖက္စပ္လုပ္ငန္းတစ္ရပ္ရွိၿပီး ႐ုရွား- ယူကရိန္းအေရး စတင္ၿပီးေနာက္ပိုင္း ပူးေပါင္းေဆာင္႐ြက္မႈကို ရပ္တန႔္ထားခဲ့ေၾကာင္းသိရသည္။

#mhtnews